Go to full page →

ယဉ်ကျေးမှုနှင့်ကြင်နာခြင်း၏ကျေးဇူးများ EvBur 842

ကျွန်ုပ်တို့ ၏ကြီးမားသောပုံသက်သေ - ခရစ်တော်သည် သူ၏အသက်တာ ၌ သူကိုယ်တိုင်၏မွန်မြတ်သောသွန်သင်ချက်များတို့ကို ဟောပြောခဲ့သည်။ သူ၏စိတ်အားထက်သန်မှုသည် မည်သည့်အခါမျှသူ့အားစိတ်ဓာတ်ပြင်းပြသူ တစ်ဦးအဖြစ်သို့မပို့ဆောင်ပါ။ သူသည် ခေါင်းမာခြင်းမရှိဘဲ ခံယူချက်၌ တည်ငြိမ်ခြင်းကိုဖော်ပြသည်။ ပျော့ညံ့ခြင်းမရှိဘဲ စွန့်ကြဲခြင်းကိုဖော်ပြသည်။ စိတ်ကူးယဉ်အတွေးသမားမဟုတ်ဘဲ သိမ်မွေ့ခြင်းနှင့်ကြင်နာသနားခြင်းကို ဖော်ပြသည်။ သူသည် လူမှုရေးအလွန်ကောင်းသည်။ သို့သော် သူသည် မသင့်လျော်သောရင်းနှီးမှုကိုအားမပေးဘဲ မိမိဂုဏ်သိက္ခာကိုထိန်းသိမ်းသောသူ ဖြစ်သည်။ သူ၏ကိုယ်ကိုထိန်းချုပ်ခြင်းသည် သူ့အားမည်သည့်အခါမျှ တစ်ယူသန်ခြင်း၊ သို့မဟုတ် ရိုးရိုးကုပ်ကုပ်နေခြင်းသို့မပို့ဆောင်ပါ။ သူသည် လောက၏ပုံသဏ္ဌာန်ကိုမဆောင်ပါ။ သို့သော် သူသည် အငယ်ဆုံးသော သူတို့၏လိုအပ်ချက်များတို့ကို သတိမမူသူမဟုတ်ပါ။ လူတိုင်း၏လိုအပ် ချက်များတို့ကို သူအမြဲတစေကူညီသည်။ Manuscript 132, 1902. [Ev 636.1] EvBur 842.2

စုံလင်သောပုံစံ - ကလေးဘဝမှလူကြီးဘဝသို့တိုင် ခရစ်တော်သည် နှိမ့်ချခြင်း၊ လုံ့လဝီရိယရှိခြင်း၊ နာခံခြင်း၏စုံလင်သောပုံစံအသက်တာကို နေထိုင်ခဲ့သည်။ သူသည် အမြဲတမ်းသူတစ်ပါးအတွက်စဉ်းစားဆင်ခြင်ခြင်းပြု ပြီး အမြဲတမ်းမိမိကိုယ်ကို့ငြင်းပယ်သူဖြစ်သည်။ ကောင်းကင်ပုံသဏ္ဌာန်ကို ဆောင်ရန်သူလာခဲ့ပြီး သူတစ်ဦး၏အစေကိုသူခံယူရန်မဟုတ်ဘဲ၊ သူသည် သူတစ်ပါးတို့အတွက်အစေခံရန်ဖြစ်သည်။ Ev 636.2] EvBur 843.1

ခရစ်တော်၏ကိုယ်ကျိုးမဲ့အသက်တာသည် ကျွန်ုပ်တို့အားလုံးအတွက် ပုံသက်သေဖြစ်သည်။ အကယ်၍သူ၏ခြေတော်ရာကိုလိုက်လျှောက်ကြပါက သူ၏စာရိတ္တသည် ကျွန်ုပ်တို့အတုယူရန် အကျင့်စာရိတ္တပုံစံတစ်ခုဖြစ်ပါသည်။ Manuscript 108, 1903. [Ev 636.3] EvBur 843.2

ဂုဏ်သိက္ခာ၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ အညစ်အကြေးကင်းစင်ခြင်း - စနစ်ကျသော အသက်တာနှင့် ဘုရားတရားကြည်ညိုသောအပြောအဆိုအားဖြင့် အလုပ်၏ ဂုဏ်သိက္ခာကိုထိန်းသိမ်းရန်သေချာစေပါ။ မြင့်လွန်းသောစံချိန်ကိုမြှင့်တင်ရန် မည်သည့်အခါမျှမကြောက်ပါနှင့်။ သာသနာ့လုပ်ငန်း၌ပါဝင်ကြသောမိသားစု များတို့သည် လူတို့အားချစ်ခင်ရင်းနှီးသင့်ကြသည်။ ယေရှု၏စိတ်ဓာတ်သည် အမှုဆောင်၏ဝိညာဉ်၌ ပျံ့နှံ့ခြင်းရှိသင့်သည်။ ၎င်းသည် သာယာကြည်နူး ဖွယ်ရာ ကြင်နာသောစကားများ၊ သူတို့၏ဝိညာဉ်များအတွက် ကိုယ်ကျိုးမငဲ့ သောမေတ္တာ၏ဖော်ပြခြင်းဖြစ်သည်။ ထိုနောက် စိတ်နေမြင့်ခြင်းနှင့်တစ်ကိုယ် ကောင်းဆန်ခြင်း အကာအဆီးများတို့ကိုဖြိုဖျက်ကာ၊ မယုံကြည်သူတို့အား ကျွန်ုပ်တို့၌ခရစ်တော်၏မေတ္တာရှိကြောင်းပြသလျက် အမှန်တရားသည် စိတ်နှလုံးထဲသို့ မိမိ၏လမ်းဖြင့်ရောက်ရှိသွားလိမ့်မည်။ ဤအရာသည် ကျွန်ုပ် တို့၏အလုပ်၊ ဘုရားသခင်၏အကြံအစည်ကိုပြည့်စုံစေခြင်းဖြစ်သည်။ ရိုင်းစိုင်း ခြင်းနှင့်ကြမ်းတမ်းခြင်းအားလုံးတို့ကို ကျွန်ုပ်တို့ထံမှဖယ်ရှားပစ်ရမည်။ သိမ်မွေ့ သည့်အပြုအမူ၊ သန့်ရှင်းခြင်း၊ ခရစ်ယာန်ယဉ်ကျေးသိမ်မွေ့ခြင်းတို့ကို မြတ်နိုး ကြရမည်။ ကြမ်းတမ်းရိုင်းပျသောစကားများနှင့် ပွင့်လင်းသောစကားများတို့ ကို ကာကွယ်ထားပါ။ မလိုအပ်သောအရာများကို ကြိုးစား၍ဆန့်ကျင်ခြင်း မပြုပါနှင့်။ Review and Herald, Nov. 25, 1890. [Ev 636.4] EvBur 843.3

