Go to full page →

အမှုထမ်းရန်တင်လျှောက်ခြင်း EvBur 855

သူ၏အမှုတော်၌ဆက်ကပ်ခြင်း - ခရစ်တော်သည် သူလာပြီးဆောင်ရွက်ရန် အလုပ်၌ စိတ်ဝင်စားလျက်၊ အချိန်ကိုအသုံးပြုခဲ့သည်။ ပျောက်ဆုံးသောသူ များတို့အား ကယ်တင်ရမည့်အလုပ်အတွက် သူ၏ကြီးမားသောမေတ္တာကို ထူးခြားသောအချိန်အခါတိုင်း၌ သူဖော်ပြခဲ့ပါသည်။ Manuscript 132, 1902. [Ev 644.4] EvBur 855.2

အမှုဆောင်၏နှလုံးသားအလုပ် - ဤအလုပ်ကို ဘုရားသခင်၏အလုပ် ကဲ့သို့လုပ်ဆောင်ပါ။ စဉ်းစားခြင်းနှင့်သည်းခံခြင်းဖြင့် ၎င်းအလုပ်ကိုဆောင်ရွက် ပါ။ ဤအလုပ်သည် သခင်ထောက်ခံမည့် စစ်မှန်သောအလုပ်ဖြစ်သည်။ သင့်အပေါ်၌ကျရောက်သောတာဝန်ကို ရှင်းလင်းသောအသိတရားဖြင့်ဆောင်ရွက် ပါ။ ဘုရားသခင်၏ကောင်းကင်တမန်များတို့သည် သင်နှင့်အတူရှိပြီး၊ သစ္စာ ရှိသောသူများအပေါ် ကောင်းကင်တံဆိပ်ကိုရိုက်နှိပ်ပြီး သစ္စာမရှိသောသူတိုင်း တို့အား စီရင်သွားမည်ကိုသင်သိရှိပါ။[Ev 644.5] နားပိမှာ EvBur 855.3

ဆောင်ရွက်ရန်လိုအပ်သည့်အရာများတို့ကို ရဲရင့်စွာဆောင်ရွက်ပြီး၊ ၎င်းလုပ်ငန်းထဲ၌ စိတ်ဝင်စားမှုကိုထားလျက် ပျော်ရွှင်စွာဆောင်ရွက်ခြင်းအား ဖြင့် အောင်မြင်မှုကိုရယူပါ။ ထိုသို့ဖြင့် ဘုရားသခင်၏ဘုန်းတော်ကို သင်ထင်ရှား စေလိမ့်မည်။ [Ev 645.1] EvBur 856.1

သင်၏အလုပ်ကိုသစ္စာရှိစွာလုပ်ဆောင်သကဲ့သို့ သင်၏စိတ်ဓာတ် သည် ခရစ်တော်၏စိတ်ဓာတ်သို့ ပြောင်းလဲသွားလိမ့်မည်။ ဆုတောင်းခြင်း နှင့်အသနားခံခြင်းအားဖြင့် ဘုရားသခင်၏ကောင်းချီးကတိတော်အတွက်ရှာဖွေ ပါ။ အလုပ်ပြီးမြောက်ရန်အတွက် မှန်သောအသိဥာဏ်ကိုသင့်အားပေးရန် ဘုရားရှင်ထံသို့တောင်းခံပါ။ မည်သို့သောဆန့်ကျင်သည့်သြဇာအားဖြင့် သင်၏ ကိုယ်ကိုဆွဲဆောင်ခြင်း၊ သို့မဟုတ် ဟန့်တားခြင်းမဖြစ်စေပါနှင့်။ သင့်မိတ်ဆွေ များအတွက် ကောင်းချီးမင်္ဂလာဖြစ်စေရန်၊ သင်၏တာဝန်ကို သစ္စာရှိစွာဖြင့် ဆောင်ရွက်ပါ။ လုပ်ငန်းပြီးစီးရန်အတွက် သင်၏လုပ်ငန်းအပေါ် သင်အပြည့် အဝစိတ်ဝင်စားခြင်းရှိသကဲ့သို့ သင်၏လုပ်ဖော်ကိုင်ဖက်များတို့နှင့် စစ်မှန် သောမိတ်သဟာယဖွဲ့ခြင်းသို့ သင့်အားပို့ဆောင်ပေးလိမ့်မည်။ သင်၏ညီအစ်ကို အထဲ၌ ခရစ်တော်ကိုသင်တွေ့မြင်ရလိမ့်မည်။ Ev 645.2] EvBur 856.2

စိတ်ဝင်စားခြင်းမရှိသောအလုပ်အားလုံးသည် ငြီးငွေ့ဖွယ်ရာဖြစ်သည်။ အချိန်သည် ရွှေကဲ့သို့တန်ဖိုးရှိသည်။ လုပ်ဆောင်ရန်အလုပ်ရှိပြီး၊ လုပ်ဆောင် ကြသောအခါ စိတ်ပါဝင်စားစွာဖြင့်လုပ်ဆောင်ကြရမည်။ ဘုရားသခင်တာဝန် ပေးထားသောလုပ်ငန်းကို ကျွန်ုပ်တို့လုပ်ဆောင်ကြရမည်။ အေးအေးဆေးဆေး၊ ပျင်းပျင်းရိရိဖြင့်မဟုတ်ဘဲ မေတ္တာဖြင့်လုပ်ဆောင်ကြရမည်။ သင်၏လုပ်ငန်း၌ သင်၏အမြင့်ဆုံးသောတန်ခိုးနှင့် ကြင်နာသနားခြင်းများအားဖြင့်လုပ်ဆောင်ပါ။ သင်နှင့်အတူခရစ်တော်ပါရှိကြောင်း သင်တွေ့ရလိမ့်မည်။ သူပါရှိခြင်းအားဖြင့် သင့်ဝန်ထုပ်ပေါ့ပြီး၊ သင့်စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝလိမ့်မည်။ ဘုရားသခင်နှင့်ညီညွတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းနှင့်ယုံကြည်စိတ်ချခြင်း တို့ဖြင့် လုပ်ဆောင်နိုင်ကြပေလိမ့်မည်။ [Ev 645.3] EvBur 856.3

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုအစပြုပြီး အဆုံးစီရင် သောခရစ်တော်ကို အမြဲကြည့်ပြီး၊ ကျွန်ုပ်တို့၏လက်တွင်းသို့ပေးအပ်ထားသော တာဝန်များတို့ကို သစ္စာရှိစွာဆောင်ရွက်ကြသော ရိုးသားပြီးစိတ်အားထက်သန် သည့်ခရစ်ယာန်များဖြစ်ကြရမည်။ ကျွန်ုပ်တို့ရရှိမည့်ဆုလာဘ်သည် ကျွန်ုပ် တို့၏အောင်မြင်ခြင်းအပေါ်၌အမှီမပြုဘဲ ကျွန်ုပ်တို့၏အလုပ်ကိုဆောင်ရွက်သွား သောစိတ်ဓာတ်အပေါ်၌သာ အမှီပြုပါသည်။ [Ev 645.4] EvBur 857.1

လူတစ်ကိုယ်လုံး၏တန်ခိုးများတို့သည် ကိုယ်ကျိုးမငဲ့သည့်အမှုတော် ၌ ပါဝင်ထမ်းဆောင်ရမည်။ စွမ်းရည်တိုင်းကိုအသုံးပြုကြရမည်။ အတိတ် ကာလထက် အနာဂတ်ကာလ၌ပို၍ထောင်းစေရန် တိုးတက်မှုပြုပါ။ သင်၏ စွမ်းရည်များကိုလဲလှယ်သူများထံသို့ဖော်ပြပါ။ အကြောင်းမှာ ခရစ်တော်သည် ဝိညာဉ်များတို့အတွက် ဆာငတ်လျက်ရှိသည်။ Manuscript 20, 1905. Ev 646.1] EvBur 857.2

