အမှန်တရားမှ အမှားသည် မိမိ၏အသက်ကို ရယူသည် - မာရ်နတ်သည် လှည့်ဖြားခြင်းတန်ခိုးနှင့်အလုပ်လုပ်ပြီး မှားယွင်းမှုများစွာတို့ဖြင့် အမှန်တရား ကိုဖုံးကွယ်ထားပါသည်။ မှားယွင်းမှုသည် တစ်ခုတည်းရပ်တည်၍မရပါ။ အကယ်၍ အမှန်တရား၏အပင်ပေါ်၌ ကပ်ပါးပင်များကဲ့သို့ ခိုင်ခံ့စွာတွယ်ကပ် ၍မနေပါက မကြာမီပျောက်ကွယ်သွားမည်ဖြစ်သည်။ အမှားသည် ဘုရားသခင် ၏အမှန်တရားထံမှ မိမိ၏အသက်ကိုရယူသည်။ လူတို့၏ရှေးရိုးဓလေ့ထုံးစံ များတို့သည် လှုပ်ရှားနေသောပိုးမွှားများကဲ့သို့ မိမိတို့၏ကိုယ်ကို ဘုရားသခင် ၏အမှန်တရား၌တွယ်ကပ်စေပြီး လူတို့သည် ထိုအရာများကို အမှန်တရား ကဲ့သို့အလေးထားကြပါသည်။ မှားသောအယူဝါဒများအားဖြင့် စာတန်မာရ်နတ် သည် ခြေကုပ်ယူကာ လူတို့၏စိတ်များကို ညှို့ယူဖမ်းစားပြီး၊ အခြေအမြစ် မရှိသောအယူအဆများကို လူတို့အားစွဲကိုင်ထားစေပါသည်။ လူတို့သည် ရဲရင့်စွာဖြင့် မိမိတို့မှချမှတ်ထားသောပညတ်တော်များကို မိမိတို့၏အယူဝါဒ အတွက်သင်ကြားကြပြီး၊ တစ်ခေတ်မှတစ်ခေတ်သို့ ဤရှေးဓလေ့ထုံးစံများ တို့ကိုသယ်ဆောင်လာခဲ့ရာ လူတို့၏စိတ်အပေါ် သူတို့၏တန်ခိုးသည် လွှမ်းမိုးခဲ့ပါသည်။ သို့သော် ခေတ်ကာလသည် အမှားကိုအမှန်ပြုလုပ်၍မရ ပါ။ ကပ်ပါးပင်အဖြစ် အမှန်တရား၏အပင်ကိုဖျက်ဆီး၍မရပါ။ အမှန်တရား ၏အပင်သည် မိမိ၏စစ်မှန်သောအသီးကိုသီးပြီး မှန်သော၎င်း၏မူလနှင့်ဗီဇ ကို ပြသလျက်ရှိပါသည်။ မှားသောကပ်ပါးပင်သည်လည်း မိမိ၏ကိုယ်တိုင် အသီးကိုသီးပြီး ကောင်းကင်မူရင်းအပင်မှခြားနားကာ မိမိ၏အကျင့်စာရိတ္တ ကိုဖော်ပြလျက်ရှိပါသည်။ EvBur 776.1
မှားသောအယူအဆများနှင့်ရှေးဓလေ့ထုံးစံများအားဖြင့် စာတန်မာရ်နတ် သည် လူတို့၏စိတ်အပေါ် သူ၏တန်ခိုးကိုစိုးမိုးစေပါသည်။ ကမ္ဘာကြီးပေါ်၌ ရှိနေသောသစ္စာမရှိခြင်းအားဖြင့် သူ၏တန်ခိုးကိုကျယ်ပြန့်စွာဖော်ပြနေသည် ကို ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ ခရစ်ယာန်များဟုခံယူနေကြသော အသင်း တော်များတို့ပင် ဘုရားသခင်၏တရားတော်ကိုစွဲကိုင်ထားခြင်းမပြုဘဲ မှားမသော