ခရစ်တော်သည်ကျွန်ုပ်တို့ ၏လောကဝတ်စံနမူနာဖြစ်သည် - စစ်မှန်သောဖြူစင် ခြင်းအတွေးနှင့်အမူအရာကို ချမှတ်ထားသောစည်းမျဉ်းဥပဒေများ လေ့လာ သုံးသပ်ခြင်းထက် ကောင်းမြတ်သောဆရာကြီး၏ကျောင်း၌သင်ယူခြင်းသည် ပို၍ကောင်းသည်။ သူ၏မေတ္တာသည် စိတ်နှလုံးထဲ၌ပျံ့နှံ့သွားကာ စာရိတ္တ ကိုဖြူစင်စေပြီး သူကိုယ်တိုင်၏စာရိတ္တနှင့်တူညီခြင်းသို့ ပြုပြင်ပေးပါသည်။ ဤပညာသည် ကောင်းကင်မှရရှိသောဂုဏ်သိက္ခာနှင့် လူမှုကျင့်ဝတ်၏ အသိတရားကို ဝေငှပေးပါသည်။ ၎င်းသည် ပြုပြင်တတ်သောအဖွဲ့အစည်း၏ အပေါ်ယံသာသန့်စင်ပေးခြင်းတို့နှင့် မည်သည့်အခါမျှနှိုင်းယှဉ်၍မရသော ပင်ကိုယ်စိတ်ဓာတ်၏ချိုမြိန်ခြင်းနှင့် အပြုအမူ၏သိမ်မွေ့ခြင်းတို့ကိုပေးပါသည်။ Education, p. 241. (1903) [Ev 637,1] EvBur 844.1

မှန်သောလောကဝတ်- ကျယ်ပြန့် သောသနားခြင်းနှင့်ကြင်နာခြင်း - လောကဝတ် အပေါ်လွန်စွာအလေးထားသောသူများစွာတို့သည် မည်မျှပင်အကောင်းဆုံးပြု ကြသော်လည်း အခြားအရာများကို အနည်းငယ်သာလေးစားကြောင်းဖော်ပြ ပြီး၊ သူတို့၏ဖန်တီးသောအဆင့်အတန်းကိုမှီနိုင်ရန် ပျက်ကွက်ကြသည်။ ၎င်းသည် အရေးကြီးသောစိတ်နေမြင့်ခြင်းနှင့် ကျဉ်းမြောင်းသောပါဝင်မှုမရှိ ခြင်းကို ထိန်းသိမ်းစောင့်ရှောက်သည်။ [Ev 637.2] EvBur 844.2

မှန်သောယဉ်ကျေးသိမ်မွေ့ခြင်း၏အနှစ်သာရသည် အခြားသူများ အတွက် စဉ်းစားပေးခြင်းဖြစ်သည်။ လိုအပ်ပြီးတည်မြဲသောပညာသည် သနား ကြင်နာခြင်းကိုကျယ်ပြန့်စေခြင်းနှင့် အများအတွက်အားပေးခြင်းဖြစ်သည်။ Education, p. 241. (1903) [Ev 637.3] EvBur 844.3

သိမ်မွေ့ခြင်းနှင့်ကြင်နာခြင်း - သင်တို့နှစ်ဦးစလုံး သိမ်မွေ့သောတို့ထိ ခြင်းတစ်ခုကိုလိုနေသည်။ သင်၏စကားများသည် သင့်လျော်ရမည်ဖြစ်ပြီး နှောင့်ယှက်ရန်မဟုတ်ပါ။ သင်၏စိတ်နှလုံးထဲ၌ ဝိညာဉ်များအတွက်မေတ္တာ နှင့်ပြည့်ဝစေပါ။ လေးနက်၍သိမ်မွေ့သောစိတ်ဝင်စားမှုဖြင့် သင့်ပတ်လည်ရှိ လူတို့အတွက်အလုပ်လုပ်ပါ။ အကယ်၍ လူတစ်ယောက်အမှားတစ်ခုပြုမိသည် ကို သင်တွေ့ရှိပါက၊ သူ့ထံသို့သွားပြီး ခရစ်တော်၏စကား၌ဖော်ပြသည့် နည်းလမ်းအတိုင်း ခရစ်တော်နှင့်တူသောသိမ်မွေ့ခြင်းနှင့် ၎င်းကိစ္စကိုသင်ပြောဆို နိုင်သည်မနိုင်သည်ကိုဆင်ခြင်ပါ။ သူတို့နှင့်အတူဆုတောင်းပြီး ကယ်တင်ရှင် သည် သင့်အားဤခက်ခဲမှုမှလွတ်မြောက်အောင် လမ်းပြသွားမည်ကိုသင် ယုံကြည်ပါ။ EvBur 845.1

ဓမ္မဆရာများတို့သည် သူတို့၏အလုပ်ကိုလက်ခံနိုင်ရန်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို များစွာလိုနေသည်။ ဓမ္မဆရာတစ်ဦးသည် အသင်းတော်တစ်ခု၏အသင်းသားများ တစ်ယောက်နှင့်တစ်ယောက်ရန်စောင် ကြသည်ကိုတွေ့ ရသောအခါ၊ သူတို့ကိုခေါ်ယူပြီး ညီညွတ်သောနားလည်မှ တစ်ခုကို ပြန်လည်ရရှိရန်ကြိုးစားရပါမည်။ ကြမ်းတမ်းသောစကား၊ အာဏာ ဖြင့်သော်လည်းကောင်း၊ အမိန့်ပေးခြင်းအားဖြင့်သော်လည်းကောင်း မည်သည့် အခါမျှမပြောဆိုပါနှင့်။ ဤအရာသည် မလိုအပ်သောအရာဖြစ်သည်။ ၎င်းလုပ်ရပ်သည် ဖြုန်းတီးခြင်းထက်ပို၍ဆိုးသည်။ [Ev 638.1] EvBur 845.2

