မြို့ကြီးများ - မတူညီသောဒေသ၌ တရားပွဲများကိုပြုလုပ်ရမည်။ ယခု အချိန်သည် မြို့များ၌အလုပ်လုပ်ရမည့်အချိန်ဖြစ်သည်။ မြို့ တွင်းရှိလူများကို သာသနာပြုရမည်။ နေရာတစ်ခုတည်း၌သာ အရေးတကြီးစိတ်ဝင်စားမှုများစွာ ထားခြင်းသည် ကျွန်ုပ်တို့အတွက်အန္တရာယ်ဖြစ်သည်။ မှန်သောဆုံးဖြတ်ချက် နှင့်ဆောင်ရွက်မှုမဟုတ်ပါ။ ယခုစိတ်ဝင်စားမှုကို မြို့ကြီးတို့၌ထားရကြမည်။ ကြီးမားသောဗဟိုဌာနအနည်းငယ်ထားခြင်းထက် ဌာနငယ်များစွာကိုထူထောင် ရမည်။ [Ev 78.2] EvBur 81.4
သာသနာပြုသူများတို့အား နှစ်ယောက်တစ်တွဲစီဖြင့် ခြားနားသော ကျွန်ုပ်တို့၏ မြို့ကြီးများအားလုံးအထဲသို့ ဝင်ရောက်လုပ်ကိုင်စေပါ။ တစ်မြို့စီ အတွင်းရှိ အမှုဆောင်များတို့သည် ပညာသားဖြင့်အတူတကွထိရောက်စွာနှင့် စည်းလုံးညီညွတ်စွာအမှုဆောင်ရွက်နိုင်ရန် မကြာခဏတိုင်ပင်ခြင်းနှင့်ဆုတောင်း ခြင်းအတွက် တွေ့ဆုံသင့်ကြသည်။ နိုးကြားထကြွစွာဖြင့် အခွင့်အရေးတိုင်း ကို အကောင်းဆုံးအသုံးပြုကြပါစို့။ ကျွန်ုပ်တို့၏လူတို့သည် လက်နက်စုံကို ဝတ်ဆင်လျက် မြို့ကြီးများအားလုံးအထဲ၌ ဌာနများကိုထူထောင်ကြရမည်။ Medical Ministry, p. 300. (1909) EvBur 82.1
အကျွန်ုပ်တို့မြို့ကြီးများ၏သတိမပေးရသည့်နယ်မြေများကိုဝင်ရောက်ထိုးဖောက်ရန် - လုပ်ငန်းခွင်တိုင်း၌ လုပ်အားကိုတိုးမြှင့်ဖြည့်ဆည်းကြရမည်။ အမှုဆောင်များ နှစ်ယောက်တစ်တွဲစီထွက်ခွာကြပြီး တစ်ခါမျှသတိမပေးရသေးသော ကျွန်ုပ် တို့မြို့များ၏အစိတ်အပိုင်းများစွာတို့၌ အတူတကွလုပ်ဆောင်နိုင်ရန်လိုအပ်ပါ သည်။ Letter 8, 1910. [Ev 79.1]. EvBur 82.2
နေရာတိုင်းတွင်လုပ်ဆောင်ရန် - အမှုဆောင်တစ်စုတို့ကို မြို့တစ်မြို့၏ ရပ်ကွက်တိုင်းသို့သွားပြီး အမှန်တရားကိုကြိုးစား၍ကြွေးကြော်ဟောပြောစေပါ။ အမှုတော်ကိုအကောင်းဆုံးနည်းလမ်းနှင့် စရိတ်ကျဉ်းကျဉ်းဖြင့်ဆောင်ရွက်စေ ပါ။ သူတို့သည် အလုပ်ကိုသေချာစွာလုပ်ပြီး ဝိညာဉ်ရေးကိစ္စကို မိမိတို့၏ ကြိုးစားမှု၌ အရေးအကြီးဆုံးနေရာ၌ထားရမည်။ Manuscript 42, 1905. [Ev 79.2] EvBur 82.3