အဆင့်အတန်းစံချိန်တစ်ခုကို ခံယူနေကြပါသည်။ ဤအရာများကို မာရ်နတ် ချုပ်ကိုင်ထားလျက်ရှိသည်။ မှားယွင်းသောစံချိန်များသို့ လူတို့ကိုပို့ဆောင်ခြင်း အားဖြင့် လူတို့၏အကျင့်စာရိတ္တကိုပြုပြင်ပြီး လူသားတို့ကို သူ့အားအကြီးမား ဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုစေပါသည်။ ဘုရားသခင်၏သန့်ရှင်းသော ပညတ်တော်ကိုဆန့်ကျင်၍ သူသည်လုပ်ဆောင်ပြီး ဘုရားသခင်၏တရားစီရင် ပိုင်ခွင့်ကိုငြင်းပယ်သည်။ သူ၏ပလ္လင်၌ ဆိုးသွမ်းမှုဟူသရွေ့ သူ၏စတင် လုပ်ဆောင်သောလုပ်ငန်း၌ပါဝင်ပြီး ၎င်းတို့၏ပံ့ပိုးမှုကိုရရှိနေကြောင်း တွေ့ရှိ ရပါသည်။ Review and Herald, Oct. 22, 1895. [Ev 589.2] EvBur 777.1
အမှန်နှင့်အမှား၏ကွဲပြားသောလမ်းများ - မာရ်နတ်၏တမန်များ အဆိုးကို ပြုလုပ်ရာ၌ပါးနပ်ပြီး ၎င်းကိုတချို့သောသူတို့သည် ပို၍ကောင်းသောအလင်း ဟုပြောဆိုကာ သစ်လွင်၍အံ့သြဖွယ်ကောင်းသောသတင်းစကားဟု ဟောပြော ကြသည့်တိုင် သူတို့ဖန်တီးကြပေလိမ့်မည်။ သို့သော် တချို့ အပိုင်းများ၌ မှန်ပုံပေါ်သော်လည်း ၎င်းသည် လူ၏တီထွင်မှုဖြင့်ရောနှောပြီး လူ၏ပညတ် တော်နှင့်ဆိုင်သည့် ယုံကြည်ခံယူသောအယူဝါဒအတွက် သွန်သင်ခြင်းသာ လျှင်ဖြစ်ပါလိမ့်မည်။ အကယ်၍ကျွန်ုပ်တို့သည် စစ်မှန်သောစောင့်မျှော်၍ ဆုတောင်းရန်သင့်သည့်အချိန်သည် မည်သည့်အချိန်ဖြစ်ပါသနည်းဟုမေးလာ ပါက ယခုအချိန်ဟုပြောရပါလိမ့်မည်။ ကောင်းသောအရာများဟုထင်ရသည့် အရာများစွာတို့အတွက် သတိပြုဆင်ခြင်ကာ များစွာဆုတောင်းရန်လိုရခြင်းမှာ ၎င်းတို့သည် ဝိညာဉ်များတို့ကိုခွဲခြားရန် အလွန်ခက်ခဲသည့်အမှန်တရားလမ်း နှင့်အလွန်တူနေသော မှားသည့်လမ်းသို့ပို့ဆောင်ရန် မာရ်နတ်၏အထူးတီထွင် မှုများဖြစ်သောကြောင့်ဖြစ်သည်။ သို့သော် ၎င်းကိုမှန်သောလမ်းမှခွဲခြားရန် အလွန်ခက်သည့်တိုင် ယုံကြည်ခြင်းမျက်စိသည် ခွဲခြားနိုင်ပါလိမ့်မည်။ အစ၌ မှန်သည်ဟု အမှန်တကယ်ထင်ပေလိမ့်မည်။ သို့သော် နောက်များမကြာမီ သန့်ရှင်းခြင်းနှင့်ကောင်းကင်သို့ပို့ဆောင်ပေးမည့်လမ်းနှင့်ကွာဟပ်နေကြောင်း ထင်ရှားလာပါလိမ့်မည်။ ညီအစ်ကိုတို့၊ မှန်သောလမ်းမှ အခြားလမ်းသွယ် များသို့မရောက်သွားစေရန် သင်၏ခြေအတွက် ဖြောင့်သောလမ်းကိုသာလျှောက် လှမ်းပါ။ Undated Manuscript 111. [Ev 590.1] EvBur 777.2