ထိုဆေးစွမ်းအားနှင့်တိကျပြည့်စုံခြင်း - ဘုရားသခင်သည် သူ၏အလုပ်ကို ပေါ့ပေါ့ပျက်ပျက်တန်ဖိုးမဲ့ထားပြီးဆောင်ရွက်ခြင်းကို သူမနှစ်သက်ပါ။ မောပန်း နွမ်းနယ်သောအလုပ်တစ်ခုကဲ့သို့ တရွေ့ရွေ့ အချိန်ဆွဲပြီးလုပ်ကိုင်ခြင်းကိုလည်း သူမနှစ်သက်ပါ။ နှောင့်နှေးခြင်း၊ စိတ်မပါသောလှုပ်ရှားခြင်းအားဖြင့် ကျွနု်ပ် တို့၌ဖြုန်းတီးရန်အချိန်မရှိပါ။ ကျွန်ုပ်တို့ဆောင်ရွက်သောအမှုတော်လုပ်ငန်းတိုင်း ၌ စိတ်ဝင်စားမှုကိုထားရှိခြင်းအားဖြင့် ကျွန်ုပ်တို့၏အလုပ်ကို စိတ်ဝင်စားမှု ဖြစ်စေသော၊ ပညာရရှိစေသောအလုပ်ဖြစ်စေလိမ့်မည်။ Letter 147a, 1897.. [Ev 646.2] EvBur 857.3

စွဲရှိသောစွမ်းအားနှင့်ကောင်းမွန်စွာအာရုံစိုက်ခြင်း - ယာယီကိစ္စများနှင့်စီးပွား ရေးလုပ်ငန်းများတို့၌ ဇွဲရှိသောစွမ်းအားနှင့် နီးကပ်စွာအာရုံစိုက်ခြင်းချို့တဲ့နေ သောအခါ၊ ဝိညာဉ်ရေးကိစ္စများတို့၌လည်း တစ်မျိုးတည်းသောချို့တဲ့ခြင်းကို တွေ့ရှိရလိမ့်မည်။ Testimonies, vol. 2, p. 498. [Ev 646.3] ငှာ EvBur 857.4

မာရ်နတ်မှအနိုင်ယူရန်စီမံခြင်း — နှေးကွေးရန်နှင့်ပုံမှန်လုပ်ဆောင်ရန်နှင့် အခွင့်အရေးများတို့ကို တိုးတက်ခြင်းမပြုလုပ်ဘဲကျော်လွန်သွားခြင်းကိုခွင့်ပြုရန် သင်၏ကျဆင်းခြင်းအခြေအနေကို ရည်ညွှန်း၍ပြသခဲ့ပြီးသည်နှင့် သင်သည် အချိန်တန်ဖိုးမံထားခြင်း၊ စိတ်ဝင်စားမှုမရှိခြင်းနှင့် ကိစ္စများတို့ကိုပုံမှန်သဘော အားဖြင့်ဆောင်ရွက်သွားခြင်းကြောင့် တစ်ကြိမ်ပြီးတစ်ကြိမ် သင့်ကိုမာရ်နတ် အနိုင်ယူသွားခဲ့ပါသည်။ ဘုရားရှင်ထံမှစိမ်းကားသွားသောသူများတို့နှင့် ဖြစ်ခဲ သောဂရုမမူသည့်အလုပ်၌ သင်ပါဝင်လုပ်ဆောင်ရသည့်အတွက် သူတို့၏ ကိုယ်စား စိတ်ထက်သန်စွာအကောင်းဆုံးကြိုးစားလုပ်ဆောင်သောသူတို့ကို လိုအပ်လျက်ရှိပါသည်။ EvBur 858.1

အကယ်၍ သင်၏လုပ်ငန်းများအတွက် သင်သည် ဤအချိန် တစ်လျှောက်၌ ချိုင့်ဝှမ်း၌သာလျှင်ရှိနေပြီး သင်၏အောင်မြင်မှုကိုဖော်ပြနိုင် သည့်အရာဘာမျှမရှိပါက ဤလုပ်ငန်းအတွက်သင်သည် ဆောင်ရွက်ရန်မသင့် လျော်သူတစ်ယောက်ဖြစ်သည်ဟု ကျွန်ုပ်ထင်ပါသည်။ [Ev 646.5] EvBur 858.2

ဤစည်းဝေးများကိုတတ်အားသရွေ့ စိတ်ဝင်စားဖွယ်အကောင်းဆုံး ပြုလုပ်ရန် သင်စီမံပါသလား။ သင်သည် ဤလုပ်ငန်းအပေါ် ဝန်ထုပ်အဖြစ် သင်ထားလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ သင်သည် တဲ၌နေပါသလား၊ မြေပြင်ပေါ်၌နေပါသလား၊ သို့မဟုတ် အိမ်ပြန်ရန်အတွက် နေ့စဉ်လိုအပ် သည့်အရာများကိုပြုလုပ်ပြီး လုပ်ငန်းနှင့်မသက်ဆိုင်သောဝန်ထုပ်များတို့ကို စုသိမ်းထားပါသလား။ ဘုရားရှင်အမှုတော်၌ ဤအလုပ်သည် မှောင်မိုက် သောအကျင့်စရိုက်ရှိသူများတို့နှင့်ရင်ဆိုင်ရခြင်း၊ ကိုယ်ကျိုးစွန့်ရန်လိုအပ်ခြင်း၊ ရုန်းကန်ရန်၊ ဇွဲလုံ့လဖြင့်ကြိုးစားလုပ်ဆောင်ရန်နှင့် ထက်သန်သောယုံကြည် ခြင်းရှိရန်လိုအပ်သည်။ အများသောသူတို့သည် အကယ်၍မိမိတို့အခွင့်အရေး ရရှိကြပါက၊ ဘုရားသခင်အတွက်ကြီးမားသောအလုပ်ကိုလုပ်နိုင်သည်ဟု မိမိတို့ကိုယ်ကို. ကြွားဝါကြပါသည်။ သို့သော် သူတို့အားအရာတစ်ခုခုမှ အမြဲတားဆီးထားပါသည်။ ဘုရားသခင်သည် သူတို့ဆန္ဒရှိသည့်အတိုင်းမလုပ် နိုင်ရန် သူတို့၏လမ်းကိုကာဆီးထားပါသည်။ ကျွန်ုပ်တို့၏လမ်းခရီး၌ မည်သည့်ကြီးမားသောအခွင့်အရေးကို မျှော်လင့်၍မရပါ။ သို့သော် ချက်ချင်း ဆောင်ရွက်နိုင်သည့် စွမ်းအားကောင်းသောလုပ်ဆောင်ခြင်းဖြင့် ကြုံတွေ့ရ သောအခွင့်အရေးများတို့ကို ကျွန်ုပ်တို့ဆုပ်ကိုင်ပြီး၊ ဤအခွင့်အရေးများကိုယူကာ အခက်အခဲများတို့ကို ပိုင်ပိုင်နိုင်နိုင်ကျော်လွှားပါ။ Ev 646.6] EvBur 858.3

သင်သည် ကောင်းကင်မှအရေးကြီးသောစွမ်းအားကို လိုအပ်ပါသည်။ ကျွန်ုပ်တို့၏အလုပ်၌ ပူနေသောသံကိုရိုက်ရုံသာမဟုတ်ဘဲ၊ ရိုက်ခြင်းအားဖြင့် သံကိုပူအောင်ပြုလုပ်ရပါမည်။ နှေးကွေးသော၊ လွယ်ကူသော၊ ပျင်းရိသော လှုပ်ရှားခြင်းများသည် ဤအလုပ်၌ကျွန်ုပ်တို့အတွက် ဘာမျှအကျိုးပြုမည်မဟုတ် ပါ။ ကျွန်ုပ်တို့သည် အချိန်အခါမရွေး အဆင်သင့်အမြဲရှိရမည်။ ဤအရာ တို့သည် အလုပ်အတွက်အရေးကြီးသောအရာဖြစ်သည်။ တုံ့ဆိုင်းခြင်းနှင့်အချိန် ဆွဲခြင်းအားဖြင့် ကောင်းသောအခွင့်အရေးများစွာတို့ကို ကျွန်ုပ်တို့ဆုံးရှုံးကြရ ပါသည်။ [Ev 647.1] EvBur 859.1