မြို့၏နယ်မြေတိုင်းကိုထိုးဖောက်ရန်တဲများကို ဆောက်လုပ်ခြင်း — စခန်းစည်းဝေး ရာနေရာ၌ လူတို့၏စုစည်းမှုကိုတွေ့မြင်စေရမည်။ ပြင်ဘက်၌မရှိစေရပါ။ အကြောင်းမှာ မြို့ပေါ်ရှိလူတို့သည် အမှန်တရားကိုအလိုရှိကြပါသည်။ စခန်း အစည်းအဝေးများကို ကျွန်ုပ်တို့၏ မြို့ကြီးများ၌နေထိုင်သူများ တက်ရောက် နိုင်သောနေရာတွင် ကျင်းပရမည်။ [Ev 79.3] EvBur 82.4
စခန်းအစည်းအဝေးကို မြို့နှင့်တောအရပ်၊ သို့မဟုတ် မြို့ပေါ်၌ကျင်းပ ရမည်။ တဲဆောက်လုပ်သောသူများတို့သည် မြို့၏တစ်နေရာ၌ကျင်းပပြီး နောက်ထပ်တစ်ကြိမ်ကို မြို့၏အခြားသောနေရာ၌ဆောက်လုပ်ရမည်။ ကျွန်ုပ် တို့၏အနား၌ပင် သတိပေးစကားကြားနာရန်လိုအပ်သည့် တစ်ပါးအမျိုးသား များရှိကြသည်။ အမေရိကန်ပြည်မြို့ ကြီးများအထဲ၌ ဘုရားသခင်အတွက် အောက်မေ့ဖွယ်ရာများကိုတည်ထောင်ရမည်။ Letter 164, 1901. [Ev 79.4] EvBur 83.1
အပေါ်ယံ စိုက်ပျိုးခြင်း- ရိတ် သိမ်းမှုအကန့် အသတ်ရှိ - နယ်မြေများစွာ၌ လုပ်ငန်းကိုဆောင်ရွက်ခြင်းနှင့် လုပ်ငန်းများစွာကိုအစပြုခြင်းဖြင့် ပိုင်နိုင်စွာ ထိန်းသိမ်းရန်အခက်အခဲဖြစ်စေပြီး ငွေကြေးကုန်ကျမှုအတွက် ဝန်ထုပ်ဖြစ်စေ ပါသည်။ တချို့သောလုပ်ငန်းခွဲများတို့ကို ပို၍ဆောင်ရွက်ရန်နှင့် တချို့သော အရေးကြီးသည့်လုပ်ငန်းကို လျစ်လျူရှုလိုက်ရမည့်အခက်အခဲများကိုလည်း ကြုံတွေ့နိုင်ပါသည်။ လုပ်ငန်းကြီးတစ်ခုကိုတာဝန်ယူပြီး ပိုင်ပိုင်နိုင်နိုင်မဆောင်ရွက် နိုင်ခြင်းသည် မကောင်းသောစီမံကိန်းဖြစ်ပါလိမ့်မည်။ ကျွန်ုပ်တို့ရှေ့သို့သာ ချီတက်ရမည်၊ သို့သော် ဘုရားသခင်၏အကြံပြုခြင်းအားဖြင့်သာဖြစ်ရမည်။ ရိုးရိုးလုပ်ငန်းထက်ပို၍စီမံခြင်းအားဖြင့် ဝိညာဉ်ရေးအမြင်ကိုပျောက်သွားစေနိုင် များစွာသောလုပ်ငန်းခွဲများနှင့် ဆောင်ရွက်ရမည့်အရာများကို ကြည့်ရှုရန် ပျက်ကွက်လိမ့်မည်။ ၎င်းပြင် လုပ်ငန်းများစနစ်တကျဖြစ်ရန် အကောင်းဆုံး ကူညီဖော်များတို့၏ဆက်ကပ်မှုကိုလည်း ဆုံးရှုံးနိုင်ပါသည်။ အသက်နှင့်ကျန်းမာ ခြင်းကိုလည်း တန်ဖိုးထား၍ဂရုစိုက်ရပါမည်။ [Ev 79.5] EvBur 83.2