ယခုဟောပြောသောကျမ်းစာယုံ ကြည်ချက်များနှင့်ဆန့် ကျင် သောအယူဝါဒများ - ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်မညီဘဲ ကျွန်ုပ်တို့ကြားရသောနှုတ်ကပတ် တော်များအပေါ် မှီခို၍မရသောအချိန်ကာလရောက်ရှိလာပါလိမ့်မည်။ ကျမ်းစာ အယူဝါဒကဲ့သို့ အန္တရာယ်ရှိသည့်ဆန့်ကျင်သောအယူဝါဒများ ဟောပြောလာ ကြမည်ဖြစ်ပြီး၊ ၎င်းအားမည်ကဲ့သို့ရင်ဆိုင်ရမည်ကိုသိရှိနိုင်ရန် ကျွန်ုပ်တို့သည် ကျမ်းစာနှင့်အကျွမ်းတဝင်ရှိကြရမည်။ လူတိုင်း၏ယုံကြည်ခြင်းသည် စမ်းသပ် ခြင်းခံရလိမ့်မည်ဖြစ်ပြီး လူတိုင်းနီးကပ်စွာဝေဖန်ခြင်း၏စုံစမ်းခြင်းကို ကျော်လွှား နိုင်ပေလိမ့်မည်။ Review and Herald, May 3, 1887. [Ev 590.2] EvBur 778.1
မာရ်နတ်ကျမ်းစာကို လွဲမှားစွာကိုးကားပြောဆိုခြင်း - လူတိုင်းဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ရင်းနှီးခြင်းရှိသင့်သည်။ အကြောင်းမှာ မာရ်နတ်သည် ကျမ်းစာကိုမှားယွင်းစေခြင်းနှင့် လွဲမှားစွာကိုးကားပြောဆိုခြင်းပြုပြီး လူတို့သည် သူ၏ပုံသက်သေကိုလိုက်ကာ ဘုရားသခင်၏နှုတ်ကပတ်တော်တချို့ကို အသုံးပြုကာ လူတို့အားမှားယွင်းသောလမ်းသို့ပို့ခြင်း၊ သူတို့၏အကြံအစည် များကိုဖျက်ဆီးရန် တချို့ကိုသူဆုပ်ကိုင်ထားခြင်းပြုပါသည်။ ကျွန်ုပ်တို့အားလုံး တို့သည် “ဘုရားသခင်မိန့်တော်မူသည်ကား” ဟူသော ရှင်းလင်းသည့် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အကျွမ်းတဝင်ရှိကြရန် အခွင့်အရေးရှိကြ ပါသည်။ [Ev 591.1] EvBur 778.2
အပြာ မှားယွင်းသောအရာများတို့ကိုပြောဆိုလုပ်ကိုင်မည့် မှားယွင်းသည့် သိုးထိန်းများရှိပါသည်။ ဘုရားသခင်၏သားသမီးများတို့သည် ဘုရားသခင် ၏နှုတ်ကပတ်တော်နှင့်အကျွမ်းဝင်ရန် သူတို့ကိုသင်ကြားသင့်ပြီး မှားသော ထင်မြင်ချက်ကိုပြုလုပ်ရန် ကျမ်းစာ၏မည်သည့်အပိုင်းကိုဖတ်ပြီး မည်သည့် အပိုင်းကိုမဖတ်ဘဲချန်ထားသည်ကို နားလည်ကြရမည်။ Manuscript 153, 1899. [Ev 591.2] EvBur 779.1