သင်ဆောင်ရွက်သောလုပ်ငန်း၏လမ်း၌ ကာဆီးထားသောအရာသည် ဆုံးဖြတ်ချက်မချနိုင်ခြင်း၊ ရည်ရွယ်ချက်ပျော့ညံ့ခြင်း၊ မပြတ်သားခြင်းတို့ ဖြစ်သည်။ ဘုရားသခင်သည် သင့်ကိုလက်နက်တပ်ဆင်ပေးပြီး၊ သင်၏သခင် အလုပ်ကိုဆောင်ရွက်နိုင်ပါစေ။ Letter 13, 1886. [Ev 647.2] EvBur 859.2

လုံ့လဝီရိယရှိခြင်း၊ သစ္စာရှိခြင်း၊ ခေါင်းဆောင်မှုကိုနာခံခြင်း - ခရစ်တော် နိုင်ငံတော်၏စိတ်ဝင်စားခြင်းများတို့သည် ယာယီတည်မြဲသောအရာများတို့ထက် ပို၍အရေးကြီးသောလုံ့လဝီရိယရှိခြင်းနှင့်သစ္စာရှိခြင်းများ၊ ဝိညာဉ်ရေးနှင့်ထာဝရ တည်မြဲသောအရာများတို့ကို ပို၍ကြီးမားသောအတိုင်းအတာ၌ စွဲလမ်းခြင်းရှိ ရန်တောင်းဆိုပါသည်။ ပျော့ညံ့သောလုပ်ဆောင်ခြင်း၊ ပျင်းရိခြင်း၊ နှောင့်နှေး သောလှုပ်ရှားခြင်းမရှိရပါ။ ထိုအရာတို့သည် ကျွန်ုပ်တို့ကိုယ်တိုင်၏ဝိညာဉ် များနှင့် အခြားသူများတို့၏ဝိညာဉ်များအတွက်ကိုပါ ဘေးအန္တရာယ်ကျရောက် စေမည်ဖြစ်သည်။ Ev 647.3] EvBur 859.3

တပ်တစ်တပ်သို့ဗိုလ်ချုပ်ကြီးမှပေးသောအမိန့်ကို မိမိလက်အောက်ရှိ အရာရှိများတို့မှ သူတို့အတွက်ပေးသောအမိန့်သည် မှန်ကန်ခြင်းမရှိသောကြောင့် နာခံရန်ငြင်းပယ်ရမည်လား။ ထိုကဲ့သို့ပြုပါက တပ်တစ်တပ်လုံးအတွက် ဆုံးရှုံး ခြင်းပင်ဖြစ်ပါလိမ့်မည်။ စစ်သားများအားလျော့သွားကြမည်ဖြစ်သည်။ သူတို့ ၏စိတ်ထဲ၌ထွက်ပေါ်လာသည့်မေးခွန်းမှာ ဤကဲ့သို့ပြုခြင်းသည် ပို၍ကောင်း သောနည်းလမ်းတစ်ခုမဟုတ်ပါလား။ သို့သော် ပို၍ကောင်းသောလမ်းရှိမည် ဖြစ်သော်လည်း အမိန့်ကိုသာနာခံရမည်ဖြစ်ပါသည်။ သို့မဟုတ်လျှင် ဆုံးရှုံး ခြင်းနှင့်ကြီးမားသောဘေးအန္တရာယ်ကို ကြုံတွေ့ကြရမည်ဖြစ်သည်။ ခေတ္တဆိုင်းငံ့ ခြင်းသည် အောင်မြင်ရမည့်အခွင့်အရေးကိုမရရှိဘဲ ဆုံးရှုံးခြင်းသာလျှင်ဖြစ်ပါ လိမ့်မည်။ [Ev 647.4] EvBur 860.1

ကောင်းသောစစ်သားတိုင်း စစ်ဗိုလ်မှချမှတ်ထားသောအမိန့်ကို လုံးလုံး လျားလျားလျင်မြန်စွာနားထောင်သူများဖြစ်ကြသည်။ အမိန့်ပေးသူ၏အလိုဆန္ဒ သည် စစ်သား၏အလိုဆန္ဒဖြစ်ရမည်။ တစ်ခါတစ်ရံ စစ်သားသည် ပေးသော အမိန့်အတွက်အံ့အားသင့်ပေလိမ့်မည်။ သို့သော် အကြောင်းရင်းကိုစုံစမ်းမေးမြန်း ခြင်းမပြုရပါ။ စစ်ဗိုလ်၏အမိန့်သည် စစ်သား၏အလိုဆန္ဒနှင့်ဆန့်ကျင်နေ သော်လည်း ဆိုင်းငံ့ရန်၊ စောဒကတက်ပြီး ဤစီမံကိန်းများမမှန်ကြောင်း ကျွန်ုပ်တွေ့ ရသည်ဟု ပြောစရာမလိုပါ။ ဆင်ခြင်ပေးပြီးလုပ်ရမည့်အလုပ်ကို ချန်ထားခြင်းမပြုရပါ။ ၎င်းစစ်သားများတို့သည် လောကလုပ်ငန်း၌ပါဝင် လုပ်ဆောင်ရန်မသင့်လျော်သည့်အတွက် လက်ခံ၍မရသကဲ့သို့ ခရစ်တော်၏ တပ်ထဲ၌ တပ်သားများအဖြစ်လက်ခံရန် ပို၍မသင့်လျော်သောသူများဖြစ်ပါ လိမ့်မည်။ ခရစ်တော်အမိန့်ပေးသောအခါ မဆိုင်းမတွဘဲ သူ၏တပ်သားများ နာခံကြရပါလိမ့်မည်။ သူတို့သည် သစ္စာရှိသောစစ်သားများဖြစ်ရမည်။ သို့မဟုတ်လျှင် သူတို့ကိုခရစ်တော်လက်ခံမည်မဟုတ်ပါ။ လွတ်လပ်စွာရွေးချယ် ပိုင်ခွင့်ကို လူတိုင်းအားပေးထားပါသည်။ သို့သော် လူတစ်ယောက်ပါဝင်ရန် စာရင်းသွင်းလာသောအခါ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သူသည် သံမဏိ ကဲ့သို့ခိုင်မာစွာသစ္စာရှိရမည်။ Manuscript 71/2, 1900. [Ev 648.1] EvBur 860.2

စည်းကမ်းရှိသော၊ ပုံပန်းကျသောစိတ်သဘောထားလိုအပ်သည် - နှုတ်ကပတ် ကိုသင်ကြားသောသူတို့သည် စိတ်ဓာတ်နှင့်ဆိုင်သောစည်းကမ်းကို မရှောင်ရှား သင့်ပါ။ အမှုဆောင်တိုင်း၊ ကုမ္ပဏီဝန်ထမ်းများတို့သည် မှန်သောအတွေးနှင့် အပြုအမူအကျင့်ဓလေ့များ၏ဆောက်တည်ခြင်းသို့ ပို့ဆောင်နိုင်ရန်အတွက် ဇွဲလုံ့လဖြင့်ကြိုးစား၍ ဥပဒေများနှင့်စည်းကမ်းချက်များတို့ကို ချမှတ်ထားပါ သည်။ ထိုသို့သောသင်တန်းသည် သူတို့၏သာသနာ့လုပ်ငန်းအမှားများကင်းရှင်း ရန်နှင့် သူတို့၏တရားဟောချက်များရှင်းလင်းခြင်း၊ တိကျခြင်း၊ သဘောပေါက် ခြင်းရှိစေရန်အတွက် ပျိုရွယ်သောအမျိုးသားများအတွက်ပါမက ဝါရင့်အမှု ဆောင်များတို့အတွက်ပါ လိုအပ်ပါသည်။ [Ev 648.2] EvBur 861.1