ဘုရားသခင်သည် တန်ခိုးသြဇာတစ်ခုကိုမြှင့်တင်ခြင်း၌ ပါဝင်အသုံးခံ ရန် သင့်ကိုခေါ်နေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အမှန်တရားကို သင်၏စိတ်နှလုံးထဲ၌ရယူပါ။ သို့မှသာ သင်သည် ဘုရားသခင်၏စိတ်သဘော ကိုရရှိလိမ့်မည်။ သင့်ကိုယ်ကိုသန့်ရှင်းသောဝိညာဉ်တော်၏ ပြုပြင်ခြင်းအောက် ၌ထားရှိပါ။ ထိုနောက် ကောင်းကျိုးအတွက်ပို၍ကြီးသောတန်ခိုးများစွာကို သင်ရရှိလိမ့်မည်။ Ev 638.2] EvBur 845.3

ယေရှု၏မေတ္တာကြီးစိုးသောနေရာတိုင်း၌ ငြိမ်သက်ခြင်းနှင့်အနားယူ ခြင်းရှိလိမ့်မည်။ ဤမေတ္တာကိုမြတ်နိုးသောနေရာ၌ သဲကန္တာရတွင်လန်းဆန်း သောစမ်းချောင်းစီးဆင်းသကဲ့သို့ ခြောက်သွေ့ သောမြေကို မြေဆီလွှာအဖြစ်သို့ ပြောင်းလဲပေးလိမ့်မည်။ Manuscript 105, 1902. [Ev 638.3] EvBur 846.1

ပါးနပ်၍ကောင်းသောစဉ်းစားတတ်ခြင်းသည်စိတ်နှလုံးများကိုအရည်ပျော်စေသည် - ပါးနပ်၍ကောင်းသောစဉ်းစားတတ်ခြင်းသည် အမှုဆောင်၏အသုံးဝင်ခြင်းကို အဆတစ်ရာတိုးပွားစေသည်။ အကယ်၍ မှန်သောစကားများကို မှန်သော အချိန်၌၊ မှန်သောသဘောထားဖြင့်ပြသနိုင်ပါက သူကြိုးစားကူညီနေသည့် လူတစ်ယောက်၏စိတ်နှလုံးသားအပေါ်သို့ ပျော့ပျောင်းစေသောတန်ခိုးကိုပေး နိုင်လိမ့်မည်။ Gospel Workers, p. 119. (1915) [Ev 638.4] EvBur 846.2

အယူဝါဒခြားနားသူများအပေါ် ကြင်နာခြင်း - ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် အယူဝါဒမတူညီသောသူတို့ကို ကြင်နာစွာဖြင့်ဆက်ဆံသင့်သည်။ သူတို့သည် ခရစ်တော်၏ပိုင်ဆိုင်သောပစ္စည်းများဖြစ်သောကြောင့် နောက်ဆုံးစာရင်းရှင်း သောနေ့ကြီး၌ သူတို့နှင့်ကျွန်ုပ်တို့တွေ့ ဆုံရကြလိမ့်မည်။ တရားစီရင်ချိန်၌ တစ်ယောက်နှင့်တစ်ယောက်မျက်နှာချင်းဆိုင်တွေ့ကြရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ အတွေးများ၊ ပြောဆိုသောစကားများ၊ အပြုအမူများတို့၏မှတ်တမ်းကို ကျွန်ုပ် တို့တွေ့မြင်ရသကဲ့သို့မဟုတ်ဘဲ အမှန်တရား၌သူတို့ရှိသကဲ့သို့ မြင်ရလိမ့် မည်။ ခရစ်တော်ချစ်သကဲ့သို့ တစ်ယောက်နှင့်ချစ်ခြင်း၏တာဝန်ကို ကျွန်ုပ် တို့အပေါ်ဘုရားသခင်စေခိုင်းခဲ့ပါသည်။ The Youth’s Instructor, Dec. 9, 1897. [Ev 638.5] EvBur 846.3

ကိုယ်တိုင်ခံစားခြင်းနှင့်အတ္တစိတ်မပါရှိခြင်း - အကယ်၍အောင်မြင်ခြင်း ရရှိလိုပါက လူတို့သည် ဘုရားသခင်၏စည်းမျဉ်းများနှင့်အစီအစဉ်အတိုင်း လုပ်ဆောင်ကြရလိမ့်မည်။ မိမိတို့၏ကိုယ်တိုင်ခံစားချက်များ၊ သို့မဟုတ် အတ္တ စိတ်အရိပ်အရောင်ပုံသဏ္ဌာန်မပါရှိသည့် စိတ်ဆန္ဒအပြည့်အဝနှင့် နှိမ့်ချသော စိတ်သဘောများအားဖြင့် ကြိုးစားခြင်းများဖြင့်လုပ်ဆောင်သောသူများကိုသာ ဘုရားသခင်လက်ခံလိမ့်မည်။ Letter 66, 1887. Ev 638.6] EvBur 846.4

ဧဝံဂေလိဖိနပ်များကိုဝတ်ဆင်ပါ - ကျွန်ုပ်၏ညီအစ်ကို၊ သင်သည် ဘုရားသခင်၏စိတ်တော်နှင့်တွေ့ သောသူဖြစ်ရန် ကျွန်ုပ်အထူးလိုလားပါသည်။ သင်၏အသက်တာကို သင်ပြောင်းလဲမှုတစ်ခုပြုလုပ်ရလိမ့်မည်။ သင်၌ဟောပြော ရန် တန်ဖိုးရှိသောအမှန်တရားရှိနေသော်လည်း သင်သည် ဧဝံဂေလိဖိနပ်များ ကိုဝတ်ဆင်ရလိမ့်မည်။ သင်၏ခြေ၌ ငြိမ်သက်ခြင်းဧဝံဂေလိတရား၏ပြင်ဆင် ခြင်းဖိနပ်ဖြင့် ဝတ်ဆင်ထားရလိမ့်မည်။ လူတို့အားဟောပြောသော သင်၏ အမူအရာသည် ဘုရားသခင်အတွက်အမြဲနှစ်သက်ဖွယ်မဟုတ်ပါ။ ဘုရားသခင် ၏ပြောင်းလဲပေးသောတန်ခိုး သင့်အပေါ်သို့နေ့စဉ်သက်ရောက်ရန် သင်ခံစား ဖို့လိုအပ်သည်။ သင်၌ကိုယ်ကာယကြံ့ခိုင်ခြင်းနှင့်ခွန်အားအပြည့်အဝရှိသော် လည်း ခရစ်တော်၏များစွာသောကျေးဇူးတော်ကို “သင်၏ယဉ်ကျေးသိမ်မွေ့ ခြင်းသည် ကျွန်ုပ်အားကြီးမြတ်စေသည်” ဟုခရစ်တော်အားပြောသကဲ့သို့ သင့်အားပြောနိုင်ရန် သင်၌လိုအပ်နေပါသည်။ သင်၏စိတ်သဘောကို သန့်ရှင်း သောဝိညာဉ်တော်မှပိုင်ဆိုင်ပြီး သင်၏ပြင်းထန်သောစိတ်သဘောကိုထိန်းချုပ် သွားသောအခါ သင်သည် ခရစ်တော်နှင့်ပို၍တူလာလိမ့်မည်။ Letter 164, 1902. [Ev 639.1] EvBur 847.1