မှားယွင်းသောအယူများကို ဘာသာရေးခေါင်းဆောင်များမှဟောပြောခြင်း — မိမိတို့၏ ရှေ့၌ သမ္မာကျမ်းစာကိုဖွင့်လျက် ၎င်း၏သွန်သင်ချက်များတို့ကို လေးစား သောသူများအဖြစ် ကျွန်ုပ်တို့၏အချိန်၌ ဘာသာရေးခေါင်းဆောင်အများတို့ သည် ဘုရားသခင်၏နှုတ်ကပတ်တော်၌ပင် ယုံကြည်ခြင်းကိုဖျက်ဆီးနေကြ ပါသည်။ နှုတ်ကပတ်တော်၏အဓိပ္ပါယ်ကို ခွဲခြားစိတ်ဖြာသုံးသပ်ခြင်းအား ဖြင့် မိမိတို့၏ကိုယ်ကိုအလုပ်များစေပြီး သူတို့၏ကိုယ်တိုင်ထင်မြင်ချက်များ တို့ကို ကျမ်းစာ၏အလွယ်ကူရှင်းလင်းဆုံးသော ပြောဆိုချက်အပေါ်၌ထားရှိ ကြပါသည်။ သူတို့၏လက်ထဲ၌ရှိသော ဘုရားသခင်၏နှုတ်ကပတ်တော်သည် ၎င်း၏ခွန်အားပေးသောတန်ခိုးပျောက်ဆုံးသွားရပါသည်။ ဤကဲ့သို့အားဖြင့် သစ္စာမဲ့ခြင်းများပြားရခြင်းနှင့် ဆိုးသွမ်းမှုများပျံ့နှံ့နေရခြင်းဖြစ်ပါသည်။ [Ev 591.3] EvBur 779.2
မာရ်နတ်သည် ကျမ်းစာထဲ၌ရှိသောယုံကြည်ခြင်းကို တဖြည်းဖြည်း အားနည်းစေသောအခါ သူသည် လူတို့အားအလင်းနှင့်တန်ခိုးအတွက် အခြား အခြေအမြစ်များသို့ လမ်းညွှန်လိုက်ပါသည်။ ထိုသို့ဖြင့် သူသည် မိမိကိုယ် ကိုအလိမ္မာနည်းဖြင့်သိမ်းသွင်းပါသည်။ နှုတ်ကပတ်တော်၏ ရှင်းလင်းသော သွန်သင်ချက်နှင့် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးပြုပြင်ခြင်း မှ ကျောခိုင်းသွားသောသူတို့သည် နတ်ဆိုးများတို့၏ထိန်းချုပ်မှုအောက်သို့ ခေါ်ဖိတ်ခြင်းကိုခံရကြပါသည်။ နှုတ်ကပတ်တော်နှင့်ပတ်သက်သောဝေဖန် ချက်၊ ထင်မြင်ချက်များကြောင့် နတ်ဝိဇ္ဇာအယူအဆနှင့် လောကီကျင့်စဉ်တရား အားထုတ်ခြင်း (ကမ္မဌာန်းထိုင်ခြင်း) အတွက် လမ်းပွင့်လာပါသည်။ ထိုအရာ တို့သည် ရှေးမိစ္ဆာအယူဝါဒ၏ခေတ်မီပုံသဏ္ဌာန်များဖြစ်ပြီး ခရစ်တော်၏အသင်း တော်များထဲ၌ပင် ခြေကုပ်တစ်ခုအဖြစ်ရောက်ရှိလာပါသည်။ [Ev 591.4] EvBur 779.3