ဘုရားရှင်တံခါးဖွင့်ပြင်ဆင်ပေးသောလမ်းကို လိုက်လျှောက်ရန် အဆင်သင့်ရှိရမည်ဖြစ်သော်လည်း လုပ်ငန်းရှိထားသောနေရာ၌ ပို၍ကြီးသည့် စီမံကိန်းကိုမချမှတ်ရန်နှင့် လုပ်ငန်းအတွက်ကူညီမှုနှင့်ငွေကြေးလုံလောက်စွာ ရှိနေလျက်နှင့် ထပ်မံ၍မြေယာကိုဝယ်ယူပိုင်ဆိုင်ခြင်းမပြုရန် လိုအပ်ပါသည်။ အပေါ်ယံထွန်စိုက်ပျိုးခြင်းသည် အနည်းငယ်သာရိတ်သိမ်းရလိမ့်မည်။ လုပ်ငန်းအစပြုသည့်နေရာ၌သာလျှင် တိုးတက်၍အကျိုးရှိသည့်တိုင်ဆောင်ရွက် ပြီး မိုးတိမ်ရွေ့သွားမှသာ မိုးတိမ်နောက်သို့လိုက်သွားရန်ဖြစ်သည်။ အမှုဆောင် များအတွက် ပို၍ကြီးသောစီမံကိန်းနှင့်နေရာအမြဲဖွင့်နေပါက ဘုရားသခင်၏ စပျစ်ဥယျာဉ်ထဲ၌ အမှုဆောင်များကိုလုပ်ဆောင်စေရန်နှင့် အမှန်တရားထဲသို့ ဝိညာဉ်များကိုခေါ်ဆောင်ရန် ကျွန်ုပ်တို့၏ အတွေးအခေါ်နှင့်အမြင်ကျယ်သူများ ဖြစ်ရကြမည်။ Letter 14, 1886. [Ev 80.1] EvBur 83.3
နည်းနည်းသာကြဲဖြန့်ခြင်း - မည်သည့်နေရာ၌မဆို ဆောင်ရွက်ရမည့် လုပ်ငန်းကိုကျေနပ်သည့်တိုင် အောင်မြင်မှုရရှိသည့်အထိ မဆောင်ရွက်နိုင်သေး ပါက အခြားနေရာများ၌ လုပ်ငန်းအတွက်ငွေကြေးကိုအသုံးမပြုပါစေနှင့်။ ဘုရားရှင်ညွှန်ကြားသည့်နေရာများ၌ လုပ်ငန်းကိုခိုင်ခံ့ပြည့်စုံစွာပြီးမြောက်သည့် တိုင် ဆောင်ရွက်သင့်လျက်နှင့် မဆောင်ရွက်ရသေးဘဲ၊ နေရာပေါင်းများစွာ တို့၌ အမှုဆောင်များတို့၏အင်အားကို အသုံးပြုဆောင်ရွက်ခြင်းကို ပြုလုပ် တတ်ကြသည်။ Letter 87, 1902. [Ev 80.2] EvBur 84.1
အသေးစိတ် ဧဝံ ဂေလိ လု ပ် ငန်း၌သေချာစွာဆောင်ရွက်ခြင်း - အကယ်၍ လုပ်ဆောင်မှုများစွာတို့ကို လုပ်ဆောင်ရန်ဆန္ဒပြင်းပြပြီး၊ လုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခုကို ကောင်းမွန်စွာမလုပ်ဆောင်နိုင်ပါက အောင်မြင်စွာလုပ်ဆောင် နိုင်ခြင်းမရှိသည်သာမက အမြဲချွတ်ယွင်းချက်ရှိနေမည်ဖြစ်သည်။ ကောင်းသော စိတ်ဓာတ်ရှိသော်လည်း ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေနိုင်မည်မဟုတ် ပါ။ ပေါ်လွင်ထင်ရှားသောပညာလိုအပ်သည်။ အမှုဆောင်များတို့သည် အလုပ် များကြသည်ဟု ပြောဆိုတတ်ကြသည်။ ဤကြီးလေးသောဝန်ထုပ်များကို ထမ်းရခြင်းအတွက် ဘုရားရှင်မနှစ်သက်ပါ။ ဤကဲ့သို့စိုးရိမ်ပူပန်ခြင်း၊ မောပန်း နွမ်းနယ်ခြင်းကို မိမိတို့အလိုအလျောက်ဖန်တီးခြင်းမပြုသင့်ပါ။ လုပ်ဆောင် ရမည့်တာဝန်ကို ဘုရားရှင်လက်သို့အပ်နှံပြီး သူ့အားထမ်းရွက်စေရမည်။ [Ev 80.3] EvBur 84.2
ယေရှု၏နှိမ့်ချခြင်းသဘောကိုအမှီပြု၍ မိမိတို့၏အလုပ်ကို အလော တကြီးမလုပ်ဘဲ သေသေချာချာသတိကြီးစွာဖြင့်လုပ်တတ်သော ထက်မြက်သည့် အမှုဆောင်များကို ဘုရားရှင်အလိုရှိသည်။ ကြီးလေးသောတာဝန်များကို စဉ်းစဉ်းစားစားအနစ်နာခံ၍ လုပ်ဆောင်သောသူတို့သည် သေးငယ်သည့်တာဝန် ကိုလည်းစဉ်းစား၍ သတိနှင့်မှန်မှန်ကန်ကန်ကြိုးစားလုပ်ဆောင်သင့်ကြသည်။ ကျွန်ုပ်တို့သည် အလုပ်ကိုမည်မျှလျစ်လျူရှုကြသနည်း။ ကြီးမားသောအလုပ် ကိုလုပ်လိုခြင်းကြောင့် သေးငယ်သောအလုပ်ကို မည်မျှဂရုတစိုက်မဆောင်ရွက် ကြပါသနည်း။ ဘုရားသခင်၏အမှုတော်နှင့်ပတ်သက်၍ တစ်ခုပြီးတစ်ခု ပြီးမြောက်အောင်အချိန်မီဆောင်ရွက်ခြင်းမရှိသောကြောင့် ဆောင်ရွက်ရန်အလုပ် များစုပုံလျက်ရှိခြင်းဖြစ်သည်။ သို့သော် အလုပ်အားလုံးကိုစစ်ဆေးရန် တရား သူကြီးရှိကြောင်း သတိပြုရမည်။ သခင်၏အမှုတော်နှင့်ဆက်နွှယ်လျက်ရှိသော သေးငယ်သည့်အမှုတော်အားလုံးတို့သည် အရေးကြီးရခြင်းမှာ ခရစ်တော်၏ အမှုတော်လုပ်ငန်းဖြစ်သောကြောင့်ဖြစ်သည်။ Letter 48, 1886. [Ev 81.1] EvBur 85.1
အလုပ်တစ်ခုမအောင်မြင်မီအခြားတစ်ခုအစမပြုရန် - စတင်ခဲ့သောလုပ်ငန်း များကို ခွန်အားအနည်းငယ်ဖြင့်ဆောင်ရွက်နေရစဉ် ကြီးမားသောအစပြုခြင်း များအတွက် ကျွန်ုပ်တို့စီမံဆောင်ရွက်ခြင်းမပြုရပါ။ လုပ်နေဆဲလုပ်ငန်းကို တိုးတက်ရန်ဆောင်ရွက်စဉ် ငွေကြေးအကုန်အကျခံပြီး လုပ်ငန်းအသစ်ကိုစတင် ဆောင်ရွက်ခြင်းမပြုပါနှင့်။ ခိုင်ခံ့သောလုပ်ငန်းတစ်ခုကို အခြေချပြီးမှသာ အခြား နယ်မြေသစ်သို့ဝင်ရောက်လုပ်ဆောင်ပါ။ -Letter87, 1902. ပြထမရှိ EvBur 85.2