ဘုရားသခင်၏အလုပ်သန့်ရှင်းခြင်း - သန့်ရှင်းသောအရာများတို့ကို ရိုးရိုး အရာများကဲ့သို့သဘောထားကာထိန်းသိမ်းခြင်းသည် ဘုရားသခင်အားဆန့်ကျင် ရာရောက်သည်။ အကြောင်းမှာ ဘုရားသခင်သည် သူ၏အမှုတော်အတွက် လောကသို့အလင်းပေးရန် သူသီးသန့်ခွဲခြားထားသောအရာသည် သန့်ရှင်း သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏အမှုတော်နှင့်ဆက်သွယ်နေသောလုပ်ငန်း တိုင်းတို့၌ ပါဝင်ကြသည့်သူများတို့သည် မိမိတို့၏အချည်းနှီးသောပညာအပေါ် မှီခိုကြရမည်မဟုတ်ဘဲ ဘုရားသခင်၏ပညာအပေါ်၌သာအမှီပြု၍ လုပ်ဆောင် ကြရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူတို့သည် သန့်ရှင်းသောအရာကို ရိုးရိုးအရာများကဲ့သို့ အတူတူထားရှိခြင်း၏အန္တရာယ်ထဲသို့ရောက်ရှိကြမည်ဖြစ် ပြီး မိမိတို့၏ကိုယ်ကို ဘုရားသခင်ထံမှခွဲခွာသွားစေပါလိမ့်မည်။ Review and Herald, Sept. 8, 1896. [Ev 639.2] 10 EvBur 847.2

သန့်ရှင်းသောတာဝန်၏အသိစိတ်ဓာတ် - အမျိုးသားလူငယ်များ ဘုရားသခင် ၏အမှုတော်၌ပါဝင်ရန်ပေါ်ပေါက်လာခဲ့ပြီး တချို့သောသူတို့သည် လုပ်ငန်း၏ သန့်ရှင်းခြင်းနှင့်တာဝန်အသိစိတ်ဓာတ်မရှိကြပါ။ သူတို့သည် နေ့စဉ်အရေးကြီး ပြီး စိတ်နှလုံးခွန်အားပေးမည့်အမှန်တရားများတို့ကို နားထောင်ရမည့်အစား သူတို့သည် အဓိပ္ပါယ်ကင်းမဲ့သောစကားကိုပြောဆိုကြပြီး ပျိုရွယ်သောအမျိုး များတို့နှင့်အတူ အချိန်ယူပေါင်းသင်းသွားလာကြသည်။ Testimonies, vol. 3, p. 473. (1875) EvBur 848.1

မင်းသားများမဟုတ် — နှုတ်ကပတ်တော်ဆရာများဖြစ် - ဘုရားသခင်အလိုရှိ သောပုံစံမရောက်ရှိမီ၊ သာသနာ့အမှုတော်လုပ်ငန်း၌ ကြီးမားသောပြုပြင်ပြောင်းလဲ ခြင်းနေရာယူရမည်ဟု ကျွန်ုပ်မြင်ပါသည်။ ပလ္လင်ပေါ်ရှိဓမ္မဆရာများတို့သည် မိမိတို့၏အမူအရာများနှင့် တင်ဆက်မှုများထိရောက်မည်ဟုယူဆကာ ပွဲလမ်း သဘင်၌တင်ဆက်သူများကဲ့သို့ပြုမူကြရန် ခွင့်ပြုမိန့်မရှိပါ။ သန့်ရှင်းသော ပလ္လင်ကို မင်းသားများသရုပ်ဆောင်သကဲ့သို့အသုံးမပြုဘဲ လေးနက်သော အမှန်တရားများ၏ဆရာများဟောပြောနေသောနေရာအဖြစ် အသုံးပြုကြရပါ မည်။ ခရစ်တော်အကြောင်းကို အော်ဟစ်ပြောဆိုခြင်း၊ ခုံပေါက်ကာစားပွဲကို ထုပြီးလှုပ်ရှားခြင်းအမျိုးမျိုးဖြင့်ပြုလုပ်လျက် ကျယ်လောင်စွာပြောဆိုခြင်းပြုတတ် သည့် အယူသီးသောဓမ္မဆရာများရှိကြပြီး သူတို့၏လုပ်ဆောင်မှုသည် မည်သည့်အကျိုးမျှမရရှိသည်ကိုလည်းတွေ့ ရပါသည်။ ထိုသို့သောအပြုအမူ များသည် ပြောဆိုသောအမှန်တရားများအတွက် မည်သည့်တန်ခိုးမျှမပါဘဲ တစ်ဖက်၌လေးနက်သောဆုံးဖြတ်ခြင်းနှင့် တိုးတက်သောအမြင်ရှိသူများတို့ အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေပါသည်။ မိမိတို့၏ကိုယ်ကို သာသနာ့လုပ်ငန်း အတွက်ဆက်ကပ်သောပုဂ္ဂိုလ်များတို့၏တာဝန်မှာ ဤရိုင်းပျပြီးကြမ်းတမ်းသည့် အမူအရာများတို့ကို တရားပလ္လင်၏အပြင်ဘက်၌ အနည်းဆုံးချန်ထားကြရ ပါမည်။ [Ev 640.1] EvBur 848.2