တချို့စိတ်ဓာတ်များတို့သည် အခြားအရာများတို့ထက်ရှေးကျသည့် ရှားပါးသောဆိုင်တို့နှင့်ပို၍တူပါသည်။ ပုံမမှန်သောအပိုင်းအစများစွာနှင့် အမှန် တရား၏ကျန်ကြွင်းသောအပိုင်းအစလေးများတို့ကိုကောက်ယူပြီး သိမ်းဆည်း ထားပါသည်။ သို့သော် ရှင်းလင်းစွာနှင့်ဆက်သွယ်ပေးနိုင်သောအမူအရာဖြင့် ၎င်းတို့ကိုမည်ကဲ့သို့ဟောပြောရမည်ကို သူတို့မသိပါ။ EvBur 861.2

၎င်းသည် ဤအတွေးအခေါ်များမှာ တစ်ယောက်နှင့်တစ်ယောက် သူတို့အားတန်ဖိုးပေးသောဆက်သွယ်ခြင်းဖြစ်သည်။ အတွေးအခေါ်တိုင်းနှင့် မိန့်မှာချက်တို့သည် သံကြိုးတစ်ချောင်းကဲ့သို့ သံကွင်းများတို့သည် တစ်ခုနှင့် တစ်ခုနီးကပ်စွာဆက်သွယ်ခြင်းရှိသင့်သည်။ အမှုဆောင်တစ်ဦးသည် များစွာ သောအကြောင်းအရာတို့ကို လူတို့ရှေ့၌ဟောပြောသောအခါ၊ သူတို့ခံယူရန် ခက်ခဲသောကြောင့် သူ၏ဆောင်ရွက်မှုများသည်အကျိုးမရှိပါ။ လူအနည်းငယ် သာ ၎င်းကိုပြုလုပ်နိုင်မည်။ Review and Herald, April 6, 1886. [Ev 648.3] EvBur 861.3

စနစ်ကျသောလုပ်ငန်းသည် အောင်မြင်ခြင်းကိုလျင်မြန်စေသည် - မည်သည့် နည်းစနစ်မျှမရှိသော ပျိုရွယ်သည့်အမျိုးသားနှင့်အမျိုးသမီးများတချို့တို့သည် မိမိတို့၏အလုပ်ကို လုပ်ဆောင်နေကြသည်။ သူတို့သည် အမြဲပင်အလုပ်များ နေသော်လည်း အနည်းငယ်သာအကျိုးခံစားကြရသည်။ သူတို့၏အလုပ်၌ မှားယွင်းသောအတွေးအခေါ်များရှိနေသော်လည်း သူတို့ကြိုးစားလုပ်ဆောင်နေ သည်ဟု သူတို့ထင်ကြသည်။ အကယ်၍ သူတို့၏အလုပ်၌ နည်းစနစ်ကို ကျင့်သုံးပြီး၊ ၎င်းစနစ်ဖြင့် သတိရှိစွာဖြင့်သူတို့လုပ်ဆောင်ရမည့်အလုပ်ကို ဆောင်ရွက်ကြပါက အချိန်တိုတစ်ခုအတွင်း လုပ်ငန်းများစွာပြီးမြောက်မည် ဖြစ်သည်။ အထူးအရေးမကြီးသောကိစ္စများအတွက် အချိန်ဖြုန်းခြင်းအားဖြင့် ပို၍အရေးကြီးသောတာဝန်များတို့ကို ဆောင်ရွက်ကြရမည့်အစား၊ သူတို့သည် အလုပ်ရှုပ်နေကြရပါသည်။ သူတို့သည် အမြဲအလုပ်လုပ်နေကြပြီး သူတို့ ကြိုးစားလုပ်ဆောင်နေသည်ဟု မိမိတို့ကိုယ်ကိုထင်နေကြသော်လည်း သူတို့ ၏ကြိုးစားမှုများမှာ အနည်းငယ်သာအကျိုးသက်ရောက်ခြင်းရှိပါသည်။ The Youth’s Instructor, Aug. 31, 1893. [Ev 649.1] EvBur 862.1

စနစ်နှင့်နှောင့်နှေးမှုမရှိခြင်းသည်အချိန်ကိုတန်ဖိုးထားခြင်းဖြစ်သည် - လုပ်ငန်း ကိုချက်ချင်းစတင်လုပ်ဆောင်ပြီး သေချာစွာကိုင်တွယ်လုပ်ဆောင်တတ်သော သူများရှိကြရမည်။ အရာအားလုံးတို့ကို ကောင်းသောစီမံချက်နှင့် စည်းစနစ် အတိုင်းဆောင်ရွက်ကြရမည်။ ဘုရားသခင်သည် မိမိ၏သန့်ရှင်းသောအလုပ်ကို လူတို့အားအပ်နှံထားပြီး ၎င်းကိုသတိရှိစွာဖြင့်ဆောင်ရွက်ကြရန် သူစေခိုင်း သည်။ အရာခပ်သိမ်းကို ပုံမှန်လုပ်ဆောင်ရန်လိုအပ်သည်။ ချိန်းဆိုထားခြင်း ကို မည်သည့်အခါမျှနောက်မကျစေရပါ။ ဌာန၊ သို့မဟုတ် ရုံးလုပ်ငန်း၌ မလိုအပ်သည့်စကားပြောဆိုခြင်းများဖြင့် အချိန်ကိုမကုန်လွန်သင့်ပါ။ လူတို့ သည် ဘုရားသခင်ထံမှပညာကိုမသင်ယူသောကြောင့် ဘုရားသခင်၏အလုပ် တောင်းဆိုသောအရာများတို့ကို သူတို့၏လုပ်ငန်း၌မရရှိကြပါ။ သူတို့၏ အသက်တာ၌ များစွာသောအရာကိုလုပ်လိုကြပြီး ယနေ့ဆောင်ရွက်ရမည့်အလုပ် ကိုနက်ဖြန်နေ့သို့ရွှေ့ဆိုင်းလိုက်ခြင်းအားဖြင့် အချိန်များစွာကိုဆုံးရှုံးကြရကာ ဆုံးရှုံးသွားသောအရာအတွက် ပင်ပန်းကြီးစွာဖြင့် ပြန်လည်၍လုပ်ဆောင်နေရ ကြပါသည်။ [Ev 649.2] EvBur 862.2

တချို့သောအမှုဆောင်များတို့သည် လုပ်လေ့လုပ်ထအမှုတော်၏ နှေးကွေးသောစနစ်ကို စွန့်လွှတ်လိုက်ရန်လိုအပ်ပြီး၊ မြန်မြန်ဆန်ဆန်လုပ်တတ် သောအကျင့်ကို သင်ယူရပါလိမ့်မည်။ အကယ်၍ ဘုရားရှင်အလိုတော်နှင့် အညီ အမှုတော်ပြီးမြောက်စေလိုပါက စဉ်းစဉ်းစားစားဂရုတစိုက်ဖြင့် မြန်ဆန် သွက်လက်သောအမူအရာဖြင့် ဆောင်ရွက်ကြရလိမ့်မည်။ Manuscript 24, 1887. [Ev 650.1] EvBur 863.1