သတင်းစကားအတွက်စိတ်ဝင်စားမှုကိုထိန်းသိမ်းပါ - မြို့ကြီးများ၌ကျင်းပ သော စခန်းအစည်းအဝေးအချိန်အခါတိုင်းနှင့်ပတ်သက်သည့်အစီအစဉ်များကို တင်ပြခြင်းမှရရှိသောဗဟုသုတအရ၊ နှစ်စဉ်ဤကဲ့သို့သောစခန်းအစည်းအဝေး များစွာကိုကျင်းပကြရန် ကျွန်ုပ်အကြံပြုလိုပါသည်။ တချို့သောစခန်း အစည်းအဝေးများသည် ငယ်မည်ဖြစ်သော်လည်း၊ ၎င်းတို့အားဖြင့် အများ သောလူထုကြီး၏အာရုံကိုဆွဲဆောင်နိုင်သည့် တန်ခိုးနှင့်ပြည့်ဝသောနည်းလမ်း တစ်ခုဖြစ်သည်။ မြို့များ၌ကျင်းပသောစခန်းအစည်းအဝေးများအားဖြင့် ထောင်ပေါင်းများစွာသောလူတို့သည် “လာကြ၊ အရာခပ်သိမ်းယခုအဆင်သင့် ရှိပြီ” ဟုဖိတ်ခေါ်သံကို တက်ရောက်ရန်ကြားရကြလိမ့်မည်။[Ev 82.1] EvBur 85.3
စိတ်ဝင်စားမှုဖြစ်ပေါ်လာပြီးနောက် အစည်းအဝေးကိုလျင်မြန်စွာ ရပ်ဆိုင်းခြင်း၊ တဲများကိုဖြုတ်ပစ်လိုက်ခြင်းကြောင့် စည်းဝေးပြီးဆုံးပြီဟု ပရိသတ် တို့အားထင်မြင်စေခြင်းကိုမဖြစ်စေရန် သတိပြုရမည်။ အကြောင်းမှာ ပရိသတ် များစိတ်ဝင်စားလာခြင်းကြောင့်ဖြစ်သည်။ သစ္စာနှင့်ကြိုးစားဆောင်ရွက်ခြင်းအား ဖြင့် အကြီးမားဆုံးသောကောင်းကျိုးကို ရရှိပါလိမ့်မည်။ ပရိသတ်များတို့၏ စိတ်ဝင်စားမှုကိုထိန်းသိမ်းနိုင်ရန် စည်းဝေးများကိုကောင်းမွန်စွာစီစဉ်ဆောင်ရွက် ရလိမ့်မည်။ [Ev 82.2] EvBur 86.1
စည်းဝေးအားဖြင့်စိတ်ဝင်စားမှုဖြစ်ပေါ်စေရန် အချိန်ယူပြီးဟောပြော နိုင်သည့်ပုဂ္ဂိုလ်များကိုရရှိရေးသည် တစ်ခါတစ်ရံခက်ခဲမည်ဖြစ်ပါသည်။ နေရာ အတွက်ငှားရမ်းကုန်ကျစရိတ်ကြီးခြင်းနှင့် မိသားစုတဲများဆက်လက်ရှိစေရန် ဆက်ကပ်မှုများပြုလုပ်ရမည်ဖြစ်ခြင်း၊ လည်ပတ်ခြင်းနှင့်ကျမ်းစာလေ့လာခြင်း၌ ဓမ္မအမှုဆောင်များကိုကူညီမှုပေးရခြင်း၊ တဲများ၊ အိမ်များတို့၌ အလည်အပတ် ပြုရန်အချိန်ယူရပြီး စည်းဝေးတက်ရောက်ခြင်းဖြင့် ကောင်းချီးများခံစားရမည့် အကြောင်း သူတို့အားပြောပြခြင်းနှင့် စည်းဝေးသို့တက်ရောက်ရန်ဖိတ်ခေါ်ခြင်း