ဘေးချင်းယှဉ်လျက် ဧဝံဂေလိဟောကြားခြင်းနှင့်အတူ လှည့်ဖြား သောဝိညာဉ်၏ကိုယ်စားလှယ်များတို့သည် အလုပ်လုပ်လျက်ရှိသည်။ လူအများ တို့၌ တစ်ဦးသည် တမင်သိလိုစိတ်ရှိခြင်းကြောင့် ဤအရာများတို့နှင့်စွက်ဖက် ပါဝင်ခဲ့ပါသည်။ သို့သော် လူ့တန်ခိုးထက်သာလွန်သောလုပ်ဆောင်မှုအထောက် အထားကိုတွေ့ရခြင်းကြောင့် သူသည် တစ်ဆင့်ပြီးတစ်ဆင့်သွေးဆောင်ခြင်း ခံရပြီး သူ့ကိုယ်တိုင်ခွန်အားထက်ပိုသောတန်ခိုးဖြင့် သူသည် ထိန်းချုပ်ခြင်း ခံရသည့်အထိဖြစ်သွားသည်။ ၎င်း၏နက်နဲသောတန်ခိုးမှ သူသည်မလွတ် မြောက်နိုင်တော့ပါ။ [Ev 592.1] EvBur 780.1
ဝိညာဉ်ခံတပ်ပြိုကျကုန်သည်။ သူ၌အပြစ်ကိုတားဆီးစေနိုင်သည့် အကာအကွယ်မရှိတော့ပါ။ တစ်ကြိမ်ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် သူ၏ ဝိညာဉ်ထိန်းချုပ်ခြင်းကိုငြင်းပယ်သည့်အခါ၊ သူ၏အသက်တာမည်မျှဆုတ်ယုတ် ကျဆင်းသွားမည်ကို မည်သူမျှမသိနိုင်ပါ။ လျှို့ဝှက်သောအပြစ်၊ သို့မဟုတ် ပြင်းထန်သည့်ဆန္ဒသည် ကပေရနောင်မြို့မှ နတ်ဆိုး၏ကူညီရာကင်းမဲ့သကဲ့သို့ သူ့ကိုချုပ်နှောင်သွားပေလိမ့်မည်။ သို့သော် သူ၏အခြေအနေသည် မျှော်လင့် ခြင်းကင်းမဲ့ခြင်းသို့မရောက်ရှိသေးပါ။ The Desire of Ages, p. 258. (1898) [Ev 592.2] EvBur 780.2
ရှုပ်ထွေးသောသာသနာလုပ်ငန်းတစ်ခု၌အမှားနှင့်အယူသီးခြင်း - ဘုရားသခင် သည် သူ၏လူတို့အား အတွေး၊ အပြောအဆို၊ အပြုအမူတို့၌ ခရစ်ယာန် များဖြစ်ကြရန်ခေါ်တော်မူသည်။ လူးသာ (uther) အဆိုအမိန့်တစ်ခု၌ ဘာသာရေးသည် လေးစားရသောသူတို့၏အထဲ၌ကဲ့သို့.. အန္တရာယ်များစွာ မည်သို့မျှမရှိပါ။ အမှန်တရားကိုကိုင်တွယ်သောလူများတို့သည် အမှန်တရား အားဖြင့် သန့်ရှင်းခြင်းမရှိဟု ကျွန်ုပ်ပြောနိုင်ပါသည်။ သူတို့၌မေတ္တာအားဖြင့် အလုပ်လုပ်ပြီး စိတ်နှလုံးကိုဖြူစင်စေသည့်ယုံကြည်ခြင်းမရှိကြပါ။ သန့်ရှင်း သောအရာကိုကိုင်တွယ်ရန် သူတို့၌ကျင့်သားရနေပြီး ဤအကြောင်းကြောင့် အများသောသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို လေးစားစွာဖြင့် ကိုင်တွယ်ခြင်းမပြုကြပါ။ သူတို့သည် အလင်းထဲ၌မလျှောက်ကြဘဲ သူတို့၏ မျက်စိများကို အလင်းမှပိတ်ထားကြပါသည်။ [Ev 592.3] EvBur 780.3