ကျွန်ုပ်တို့၏ပုံမှန်လည်ပတ်နေသည့်အလုပ်ကိုစီစဉ်ခြင်း - ကြိုးစားလုပ်ဆောင် သောအကျင့်ဓလေ့နှင့်အချိန်တန်ဖိုးထားခြင်းကို မရရှိကြသောအမှုဆောင်များ တို့သည် လုပ်ငန်း၌အချိန်မှန်ရန်၊ လျင်မြန်စွာလုပ်ဆောင်နိုင်ရန် သူတို့အတွက် စည်းမျဉ်းဥပဒေချမှတ်ထားသင့်သည်။ ဂျော့(ရှ်)ဝါရှင်တန်သည် စီးပွားရေး လုပ်ငန်းကြီးမားစွာဆောင်ရွက်နိုင်ရခြင်းမှာ သူသည် ကြိုးစားလုပ်ဆောင်ခြင်း နှင့် အချိန်ကိုလေးစားခြင်းကြောင့်ဖြစ်သည်။ ပေးပို့သောစာတိုင်း၌ ရက်စွဲနှင့် နေရပ်လိပ်စာပါရှိပြီး လမ်းမှားသို့ပြသည်ကိုကြည့်လိုက်သောအခါ မည်သည့် အချိန်မျှပျောက်ဆုံးခြင်းမရှိနိုင်ပါ။ Gospel Workers, pp. 277, 278. (1880) [Ev 650.2] EvBur 863.2

တီထွင်တတ်သောဉာဏ်ကိုအသုံးပြုရန် - သခင်၏စပျစ်ဥယျာဉ်၌ တိကျ သောတာဝန်ကိုဆောင်ရွက်ရသောလုပ်သားတစ်ဦး တာဝန်ပေးအပ်သောအခါ သူ့အားပေးထားသောအလုပ်ကို သစ္စာရှိသည့်လုပ်သားတစ်ဦးအဖြစ် ဘုရားသခင် နှင့်အတူ ထိုစပျစ်ဥယျာဉ်၌အလုပ်လုပ်ဆောင်ရလိမ့်မည်။ လူသား၏စိတ်အားဖြင့် သူ့အားချက်တိုင်းသူဘာလုပ်ရမည်ကိုပြောပြရန် သူစောင့်နေစရာမလိုပါ။ သူ၏ အလုပ်ကိုစီမံပြီး လိုအပ်သလိုသူလုပ်ဆောင်သွားရန်သာဖြစ်သည်။ ဘုရားသခင် သည် ကျွန်ုပ်တို့အသုံးပြုရန် ဦးနှောက်၏တန်ခိုးကိုပေးထားပါသည်။ ယုံကြည် သူများလိုချင်သောအရာနှင့် မယုံကြည်သောသူများလိုအပ်နေသောအရာများ တို့ကို သေချာစွာလေ့လာပြီး၊ သင်၏လုပ်ဆောင်ခြင်းများတို့သည် သူတို့၏ လိုအပ်သောအရာများတို့ကို ဖြည့်ဆည်းပေးနိုင်ရန်ဖြစ်သည်။ သင်ဆောင်ရွက် ရမည့်အရာကို မည်သည့်လူသားများထံသို့မျှ မေးမြန်းရန်မလိုဘဲ၊ ဘုရားရှင် ထံသို့သာမေးမြန်းရပါမည်။ သင်သည် အသက်ရှင်တော်မူသောဘုရားသခင်၏ အစေခံတစ်ဦးဖြစ်ပြီး၊ မည်သည့်လူသားတစ်ဦးတစ်ယောက်မျှ အစေခံတစ်ဦး မဟုတ်ပါ။ လူတစ်ဦး၏အတွေးအခေါ်နှင့်လမ်းညွှန်မှုအောက်၌နေပြီး ဘုရားသခင် ၏အလုပ်ကို ဉာဏ်ရည်ထက်မြက်စွာဖြင့်ဆောင်ရွက်ခြင်းမပြုနိုင်ပါ။ သင်သည် ဘုရားသခင်၏လက်အောက်၌ရှိနေသည်။ Letter 8, 1895. [Ev 650.3] EvBur 863.3

လျင်မြန်စွာဆောင်ရွက်ခြင်းသည် ရှုပ်ထွေးခြင်းကိုပပျောက်စေသည် - အမှုဆောင် များတို့အထဲ၌ ဥဏ်မဲ့ခြင်း၊ ရှုပ်ထွေးခြင်း၊ အပြန်အလှန်နားလည်မှုနှင့်သွက်လက် မှုမရှိခြင်းရှိနေပါသည်။ ဆောင်ရွက်ရမည့်အရာများကို အချိန်မီမဆောင်ရွက် နိုင်ကြပါ။ ထိုကြောင့် ရှုပ်ထွေးခြင်းများနှင့်ခက်ခဲမှုများပေါ်ထွက်လာပြီး၊ စုပေါင်း ဆောင်ရွက်ဖြေရှင်းမှုမရှိခြင်းကြောင့် အောင်မြင်နိုင်ရန်ခက်ခဲရပါသည်။ ဤအခြေ အနေကို အကယ်၍မကုသပါက အတိတ်ကာလထက်အနာဂတ်ကာလအတွက် ပို၍ဆိုးရွားခြင်းကို တွေ့မြင်ခံစားကြရမည်ဖြစ်သည်။ အကြောင်းမှာ အလုပ် တိုးတက်ရန်အတွက်နှင့် ဤအိမ်၌အရေးကိစ္စ၏စုံလင်စွာနားလည်မှုတစ်ခု၏ လိုအပ်ချက်သည် ပို၍ကြီးမားလာမည်ဖြစ်သောကြောင့်ဖြစ်သည်။ မလိုလား အပ်သည့်သတ်မှတ်ချိန်၌ ပြီးမြောက်အောင်ဆောင်ရွက်ရန် အထူးအလုပ်တစ်ခု ကို လျစ်လျူရှုခြင်း၏အကျင့်ဓလေ့ကြောင့် တိကျစွာဆောင်ရွက်နိုင်ခြင်းနှင့် ချန်ထားခဲ့သည့်လျစ်လျူရှုထားသော၊ သို့မဟုတ် မပြီးပြတ်သေးသောအလုပ်ကို လာမည့်အချိန်၌ပြန်လည်ဆောင်ရွက်သွားရန် သုံးဆခက်ခဲမှုနှင့်ကြုံတွေ့ကြရမည် ဖြစ်ပါသည်။ Manuscript 24, 1887. [Ev 650.4] EvBur 864.1

ပုံမှန်အချိန်၌အိပ်ရာမှထခြင်း - တချို့ လူငယ်များတို့သည် အမိန့်နှင့် စည်းကမ်းကို အလွန်ဆန့်ကျင်ကြသည်။ ပုံမှန်အချိန်၌အိပ်ရာမှထရန် အိမ်၏ ဥပဒေများတို့ကိုမလေးစားကြပါ။ မိုးလင်းပြီးနောက် လူတိုင်းလှုပ်ရှားသင့်သော အချိန်အခါ၌ သူတို့သည် နာရီအနည်းငယ်အိပ်ရာပေါ်တွင်လဲလျောင်းနေလျက် ရှိသေးသည်။ သူတို့သည် ကောင်းသောအချိန်ကာလ၌ ပြင်ဆင်ပေးထားသော သဘာဝအလင်းကိုလိုလားကြရမည်ထက် ညဆီမီးကိုထွန်းညှိကာ၊ အလင်းတု အပေါ်မှီခိုနေကြပါသည်။ ဤကဲ့သို့ပြုလုပ်ခြင်းအားဖြင့် တန်ဖိုးရှိသောအခွင့် အရေးများကိုဖြုန်းတီးရုံမျှမကဘဲ အသုံးစရိတ်ကိုပို၍ကုန်ကျစေပါသည်။ သို့သော် ကိစ္စတိုင်းလိုလိုပင် တောင်းဆိုချက်ပြုလုပ်ကြသည်မှာ၊ “ငါ့အလုပ်ကိုငါပြီးမြောက် အောင်မလုပ်နိုင်ပါ။ ငါလုပ်စရာရှိသေးသည်။ ငါစောစောအနားယူလို့မရပါ ” ဟုဖြစ်ပါသည်။ ထိုသို့နှင့်သူတို့သည် သဘာဝနှင့်ကျေးငှက်သတ္တဝါနိုးထမြည်တွန် ကြသော နံနက်စောစောအချိန်၌ အိပ်ရာမှထသင့်ကြသော်လည်း၊ သူတို့သည် နှစ်ခြိုက်စွာအိပ်ပျော်နေကြပါသည်။ တန်ဖိုးရှိသောချမှတ်ထားသည့်အစီအစဉ် ၏အကျင့်ဓလေ့သည် ပျက်စီးသွားပြီး၊ နံနက်စောစောအချိန်၌ ဆုံးရှုံးခဲ့ရသော အချိန်ကြောင့် တစ်နေ့တာအတွက်ဆောင်ရွက်ရမည့်အရာများတို့ကို ပြီးစီးသင့် သလောက်ဆောင်ရွက်နိုင်ခြင်းမရှိတော့ချေ။ [Ev 651.1] EvBur 864.2