ပုံပျက်၍ရိုင်းပျသောကိုယ်ဟန်အမူအရာများတို့သည် သာမန် အသက်တာဘဝ၌ပင် လက်ခံ၍မရသောအရာများဖြစ်သောကြောင့် ဧဝံဂေလိ သာသနာ့လုပ်ငန်း၏အလွန်သန့်ရှင်းသောအလုပ်၌ ပို၍သည်းခံနိုင်စရာအကြောင်း မရှိပါ။ ဓမ္မဆရာသည် ကျေးဇူးတရား၊ ယဉ်ကျေးသိမ်မွေ့ခြင်းနှင့်ကောင်းသော အမူအရာများတို့ကို အသက်တာ၌ပျိုးထောင်သင့်သည်။ သူသည် မိမိကိုယ်ကို သူ၏မြင့်သောခေါ်တော်မူခြင်းအတိုင်းအတာသို့ရောက်ရှိရန် တည်ငြိမ်သော ဂုဏ်သိက္ခာတစ်ခုနှင့် အသက်ရှင်ရလိမ့်မည်။ လေးနက်မှု၊ မှန်ကန်သောဘုရား တရားမွေ့လျော်ခြင်းအာဏာသည် သိမ်မွေ့ခြင်းနှင့်ပေါင်းစည်းကာ ဘုရားသခင် ၏အမှန်တရားဆရာတစ်ဦး၏နေထိုင်ပြုမူပုံကို ဖော်ပြသင့်သည်။ [Ev640.2] EvBur 849.1

ဓမ္မဆရာများတို့သည် ပလ္လင်ပေါ်၌ပုံတိုပတ်စများတို့ကိုပြောဆိုခြင်း အလေ့အထကို မပြုလုပ်သင့်ပါ။ ဟောပြောသောအမှန်တရား၏လေးနက်ခြင်း အရှိန်အဟုန်ကို တန်ဖိုးလျော့စေပါသည်။ ပုံတိုပတ်စများ၊ အဖြစ်အပျက်များတို့ ၏အကြောင်းအရာသည် ကြားနာရသူများတို့အတွက် စိတ်ထဲ၌ပေါ့လျော့သော အတွေးတို့ကိုဖန်တီးပေးပြီး ပြင်းထန်စွာဝေဖန်စရာဖြစ်စေပါသည်။ အမှန်တရား များကို သီလနှင့်ဂုဏ်ကျက်သရေရှိသောစကားများဖြင့် ပြောဆိုရမည်ဖြစ်ပြီး ကိုးကားချက်များတို့သည်လည်း ၎င်းအတိုင်းပင်ဖြစ်သင့်သည်။[Ev 640.3] EvBur 849.2

အကယ်၍ဧဝံဂေလိသာသနာလုပ်ငန်းကို ဆောင်ရွက်သင့်သည့်အတိုင်း ဆောင်ရွက်ကြပါက ခရစ်တော်အမှန်တရား၏ဆရာများတို့သည် ကောင်းကင် တမန်များတို့နှင့်ညီညွတ်စွာလုပ်ကိုင်နိုင်ကြမည်ဖြစ်ပြီး သူတို့၏ကြီးမားသော ဆရာကြီးနှင့်အတူ သူတို့သည် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြပါလိမ့်မည်။ ခရစ်တော်၏ဓမ္မအမှုဆောင်များတို့အထဲ၌ ဆုတောင်းခြင်းအလွန်နည်းနေပြီး မိမိတို့ကိုယ်ကိုချီးမြှောက်ခြင်းသည် အလွန်များနေပါသည်။ အိမ်ဦးနှင့်ယဇ်ပလ္လင် စပ်ကြား၌ ငိုကြွေးခြင်းနှင့်တောင်းလျှောက်ခြင်းဖြစ်သည့် “အိုထာဝရဘုရား၊ ကိုယ်တော်၏လူများကိုသနားတော်မူပါ။ တစ်ပါးအမျိုးသားတို့သည် အစိုးရ၍၊ အမွေတော်တို့ကိုကဲ့ရဲ့စေခြင်းငှာ အပ်နှံတော်မမူပါနှင့်” အလွန်မှနည်းနေပါ သည်။ အယူဝါဒနှင့်ဆိုင်သောတရားဟောချက်များတို့ကို ဝိညာဉ်ရေးပြင်းပြ သည့်စိတ်ဓာတ်နှင့် ဘုရားမေတ္တာအနည်းငယ်မျှမပါဘဲ ရှည်လျားစွာဟောပြော ကြပါသည်။ ရယ်မောဖွယ်ရာပုံတိုပတ်စများနှင့်သက်ဆိုင်သော လက်ဟန်ခြေဟန် ဖြင့် တရားပလ္လင်ပေါ်၌များစွာဟောပြောပြီး ယေရှုခရစ်၏မေတ္တာနှင့်သနားခြင်း ကရုဏာကို အနည်းငယ်သာဟောပြောကြပါသည်။ [Ev 640.4] EvBur 849.3

လူတို့ကိုဟောပြောရုံမျှဖြင့်မလုံလောက်ပါ။ သူတို့နှင့်အတူဆုတောင်း ပြီး သူတို့အတွက်ကိုလည်းဆုတောင်းပေးရမည်။ သူတို့ကိုသူစိမ်းကဲ့သို့ မဆက်ဆံဘဲ သူတို့ထံသို့ကြင်နာစွာဖြင့်တရင်းတနှီးချဉ်းကပ်ကာ သူတို့၏ ဝိညာဉ်ကိုကယ်လိုသောဆန္ဒဖြင့် သူတို့ထံလည်ပတ်ပြီး သူတို့နှင့်အတူစကား ပြောဆိုကြရပါမည်။ ယဇ်ပလ္လင်အပြင်ဘက်၌ ကောင်းသောအပြုအမူဖြင့် လုပ်ဆောင်သောဓမ္မဆရာသည် တရားပလ္လင်ပေါ်၌သာ အမြဲတမ်းအချိန်ယူ ဟောပြောသောဓမ္မဆရာထက် ဆယ်ဆပို၍အောင်မြင်ခြင်းရရှိပါသည်။ Review and Herald, Aug. 8, 1878. [Ev 641.1] EvBur 850.1