ဤခေတ်သည် သူ၏လူတို့အပေါ် ဘုရားသခင်ချပေးရန်ရည်ရွယ် ထားသောကျေးဇူးတော်အား ထူးခြားသောငြင်းပယ်ခြင်းခေတ်ဖြစ်သောကြောင့် ပုံမှန်ဖြစ်နေကျ နောက်ဆုံးသောနေ့ရက်များ၏ကြောက်မက်ဖွယ်သောဆိုးသွမ်း မှုအန္တရာယ်များတို့နှင့် ဘုရားသခင်၏လူတို့အားဆန့်ကျင်သော ကမ္ဘာကြီး၏ ရန်လိုခြင်းတို့ပေါင်းစည်းခြင်းတို့ကြောင့် သူတို့သည် အောင်မြင်နိုင်မည်မဟုတ် ပါ။ ဖုံးကွယ်နေသောခရစ်ယာန်များနှင့်သန့်ရှင်းခြင်းသည် အကျိုးသက်ရောက် မှုများစွာရှိပြီး ဘုရားတရားမဲ့ရှိနေခြင်းကို ဖော်ပြမည်ဖြစ်သောကြောင့် ကြောက်မက်ဖွယ်ရာအမိန့်တစ်ခုကိုအောင်မြင်ကာ ခရစ်တော်ကြွလာသည့်တိုင် အောင် ဆက်လက်၍ယုံကြည်သူအားလုံးတို့၌ ဘုန်းတော်ကိုထင်ရှားစေပါ လိမ့်မည်။ ဗိမာန်တော်ဝင်းအတွင်း၌ဖြစ်ပျက်မည့်အရာများ မည်ကဲ့သို့သရုပ် ဆောင်မည်ကို လူအနည်းငယ်သာနားလည်ရလိမ့်မည်။ ဘုရားသခင်၏လူများ သူ့အမှုတော်ကိုဆောင်ရွက်သောသူနှင့်မဆောင်ရွက်သောသူ” ကို သူခွဲခြား သိရှိနိုင်ရန် စမ်းသပ်စစ်ဆေးခြင်းကိုခံရကြပါလိမ့်မည်။ Manuscript 15, 1886. [Ev 592.4] EvBur 781.1
မှားသောသိပ္ပံ နှင့်ဘာသာရေးစပ်ကြားကွဲပြားခြင်း - ယခုမှစပြီး ကျွန်ုပ်တို့သည် ပြိုင်ဆိုင်မှုနှင့်အမြဲရင်ဆိုင်ရမည့်အကြောင်း ကျွန်ုပ်သတိပေးခံရပါသည်။ သိပ္ပံ အတတ်နှင့်ဘာသာရေးဆန့်ကျင်ကြရခြင်းသည် မပြည့်စုံသောလူသားများတို့ မှ ဘုရားသခင်၏တန်ခိုးနှင့်ကြီးမြတ်ခြင်းကို နားမလည်နိုင်သောကြောင့်ဖြစ် ပါသည်။ နှုတ်ကပတ်တော်မှရေးသားချက်များကို ကျွန်ုပ်အားဖော်ပြသည်မှာ၊ “တပည့်တော်များကိုသွေးဆောင်ခြင်းငှာ မှားသောစကားကိုပြောတတ်သော လူတို့သည် သင်တို့အထဲ၌လည်းပေါ်လာလိမ့်မည်။” ဘုရားသခင်၏သားသမီး ဤအရာများကိုဧကန်အမှန်တွေ့ရှိရလိမ့်မည်ဖြစ်ပြီး ယခုအချိန် အတွက် မိမိတို့၏ကိုယ်တိုင်လုံခြုံမှုနှင့် ကယ်တင်ခြင်းကိုပေးနိုင်သော အလွန် အံ့သြဖွယ်ကောင်းပြီးအရေးကြီးသည့်အမှန်တရားများကို