ကျွန်ုပ်တို့၏ဘုရားသည် စနစ်ရှိသောဘုရားဖြစ်ပြီး သူ၏သားသမီး များစည်းစနစ်ရှိရန်နှင့် သူ၏စည်းမျဉ်းအောက်၌အသက်ရှင်ရန် သူအလိုရှိသည်။ ထိုကြောင့် ညအချိန်ကိုနေ့ကဲ့သို့ ပြောင်းလိုက်သည့်အကျင့်ကိုဖျက်လိုက်ပြီး၊ လန်းဆန်းသောနံနက်အချိန်ကို ညကဲ့သို့ပြောင်းလိုက်သည့်အကျင့်ကိုလည်း ဖျက်ပစ်လိုက်ရန်မသင့်ကြပါသလား။ The Youth’s Instructor, Jan 28, 1897. [Ev 651.2] EvBur 865.1

မှန်ကန်သောအချိန်အားဖြင့်ရရှိသောအကျိုးများ - ကိစ္စရပ်များတို့၏အချိန် သတ်မှတ်ခြင်းသည် အမှန်တရား၏အကူအညီအတွက်များစွာအကျိုးပြုသည်။ အောင်မြင်ခြင်းများတို့သည် မကြာခဏဖင့်နွှဲခြင်းအားဖြင့် ဆုံးရှုံးကြရသည်။ ဤကိစ္စ၌အကျပ်အတည်းများရှိပေလိမ့်မည်။ မှန်သောအချိန်၌ မြန်ဆန်စွာနှင့် တိကျသောလုပ်ဆောင်ခြင်းသည် ကြီးကျယ်သောအောင်မြင်ခြင်းများကို ရရှိမည် ဖြစ်ပြီး၊ အချိန်ဆွဲခြင်းနှင့်ဂရုမစိုက်ခြင်းသည် ကြီးမားသောဆုံးရှုံးခြင်းများကို ဖြစ်စေပြီး ဘုရားသခင်၏ဘုန်းတော်ကို ရှုတ်ချခြင်းလည်းဖြစ်စေပါသည်။ Testimonies, vol. 3, p. 498. (1875) [Ev 651.3] EvBur 865.2

မှတ်တမ်းစာအုပ်အသုံးပြုခြင်း၏တန်ဖိုး - အကယ်၍ လူငယ်လူရွယ်များတို့ သည် ပုံမှန်ဖြစ်ခြင်းနှင့်စနစ်ရှိခြင်း၏အကျင့်ဓလေ့များကို ပျိုးထောင်ကြပါက ကျန်းမာခြင်း၊ စိတ်ဓာတ်၊ မှတ်မိဉာဏ်နှင့်စိတ်နေစိတ်ထားများတို့သည် သူတို့ ၌တိုးတက်လာပါလိမ့်မည်။ [Ev 652.1] EvBur 866.1

မိမိတို့အသက်တာ၏အကျင့်ဓလေ့၌ တိကျသောစည်းမျဉ်းဥပဒေများ တို့ကို လိုက်လျှောက်ရမည့်အလုပ်သည် လူအားလုံးတို့၏တာဝန်ဖြစ်သည်။ ချစ်သောလူငယ်တို့၊ ဤအရာသည် သင်တို့၏ကိုယ်ခန္ဓာနှင့်ကိုယ်ကျင့်တရား ကောင်းဖို့ရန်အတွက်ဖြစ်သည်။ သင်သည် နံနက်စောစောအိပ်ရာမှထသော အခါ တတ်နိုင်သရွေ့ တစ်နေ့တာအတွက်ပြီးစီးအောင် သင်ဆောင်ရွက်ရမည့် အလုပ်ကိုစဉ်းစားပါ။ အကယ်၍လိုအပ်ပါက မှတ်တမ်းစာအုပ်ငယ်လေးတစ်အုပ် ကိုထားပြီး ပြုလုပ်ရန်လိုအပ်သည့်အရာများတို့ကိုရေးမှတ်ထားကာ၊ သင်၏ အလုပ်ကိုလုပ်ရန် သင်ကိုယ်တိုင်ဆောင်ရွက်ရမည့်အချိန်ကို မှတ်သားထားပါ။ The Youth’s Instructor, Jan. 28, 1897. [Ev 652.2] EvBur 866.2

နာရီအကန့်အသတ်ထားခြင်းမပြုရပါ — (၈) နာရီစနစ်သည် ဘုရားသခင်၏ ဓမ္မဆရာအစီအစဉ်၌ နေရာရှာ၍မရပါ။ မည်သည့်အချိန်မဆို အမှုထမ်းရန် အတွက် မိမိကိုယ်ကိုအဆင်သင့်ပြင်ဆင်ထားရပါလိမ့်မည်။ Gospel Work- ers, p. 451. (1915) [Ev 652.3] EvBur 866.3

ကယ်တင်ရှင်၏ညနေခင်းအလုပ် - ခရစ်တော်သည် တစ်နေ့လုံးသူ့ထံသို့ လာသောသူအားလုံးတို့ကို သူပြုစုပါသည်။ ညနေခင်းအချိန်၌ တစ်နေ့တာ မိမိတို့၏အိမ်ထောင်မိသားစုများတို့ကိုပံ့ပိုးရန်အတွက် ပင်ပန်းစွာကြိုးစားလုပ်ကိုင် ကြပြီး လုပ်အားခအတွက် ရရှိသည့်အခကြေးငွေကို အနည်းငယ်သာရရှိသော လူတန်းစားတို့ကို သူအာရုံပြုခဲ့ပါသည်။ Ministry of Healing, p. 18. (1905) [Ev 652.4] EvBur 866.4

စိတ်ပါစွာလုပ်ဆောင်ခြင်းသည် ဆုတောင်းခြင်း၏အဖြေကို ပေးရာ၌အကူအညီ ပေးသည် - ဘုရားသခင်၏ကောင်းချီးမင်္ဂလာအတွက် ကျွန်ုပ်တို့ဆုတောင်းကြ သောအခါ၊ ကျွန်ုပ်တို့၏ဆုတောင်းခြင်းကို လုံ့လဝီရိယအကောင်းဆုံး၊ သေချာ စွာနှင့်စိတ်အားထက်သန်စွာလုပ်ဆောင်ခြင်းအားဖြင့် ထောက်ခံအားပေးကြရ မည်။ Manuscript 25, 1895. [Ev 652.5] EvBur 867.1