ရယ်စရာပြောခြင်း၊ ပြက်လုံးထုတ်ခြင်းကို ရှောင်ရှားပါ - ရယ်စရာပြောခြင်းနှင့် ပြက်လုံးထုတ်ခြင်း၊ ပေါ့ဆခြင်းနှင့်အရေးမကြီးခြင်း၏သဘောသည် အပြစ်သား များတို့အတွက် ဆူးငြောင့်ခလုတ်ဖြစ်ပြီး၊ မသန့်ရှင်းသောစိတ်မွေးမြူသောသူ တို့အတွက် ပို၍ဆိုးသောအတားအဆီးဖြစ်စေပါသည်။ ဤထူးခြားသောအသွင် အပြင်ပျိုးထောင်ခြင်းနှင့်အားပေးခြင်းကို တချို့သောသူတို့နှစ်သက်ကြခြင်းသည် သူတို့၏သဘာဝအသက်ရှူရှိုက်ခြင်းကဲ့သို့ဖြစ်သွားပြီး၊ ၎င်း၏ဆိုးသွမ်းခြင်းကို မလျော့နည်းစေပါ။ ကျွန်ုပ်တို့၏သခင်မှပြောဆိုလိုက်သော အရေးမကြီးသည့် စကားတစ်လုံးကိုဖော်ပြသောအခါ၊ သို့မဟုတ် သူ၏စာရိတ္တမှပေါ့ဆမှုတစ်ခုခု ကိုတွေ့ရှိရသောအခါ ထိုပေါ့ဆခြင်းနှင့်အရေးမကြီးခြင်းသည် သူကိုယ်တိုင် ၌ခွင့်လွှတ်နိုင်သောအရာဖြစ်သည်ဟု သူခံစားရပေလိမ့်မည်။ ဤစိတ်ဓာတ် သည် ခရစ်ယာန်စိတ်ဓာတ်မဟုတ်ပါ။ ခရစ်ယာန်တစ်ယောက်ဖြစ်ရန် ခရစ်တော် နှင့်တူရပါမည်။ ယေရှုသည် စုံလင်သောနမူနာဖြစ်ပြီး၊ သူ၏ပုံသက်သေကို ကျွန်ုပ်တို့အတုယူရပါမည်။ ခရစ်ယာန်တစ်ဦးသည် အမြင့်ဆုံးသောပုံစံရှိသူ တစ်ဦးဖြစ်ပြီး ခရစ်တော်၏ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ [Ev 641.2] EvBur 850.2

ရယ်မောစရာပြောဆိုခြင်း၊ ပေါ့ဆခြင်းနှင့်အရေးမကြီးခြင်းမှတ်ချက် များတို့ကို ပြောဆိုသောသူတချို့တို့သည် သန့်ရှင်းသောတရားပလ္လင်ပေါ်၌ ဂုဏ်သိက္ခာရှိရှိဖြင့် ကျွန်ုပ်တို့တွေ့ မြင်ရပေလိမ့်မည်။ သူတို့သည် အရေးကြီး သောအကြောင်းအရာများတို့ကို လေးနက်စွာတွေးတောကာ ချက်ချင်းပြောဆို နိုင်ပြီး၊ သူတို့၏တရားနာပရိသတ်များအတွက် အလွန်အရေးကြီးသောခိုင်မာ သည့်အမှန်တရားများတို့ကို လူသားများသို့အမြဲဟောပြောနိုင်လိမ့်မည်။ သို့သော် မတော်သူတို့သြဇာညောင်းသော သူတို့၏လုပ်ဖော်ကိုင်ဖက်များ၊ သူတို့၏ သတိမမူသောရယ်မောခြင်းပြောဆိုရာ၌ သူတို့နှင့်အတူရှိနေသောသူများတို့ကို တွေ့မြင်ရသောအခါ သူတို့၏အတွေးရေစီးချောင်းကို အဆင်သင့်ပြောင်းလဲ နိုင်မည်မဟုတ်ပါ။ သူတို့၌အပြစ်ရှိသည်ဟုခံစားရခြင်း၊ သူတို့၏စိတ်ထဲ၌ ရှုပ်ထွေးခြင်းနှင့် သူတို့သည် ကောင်းကင်ဆောင်ပုဒ်များတို့၏လေးနက်ခြင်းနှင့် ခရစ်တော်နှင့်သူ၏ကပ်တိုင်အကြောင်းကိုပြောရန် မသင့်လျော်ခြင်းရှိနေကြောင်း မိမိတို့၏ကိုယ်ကိုပြန်၍တွေ့ ရှိကာ ခံစားကြရလိမ့်မည်။ [Ev 641.3] EvBur 851.1

ကော်မတီစည်းဝေး၌ဖြစ်စေ၊ ဘုတ်အဖွဲ့ အစည်းအဝေး၌ဖြစ်စေ မည်သည့်လုပ်ငန်းအစည်းအဝေးများတို့၌မဆို အရေးကြီးသောအကြောင်းအရာ များနှင့်ပတ်သက်၍ ဆွေးနွေးရန်နှင့်ဆင်ခြင်ရန်လိုအပ်နေသည့်အခါ ကြံစည် ထားသောပြောဆိုရန်ဟာသဉာဏ်ရှိသည့်အရာများတို့ကိုပြောခြင်းသည် ရယ်မော ခြင်းကိုဖြစ်စေသောကြောင့် ခရစ်တော်နှင့်သက်ဆိုင်သောအရာမဟုတ်ပါ။ အချိန် မတန်ဘဲပျော်ရွှင်ရယ်မောခြင်းသည် စိတ်ဓာတ်ကိုပျက်ပြားစေသောအလေ့အထ ဖြစ်သည်။ တစ်နေ့တာအတွက် အရာခပ်သိမ်းကို ကျွန်ုပ်တို့သည် ပြောင်လှောင် သရော်ခြင်းသို့ပြောင်းလိုက်သည့်အခါ ဘုရားသခင်၏ဘုန်းတော်ကိုမထင်ရှား စေနိုင်ပါ။ နောက်တစ်နေ့၌ စိတ်ပျက်ခြင်းနှင့်မျှော်လင့်ခြင်းကင်းလုနီးပါးဖြစ် ပြီး၊ ခရစ်တော်ထံမှအလင်းမရရှိဘဲ အပြစ်ရှာရန်နှင့်ညည်းညူမြည်တမ်းရန် အဆင်သင့်ဖြစ်ပေလိမ့်မည်။ ဘုရားသခင်သည် သူ၏သားသမီးများတို့၏ စာရိတ္တခိုင်မာခြင်း၊ ခွန်အားနှင့်ပြည့်ဝခြင်းနှင့်ခိုင်မြဲခြင်းရှိကြောင်း သူတို့ဖော်ပြ သည့်အခါနှင့် သူတို့သည် ရွှင်လန်းခြင်း၊ ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်းနှင့် ပြည့်ဝသည့်ပင်ကိုယ်စိတ်နေစိတ်ထားရှိကြသောအခါ သူ့အားကျေနပ်နှစ်သက် စေပါသည်။ [Ev 642.1] EvBur 851.2