စိတ်ထဲ၌မသိသော သူများရှိလိမ့်မည်။ အကြောင်းမှာ အကျိုးမရှိသည့်အဏုမြူအင်အားကဲ့သို့သော အရာများ အမှန်တရားအနည်းငယ်ကိုမျှမတွေ့ ရှိရသည့်အရာများအပေါ် မာရ်နတ်သည် မိမိ၏ကြီးမားသောတန်ခိုးကိုပြသပြီး လူတို့အတွက်အရေး အကြီးဆုံးသောအရာတစ်ခုအဖြစ် ပေါ်လွင်စေသောကြောင့်ဖြစ်သည်။ Ev 593.1] EvBur 781.2
ဤလူတို့သည် မိမိတို့၌ရှိသောစာရိတ္တအမြင်ပျက်စီးကုန်ကြပြီ။ သူတို့ သည် ဝိညာဉ်ရေးဆိုင်ရာကိစ္စများကို ခွဲခြားသိရှိနိုင်ရန် ကောင်းကင်မှဝိညာဉ် တော်တန်ခိုးကို သူတို့လိုအပ်နေကြောင်း အသိတရားနှင့်ခံစားချက်များမရှိကြ တော့ပါ။ သူတို့သည် မိမိတို့၏ကိုယ်ကို မမှားယွင်းနိုင်ဟုအထင်ကြီးလွန်း ကြသည်။ နေ့စဉ်အသက်တာ၌ ဘုရားသခင်၏အရာကိုဆည်းပူးခြင်းမရှိသော သူတို့သည် မိမိတို့၏သန့်ရှင်းမြင့်မြတ်သောတာဝန်များတို့ကို ပါးနပ်စွာဖြင့် ဆောင်ရွက်နိုင်ကြမည်မဟုတ်ပါ။ သူတို့သည် မှားယွင်းစွာဖြင့် အလင်းကို အမှားဟုထင်ပြီး၊ မှန်ပုံပေါ်သောအမှားကို အလင်းဟုပြောကြလိမ့်မည်။ သူတို့ ၏အိပ်မက်များကို အစစ်အမှန်ဟုယူဆပြီး၊ စစ်မှန်သောအရာများကို စိတ်ကူး များဟုယူဆကြပါသည်။ သူတို့သည် ကမ္ဘာကြီးကိုအဏုမြူဟုခေါ်ပြီး၊ အဏုမြူ ကိုကမ္ဘာကြီးဟုခေါ်ကြသည်။ ခရစ်တော်၏အထူးသောကျေးဇူးတော်မပါဘဲ လူ့ဉာဏ်ဖြင့်လျှောက်လှမ်းနိုင်သည်ဟု ထင်ကြသောသူများတို့၏ခြေကို ထောင်ချောက်ထဲ၌ဒုက္ခရောက်စေရန် လျှို့ဝှက်သည့်ပိုက်ကွန်များကဲ့သို့ပြင်ဆင် ထားသော မာရ်နတ်၏လှည့်ဖြားခြင်းများနှင့်သွေးဆောင်ခြင်းများထဲသို့ သူတို့ ကျရောက်နိုင်ကြမည်ဖြစ်ပါသည်။ ယေရှုသည် လူတစ်ယောက်ကို လူတို့ သစ်ပင်လမ်းလျှောက်သကဲ့သို့မမြင်စေဘဲ အရာအားလုံးကို ရှင်းလင်းစွာမြင်တွေ့ စေလိုပါသည်။ အပြစ်သားအတွက်ကုသမှုတစ်ခုတည်းသာရှိပါသည်။ ထိုအရာ ကိုမရရှိပါက လူတို့သည် သွေးဆောင်ခြင်း၏နောက်သို့ မိမိတို့၌ရှိသောအသိ ဉာဏ်ပျက်စီးကုန်သည့်အထိ တစ်ခုပြီးတစ်ခုလိုက်သွားကြပါလိမ့်မည်။ Manu- script 16, 1890. [Ev 593.2] EvBur 782.1