အံ့ဩဖွယ်နိမိတ်လက္ခဏာများအပေါ်မှီခိုခြင်းမပြုနှင့် - သူ၏အမှန်တရား တိုးတက်ရန်အတွက် ယေဘုယျအားဖြင့် ဘုရားသခင်သည် အံ့ဖွယ်နိမိတ် လက္ခဏာများကိုမပြုလုပ်ပါ။ အကယ်၍ လယ်လုပ်သူသည် သူ၏မျိုးစေ့ကို စိုက်ပျိုးခဲ့ပြီးနောက် မြေကိုတူးဆွရန်လျစ်လျူရှုထားပါက ဘုရားသခင်သည် အတုံ့အပြန်ပြုပြီး လျစ်လျူရှုထားသောအကျိုးရလဒ်သေချာစွာရရှိရန် အံ့ဖွယ် နိမိတ်လက္ခဏာကိုပြုလုပ်ပေးမည်မဟုတ်ပါ။ ရိတ်သိမ်းချိန်၌ သူ၏လယ်ကွက် တွင် အသီးမရှိကြောင်းသူတွေ့ ရလိမ့်မည်။ ဘုရားသခင်သည် လူသားများတို့ ၏မိသားစုသို့ဖော်ပြသည့်အတိုင်း ကြီးမားသောစည်းမျဉ်းဥပဒေများနှင့်အညီ သူအလုပ်လုပ်မည်ဖြစ်ပြီး၊ ကျွန်ုပ်တို့၏အပိုင်း၌ ကောင်းသောစီမံကိန်းများကို အသုံးပြုနိုင်သည့်အနေအထားသို့ရောက်ရှိရန်နှင့် ၎င်းနည်းလမ်းများအတိုင်း ဆောင်ရွက်ကြမည်ဖြစ်ပါက ကျိန်းသေသောအကျိုးကျေးဇူးများကို ဘုရားသခင် ပေးလိမ့်မည်။ [Ev 652.6] EvBur 867.2

တိကျပြတ်သားသောကြိုးစားခြင်းကိုမပြုလုပ်ဘဲ လုပ်ဆောင်ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းခြင်းကိုသာ စောင့်နေကြသောသူတို့ သည် မှောင်မိုက်ထဲ၌ပျက်စီးကြရပါလိမ့်မည်။ ဘုရားသခင်ပေးထားသော မည်သည့်နည်းလမ်းများအားဖြင့် သင်လက်လှမ်းမီသရွေ့ သင်မည်မျှကြိုးစား လုပ်ဆောင်ပါသနည်းဟု အံ့ဖွယ်နိမိတ်လက္ခဏာအတွက် စောင့်မျှော်နေသော သူများတို့ကို ကျွန်ုပ်တို့မေးလိုပါသည်။ ယုံကြည်ပါ၊ ယုံကြည်ပါဟူ၍သာ ပြောဆိုပြီး ထူးဆန်းသောလုပ်ရပ်အတွက် ဘုရားသခင်ပြုလုပ်ပေးရန် မျှော်လင့် သောသူတို့အား သင်တို့သည် ဘုရားသခင်၏အမိန့်တော်ကိုဖော်ပြရန် သင့်ကိုယ် ကိုအပ်နှံပါသလားဟု ကျွန်ုပ်တို့မေးလိုပါသည်။ “သင်လုပ်ပါ” နှင့် “သင်မလုပ် ပါနှင့်” ဟု ဘုရားသခင်ပြောခဲ့ပါသည်။ [Ev 653.1] EvBur 867.3

စွမ်းရည်များ၏ဥပမာပုံပြင်ကိုလေ့လာပြီး လူတိုင်းတို့အား ဘုရားပေး ခဲ့သောမိမိတို့၏အလုပ်အကြောင်းကို နားလည်သဘောပေါက်ပါ။ လူတိုင်းကို မိမိတို့၏စွမ်းရည်အလျောက် ဘုရားသခင်အပ်နှံထားပါသည်။ ထိုသို့မိမိတို့၏ စွမ်းရည်များတို့ကိုအသုံးပြုခြင်းအားဖြင့် သူတို့၏စွမ်းဆောင်နိုင်သည့်စွမ်းရည် ကို တိုးတက်စေနိုင်ပါသည်။ သင်သည် ဆိတ်ငြိမ်စွာနေခြင်းအားဖြင့် ဘုရားသခင် အမှုတော်၌ မည်သည့်အရာကိုမျှလုပ်ဆောင်နိုင်မည်မဟုတ်ပါ။ Review and Herald, Sept. 28, 1897. [Ev 653.2] EvBur 868.1

ပျင်းရိသောစိတ်မရှိပါစေနှင့် - မိမိတို့၏အသက်တာ၌ နှေးကွေးစွာဖြင့် အလုပ်ကိုလုပ်ဆောင်သောသူတို့သည် မိမိတို့၏သခင်အတွက်လုပ်ဆောင်ရ မည့်အလုပ်ကို တစ်ဝက်သာလျှင်၊ ပြီးစီးအောင်ဆောင်ရွက်နိုင်ပေလိမ့်မည်။ မိမိတို့၏တာဝန်အသိစိတ်ဓာတ်ကို သူတို့အားကြိုးစား၍နှိုးဆွပေးပါ။ နေ့ရက် လွန်စွာနီးကပ်သည်ကို သင်တွေ့မြင်ရသည်နှင့်အညီ တစ်ယောက်နှင့်တစ်ယောက် အတွက်ဆုတောင်းပြီး တိုက်တွန်းနှိုးဆော်ကြပါ။ “လာကြ၊ ငါ၏လုပ်ဖော် ကိုင်ဖက်အပေါင်းတို့၊ ကျွန်ုပ်တို့၏အလုပ်၌ စိတ်နှလုံးထက်သန်စွာလုပ်ဆောင် ကြပါစို့၊ အဘယ်သူမျှအမှုမပြုနိုင်သော ညဉ့်အချိန်ရောက်လာလိမ့်မည်” ဟု ညီအစ်ကိုတို့သည် မိမိတို့၏ညီအစ်ကိုတို့အားလည်းကောင်း၊ ညီအစ်မတို့သည် မိမိတို့၏အစ်မများတို့အားလည်းကောင်း ပြောကြပါစေ။ အလုပ်လုပ်ရမည့် အချိန်၌ စကားပြောခြင်းအားဖြင့် တစ်မိနစ်ကိုမျှအချိန်ကိုမကုန်လွန်စေပါနှင့်။ [Ev 653.3] EvBur 868.2

စကားအလွန်များသောသူတစ်ယောက်သည် သူစကားပြောရန်အခွင့် မရှိသည့်အချိန်များရှိမည့်အကြောင်းကိုသတိရပါ။ အချိန်ယူပြီးမတ်တတ်ထနေ သောသူများရှိပါသည်။ “အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက်၊ စိတ်တမ်းသဖြင့် သခင်ဘုရား၏အလိုတော်သို့လိုက်၍အားထုတ်ကြလော့” ဟု သစ္စာရှိသော အစောင့်စစ်သား၏အသံကိုကြားရပါစေ။ သခင်အတွက်လုပ်ဆောင် ရန် သင်၌အလုပ်ရှိပါသလား။ သူ၏အလုပ်ရှေ့သို့ဆက်လက်ဆောင်ရွက်နိုင် ရန် သင်အိမ်တစ်ဆောင်ဆောက်လုပ်ပေးနေပါသလား။ သင်၏နှုတ်ကိုပိတ် ထားပါ။ သင်၏ပြောသောစကားကို သူတို့ကြိုးစားနားထောင်ရန် အခြားလူ တို့၏အချိန်ကိုမဖြုန်းတီးပါနှင့်။ လူတစ်ယောက်သည် မိမိ၏တန်ဆာပလာ များကိုအသုံးပြုရမည့်အစား မိမိ၏လျှာကိုအသုံးပြုသောအခါ လူများစွာတို့၏ အချိန်ကို ဖြုန်းတီးနေခြင်းဖြစ်ပါသည်။ Manuscript 42, 1901. [Ev 653.4] EvBur 868.3