အကယ်၍ စိတ်သဘောထားသည် ကောင်းကင်အရာများအပေါ်ဗဟို ပြုပါက အပြောအဆိုတို့သည် လမ်းကြောင်းတစ်ခုတည်း၌ရှိနေမည်ဖြစ်သည်။ စိတ်နှလုံးသည် ခရစ်ယာန်မြော်လင့်ခြင်း၏လေးနက်သောအတွေးဖြင့် ပြည့်လျှံ မည်ဖြစ်ပြီး၊ အလွန်ကြီး၍တန်ဖိုးရှိသောကတိတော်များတို့သည် ကျွန်ုပ်တို့၏ ခွန်အားပေးခြင်းအတွက် မှတ်တမ်းကျန်ရစ်မည်ဖြစ်သည်။ ထိုနောက် ဘုရားသခင် ၏ကရုဏာနှင့်ကောင်းမြတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်းသည် လှုံ့ဆော်စရာမလိုဘဲ အလိုအလျောက်ဖြစ်ပေါ်ကာ ၎င်းပျော်ရွှင်ခြင်းသည် မည်သူသမျှလုယူနိုင်မည်မဟုတ်ပါ။ Review and Herald, June 10, 1884. [Ev 642.2] EvBur 852.1

ပျော်ပျော်နေတတ်သောဓမ္မဆရာများ - သင်၏နယ်အတွင်း၌ လူတစ်ယောက် ရှိသည်။ (ကျွန်ုပ်သူ့နာမည်မသိပါ။) ထိုသူသည် နယ်အတွင်း၌ ဓမ္မဆရာ တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ရန်မသင့်လျော်ပါ။ အကြောင်းမှာ၊ အမှန်တရား ရှာဖွေသောသူတို့၏စိတ်ထဲ၌ သူ၏သြဇာသည် လက်ခံ၍မရခြင်းကြောင့်ဖြစ် သည်။ ထိုသူကိုကျွန်ုပ်အားညွှန်ပြရာ ဤစကားသံကိုကြားရပါသည်။ “ဘုရားသခင်၏အမှုတော်၌ပြောင်းလဲခြင်းမရှိ၊ နောက်ပြောင်ပြောဆိုတတ်သော ဓမ္မဆရာများမလိုအပ်ပါ။ ဤပုဂ္ဂိုလ်၏စိတ်ဓာတ်သည် ကျွန်ုပ်တို့ပါဝင်လုပ်ဆောင် ကြသော အလွန်အရေးကြီးသည့်အလုပ်နှင့် လုံးဝညီညွတ်ခြင်းမရှိပါ။” ကျွန်ုပ် တို့ယုံကြည်သောအမှန်တရားကို သူတစ်ပါးယုံကြည်ရန် မည်သည့်ပေါ့ဆသော သူတစ်ဦးတစ်ယောက်မျှ ဟောပြောရန်မလိုပါ။ ပေါ့ပေါ့ဆဆ၊ ပျော်ပျော်ပါးပါး စိတ်နေစိတ်ထားရှိသူတစ်ဦးသည် အသင်းတော်များကို သူ၏စိတ်ဓာတ် တစ်မျိုးတည်းဖြင့်ဖောင်းကြွစေပြီး ကောင်းသောအမှုဆောင်ဆယ်ယောက်ပင် ၎င်းမကောင်းသောစိတ်ဓာတ်ကို ဖျောက်ဖျက်၍မရပါ။ [Ev 642.3] EvBur 852.2

ဘုရားသခင်၏ပြောင်းလဲခြင်းတန်ခိုးသည် ဓမ္မဆရာများတို့၏စိတ်နှလုံး ထဲသို့ရောက်ရှိလာရမည်။ ထိုသို့မဟုတ်ပါက သူတို့သည် အခြားသောအလုပ် ကိုရှာရပါမည်။ အကယ်၍ခရစ်တော်၏သံတမန်များတို့သည် လူတို့ထံသို့ အမှန်တရားဟောပြောခြင်း၏လေးနက်မှုကိုနားလည်ပါက သူတို့သည် မိမိတို့ ၏ကိုယ်ကိုဆင်ခြင်သောသူ၊ တွေးတောတတ်သောသူများ၊ ဘုရားသခင်နှင့်အတူ အမှုဆောင်များဖြစ်ကြပါလိမ့်မည်။ အကယ်၍သူတို့သည် ခရစ်တော်၏တပည့် တော်များကို သူပေးခဲ့သောစေခိုင်းချက်၏ မှန်သောအသိတရားရှိကြပါက သူတို့ သည် ရိုသေလေးစားစွာဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖွင့်ပြီး ဘုရားသခင်ထဲမှညွှန်ကြားချက်ကိုနားထောင်ကာ ကောင်းကင်မှပညာကိုတောင်းခံ ခြင်းနှင့် သူတို့သည် အသက်ရှင်သောသူနှင့်သေသောသူစပ်ကြား၌ မတ်တတ်ထ နေသကဲ့သို့၊ သူတို့သည် ဘုရားသခင်ထံသို့ သူတို့၏လက်ထဲမှလုပ်ဆောင် ခဲ့သည့်ရလဒ်ကို စာရင်းရှင်းရန်ပေးအပ်ရမည်ဖြစ်ကြောင်း သူတို့နားလည်ကြ ပါလိမ့်မည်။ [Ev643.1] EvBur 853.1

ယေရှုမပါဘဲ ဓမ္မဆရာဘာပြုလုပ်နိုင်မည်နည်း။ ဘာမျှမလုပ်နိုင်ပါ။ ထိုနောက် အကယ်၍သူသည် ပေါ့ပေါ့ဆဆနှင့်ပြက်လုံးထုတ်တတ်သောသူ ဖြစ်ပါက ဘုရားသခင်ပေးသောတာဝန်ကိုဆောင်ရွက်ရန် အဆင်သင့်ရှိမည် မဟုတ်ပါ။ ယေရှုပြောသည်မှာ၊ “ငါနှင့်ကွာလျှင်၊ သင်တို့သည် အဘယ်အမှု ကိုမျှမတတ်နိုင်ကြ။” နှုတ်မှထွက်ပေါ်လာသော မထီလေးစားစကားများ၊ တန်ဖိုး မဲ့ပုံတိုပတ်စများ၊ ရယ်မောဖွယ်ပြောဆိုသောစကားများအားလုံးတို့သည် ဘုရားသခင်၏နှုတ်ကပတ်မှ မကောင်းသောအရာများဖြစ်ကြောင်းပြောပြီး သန့်ရှင်းသောပလ္လင်ပေါ်၌ လုံးဝနေရာမရှိပါ။ Ev 643.2] EvBur 853.2

ဓမ္မဆရာများတို့သည် ပြောင်းလဲသောသူများမဟုတ်ပါက အသင်းတော် များတို့သည် မကြာခဏဖျားနာပြီး သေဆုံးသွားမည်ဖြစ်သည်။ ဘုရားသခင် ၏တန်ခိုးသာလျှင် လူသားတို့၏စိတ်နှလုံးကိုပြောင်းလဲပေးစေနိုင်ပြီး ခရစ်တော် ၏မေတ္တာဖြင့်ပြည့်ဝစေလိမ့်မည်။ ဘုရားသခင်၏တန်ခိုးသာလျှင် ပြင်းထန် သောစိတ်များတို့ကိုပြုပြင်၍ ပျော့ပျောင်းစေနိုင်ပြီး၊ ချစ်ခင်မြတ်နိုးခြင်းကို ဖြူစင် စေနိုင်ပါသည်။ ဓမ္မဆရာအားလုံးတို့သည် မိမိတို့၏နေမြင့်သောစိတ်နှလုံး တို့ကို နှိမ့်ချရပါမည်။ သူတို့၏အလိုဆန္ဒကို ဘုရားသခင်၏အလိုဆန္ဒသို့ အပ်နှံပြီး သူတို့၏အသက်တာကို ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက်ထား ရပါမည်။ [Ev 643.3] EvBur 854.1

သာသနာလုပ်ငန်း၏ရည်မှန်းချက်သည် မည်သည့်အရာဖြစ်သနည်း။ ၎င်းသည် ရယ်ရွှင်ဖွယ်ကောင်းသောအရာကို ဘာသာရေးကိစ္စနှင့်ရောထွေးစေ ရမည်လား။ ဇာတ်ရုံသည် ထိုသို့သောပွဲများအတွက်ဖြစ်သည်။ အကယ်၍ ခရစ်တော်သည် စိတ်နှလုံးအတွင်း၌ကိန်းအောင်းနေပါက၊ အကယ်၍ အမှန် တရားနှင့်၎င်း၏ဖြူစင်သောတန်ခိုးသည် စိတ်နှလုံး၏တဲတော်အတွင်းသို့ယူဆောင် လာပါက သင်တို့အထဲ၌ လူရွှင်တော်ရှိမည်မဟုတ်ပါ။ ပျက်စီးသောဝိညာဉ် များကို ခရစ်တော်၏တန်ဖိုးရှိသောသင်ခန်းစာများနှင့်သင်ပေးနိုင်မည့် ဒေါသ ကြီးသော၊ စိတ်ဓာတ်မကောင်းသော၊ စိတ်ဆတ်သောပုဂ္ဂိုလ်များတို့လည်း ရှိမည်မဟုတ်ပါ။ Letter 15, 1890. [Ev 644.1] EvBur 854.2

သတိရှိစွာလျှောက်လှမ်းခြင်း - ဣန္ဒြေရခြင်းအားလုံး၊ အလွန်အများ၌ ဖြစ်တတ်သည့်အရာ၊ ပွဲလမ်းသဘင်ဆန်သောအမူအရာများ၊ ပေါ့ဆခြင်းနှင့် တန်ဖိုးမရှိသောအရာများအားလုံး၊ ရယ်မောစရာနှင့်ပြောင်လှောင်ခြင်းအားလုံး တို့ကို ခရစ်တော်၏ထမ်းပိုးထမ်းရွက်သောသူအားလုံးတို့မှ “မသင့်လျော်သော အရာများ” အဖြစ် တွေ့မြင်ရပါမည်။ ၎င်းတို့သည် ဘုရားသခင်ကိုပြစ်မှား ခြင်းနှင့် ခရစ်တော်ကိုငြင်းပယ်ခြင်းဖြစ်ပါသည်။ ခိုင်မာသောအတွေးနှင့်ခိုင်မာ သောအလုပ်အတွက် မသင့်လျော်သောသဘောထားဖြစ်ပါသည်။ ၎င်းသည် လူတို့အား အရည်အသွေးမရှိသူများ၊ အပေါ်ယံသမားများနှင့် ဝိညာဉ်ရေးရောဂါ ခံစားရသူများတို့ကို ပြုလုပ်ပေးပါသည်။ [Ev 644.2] Z EvBur 854.3

ဓမ္မအမှုဆောင်တိုင်း တည်ငြိမ်အေးဆေးသောသူများဖြစ်ကြပါစေ။ ခရစ်တော်၏အသက်တာကို သူတို့လေ့လာကြသောအခါ၊ သတိရှိစွာဖြင့် လျှောက်လှမ်းခြင်းလိုအပ်ကြောင်း သူတို့တွေ့မြင်ရလိမ့်မည်။ အကယ်၍ သူတို့ သည် ဖြောင့်မတ်ခြင်း၏နေမင်းနှင့်ဆက်သွယ်ခြင်း၊ ရွှင်လန်းပျော်ရွှင်သောစိတ် ဖြင့် သူတို့အားအမှောင်ထုထဲမှ သူ၏အံ့သြဖွယ်သောအလင်းသို့ခေါ်ဆောင် သော သူ၏ချီးမွမ်းခြင်းကိုပြသနိုင်ပါက ၎င်းအတိုင်းသူတို့ဖြစ်နိုင်ရုံမျှမက ဖြစ်ပါလိမ့်မည်။ အပြောအဆိုများတို့သည် ဖြူစင်မည်ဖြစ်ပြီး၊ သိမ်ဖျင်းသော စကားများမှ လုံးလုံးကင်းစင်ပေလိမ့်မည်။ Manuscript 8a, 1888. [Ev 644.3] EvBur 855.1