ဓမ္မဆရာများတို့ သည်လောကီရေးရာကိစ္စ၌မပါဝင်သင့်ပါ - သူတို့၏အလုပ် သည် မယုံကြည်သူများတို့အတွက် ကျယ်ပြန့်စွာဆောင်ရွက်နေကြောင်း ညီအစ်ကိုများတို့အား ကျွန်ုပ်ပြောလိုပါသည်။ ကျမ်းစာအမှန်တရားကိုအောင်မြင် စွာရှင်းလင်းပေးနိုင်သူများတို့သည် ယခုအချိန်သတင်းစကားမကြားရသော သူတို့ရှေ့၌ မတ်တတ်ထနေကြရမည်။ ကျွန်ုပ်ဖော်ပြသော ဤညီအစ်ကိုတို့ ၏အမည်များသည် ကျွန်ုပ်တို့၏မြို့ကြီးများ၌ ကျင်းပမည့်စခန်းအစည်းအဝေး များတွင်ဆောင်ရွက်ရန်အလုပ်ရှိသည်။ သို့သော် ဘုရားသခင်မှသူတို့အားပေး ထားသောအလုပ်ကိုဆောင်ရွက်ရန်အတွက် သူတို့၏ကိုယ်ကိုအရည်အသွေး မရှိစေရန် ပြုလုပ်နိုင်ကြသောအန္တရာယ်တွင်ရှိနေပါသည်။ အသင်းလူကြီးတစ်ဦး သည် အကယ်၍သူ၏စိတ်ဝင်စားမှုကို ဘုရားမပြုလုပ်စေလိုသည့်အလုပ်၊ စီးပွားရေးလုပ်ငန်းကိုအာရုံစိုက်လုပ်ကိုင်ရသည့်အလုပ်ကို စွန့်လွှတ်ခြင်းမပြုပါက သူတို့၏လုပ်ဆောင်မှုများတို့သည် အကျိုးရှိမည်မဟုတ်ပါ။ သူသည် လောကီ လုပ်ငန်းကိုလုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်မှသူ့အားပေးအပ်ထားသော တာဝန်ကို ကောင်းမွန်စွာလုပ်ဆောင်သွားနိုင်မည်မဟုတ်ပါ။ ဧဝံဂေလိသတင်း စကားဟောပြောခြင်းအလုပ်သည် သူ၏အသက်တာ၌ပေါ့ဆသောအလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။ Manuscript 105, 1902. [Ev 654.1] EvBur 869.1

ဘုရားသခင်၏ဘုန်းတော်အတွက်တစ်ခုတည်းသောအာရုံစိုက်ခြင်း - ဘုရားသခင် ၏အလုပ်ကိုနှောင့်နှေးစေခြင်းနှင့် လူသားများတို့၏ပျက်စီးဆုံးရှုံးခြင်းသည် မာရ်နတ်၏ ပုံမှန်အလုပ်ဖြစ်သည်။ ကြိမ်ဖန်များစွာ ဒေသတစ်ခု၌စိတ်ဝင်စား မှုအလွန်မြင့်မားနေသောအခါ၊ အိမ်၌သေးမွှားသောအလုပ်တစ်ခုကို အထူး အရေးကြီးသကဲ့သို့ မာရ်နတ်သည်ပြုလုပ်ပြီး အမှုဆောင်ကိုအိမ်၌သာနေရန် သူဖန်တီးပေးပါသည်။ ထိုအခါအမှုဆောင်သည် ဘုရားသခင်၏ဘုန်းတော် တစ်ခုတည်းကိုသာ ထောက်စာခြင်းမပြုနိုင်တော့ဘဲ မပြီးမပြတ်သောသူ၏လုပ်ငန်း ကိုချန်ထားကာ မိမိအိမ်သို့ချက်ချင်းပြန်လာပါသည်။ အိမ်၌ရက်ပေါင်း အနည်းငယ်၊ သို့မဟုတ် တစ်ပတ်တာမျှပင်နေသွားမည်ဖြစ်သောကြောင့် သူ၏ အမှုတော်လုပ်ငန်းသည် စုပုံလျက်နေပြီး၊ ရှုပ်ထွေးသွားခြင်းဖြစ်သွားလိမ်မည်။ ချန်ထားခဲ့သောအလုပ်ကို ပြန်လည်၍ပုံမှန်ဖြစ်အောင်ဆောင်ရွက်ရန် အချိန်ယူ သွားရရုံမကဘဲ ဆုံးရှုံးခြင်းကိုကြုံတွေ့ ရပေလိမ့်မည်။ ဤအရာသည် ရန်သူ ကိုနှစ်သက်စေသောအရာဖြစ်သည်။ ထိုနောက် သူ၏မတည်မြဲသောယာယီ ကိစ္စများတို့၌သာ ထိုပုဂ္ဂိုလ်တစ်ဦး၏စိတ်ထဲတွင် အရေးကြီးသောအရာအဖြစ် သူပြုလုပ်နိုင်သည်ကိုသူတွေ့ ရသောအခါ၊ ထိုသူအားသူသည် အပြည့်အဝဒုက္ခ ပေးသွားနိုင်ပါသည်။ သူသည် အိမ်၏ရှုပ်ထွေးသောအလုပ်များတို့ကို စတင် ဖန်တီးပေးကာ၊ ထိုသူအားဒုက္ခရောက်စေရုံမျှမကဘဲ အကယ်၍ဖြစ်နိုင်ပါက၊ အမှုတော်လုပ်ငန်းကိုစွန့်လွှတ်လိုက်သည်အထိ သူပြုလုပ်သွားမည်ဖြစ်သည်။ [Ev 654.2] EvBur 870.1

ဝိညာဉ်များတို့သည် အမှန်တရားကိုလက်ခံရန်ဆုံးဖြတ်သည်ဖြစ်စေ၊ မဆုံးဖြတ်သည်ဖြစ်စေ သင်၏အလုပ်ကို မည်သည့်အခါမျှချန်ထားခြင်းမပြု ရန် သင့်အားကျွန်ုပ်အနူးအညွတ်တောင်းပန်ပါသည်။ အကယ်၍ သင်၏ အိမ်၌လူတစ်ဦးသေဆုံးသွားသည့်တိုင်အောင် ကျွန်ုပ်ပြောလိုသည်မှာ မာရ်နတ် လက်တွင်းသို့ စွန့်လွှတ်၍မထားပါနှင့်။ “ငါ့နောက်သို့လိုက်လော့၊ လူသေ သည် မိမိလူသေကိုသင်္ဂြိုဟ်ပါလေစေ” ဟု ခရစ်တော်ပြောခဲ့ပါသည်။ အကယ်၍ အလုပ်၏အရေးကြီးခြင်းကို ကျွန်ုပ်အားဖော်ပြပေးသကဲ့သို့ သင်တွေ့မြင်ရပါက အားအင်ချည့်နဲ့ခြင်းများစွာကို ဖျောက်ပစ်နိုင်မည်ဖြစ်ပြီး၊ ယေရှုခရစ်တော် အားဖြင့် သေခြင်းမှထမြောက်ပြီး အသက်ရှင်လာကြပါလိမ့်မည်။ Ev655.1] EvBur 870.2

အကယ်၍ ဘုရားရှင်၏အမှုဆောင်များကဲ့သို့ ကျွန်ုပ်တို့၏စံချိန်အပေါ် ရပ်တည်ပြီး၊ “ဘုရားသခင်သည် ကျွန်ုပ်တို့အားသတင်းပေးခဲ့ပြီး၊ ကျွန်ုပ်တို့ ၏တာဝန်၌ရပ်တည်ခြင်းမရှိပါက ကျွန်ုပ်တို့သည် သစ္စာရှိသောအမှုဆောင် များမဖြစ်နိုင်ပါ။ ကျွန်ုပ်တို့သည် အန္တရာယ်အားလုံးတို့ကိုကျော်လွှားကာ လုပ်ငန်း ကိုဆောင်ရွက်သွားလိမ့်မည်” ဟုပြောနိုင်ကြပါက ဘုရားသခင်၏ကောင်းကင် တမန်များတို့သည် ကျွန်ုပ်တို့၏အိမ်မှုကိစ္စအတွက် ဆောင်ရွက်ပေးနေသည်ကို ကျွန်ုပ်တို့တွေ့ မြင်ကြရမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့၏ရန်သူကို “နောက်သို့ဆုတ် လော့” ဟုပြောနိုင်ပေလိမ့်မည်။ Historical Sketches, pp. 127, 128. (1886) [Ev _655.2] EvBur 871.1