များကို လုပ်ရကြမည်ဖြစ်သည်။ သို့သော် ကြိုးစားမှု၏အကျိုးကို ထိုက်တန် စွာရရှိမည်ဖြစ်ပါသည်။ ဤကဲ့သို့သောစခန်းအစည်းအဝေးများ၌ အားသွန် ခွန်စိုက်ကြိုးစားခြင်းကြောင့် အလုပ်လုပ်သောအသင်းတော်များကို ထူထောင် နိုင်ပါသည်။ ဤကဲ့သို့ကြိုးစားလုပ်ဆောင်မှုကြောင့် ကျွန်ုပ်တို့၏ မြို့နေ လူတန်းစားတို့ထံ တတိယကောင်းကင်တမန်သတင်းစကားကို သယ်ဆောင် သွားကြရမည်ဖြစ်သည်။ Review and Herald, April 4, 1899. EvBur 86.2
ရေရှည်ကြိုးစားခြင်းအစီအစဉ် - တစ်ခါတစ်ရံဟောပြောနိုင်သောပုဂ္ဂိုလ် တို့သည် စခန်းအစည်းအဝေးကို ရက်အနည်းငယ်သာတက်ရောက်နိုင်ကြပြီး ပရိသတ်များစတင်၍စိတ်ဝင်စားလာကြသောအခါ အခြားတစ်နေရာသို့ထွက်သွား ကြပါသည်။ ဟောပြောနိုင်သူတစ်ဦးနှစ်ဦးတို့ကိုချန်ထားလျက် တဲများကိုဖြုတ် ပြီးထွက်ခွာသွားကြမည့် စိတ်ဓာတ်ကျသည့်မိသားစုများတို့ကို ကြိုးစား၍ ဟောပြောသွားရကြပါသည်။ [Ev 83.1] EvBur 86.3
အကယ်၍ အစည်းအဝေးကိုဆက်လက်၍ကြာမြင့်စွာကျင်းပမည်၊ အသင်းတော်အသီးသီးမှပုဂ္ဂိုလ်များလာရောက်၍ တစ်လ၊ သို့မဟုတ် တစ်လ ထက်မကနေပြီး အစည်းအဝေး၌ကူညီမစကာ မည်ကဲ့သို့အမှုတော်ကိုဆောင်ရွက် ရမည့်အကြောင်း သင်ယူကြပါက မည်မျှပို၍ကောင်းမည်နည်း။ ထိုနောက် သူတို့သည် မိမိတို့၏အိမ်သို့ပြန်လည်ရောက်ရှိကြသောအခါ၊ ရရှိခဲ့သောတန်ဖိုး ရှိသည့်ဗဟုသုတဖြင့် မိမိတို့၏အသင်းတော်အသီးသီး၌ တိုးတက်အောင် ဆောင်ရွက်နိုင်ကြပေလိမ့်မည်။ အကယ်၍ ဤစည်းဝေးသို့တက်ရောက်ခဲ့သော ပရိသတ်တို့အား စိတ်ဝင်စားအောင်ဟောပြောနိုင်ခဲ့သည့်ပုဂ္ဂိုလ်များတို့သည် လည်း ဆက်လက်၍အခိုက်အတန့်နေထိုင်ပြီး ဤနေရာကိုပီပြင်စွာဖြင့် ရေရှည် အဖွဲ့အစည်းတစ်ခုဖွဲ့စည်းပေးနိုင်ပါက မည်မျှပို၍ကောင်းမည်နည်း။ Review and Herald, April 4, 1899. [Ev 83.2] EvBur 87.1
လယ်ပြင်ကိုမရိတ်သိမ်းဘဲချန်ထားခြင်း - အကယ်၍ တဲအစည်းအဝေး အနည်းငယ်ကို အင်အားကောင်းကောင်းဖြင့်၊ သို့မဟုတ် အဖွဲ့ငယ်တစ်ခုမှ မတူညီကြသောဆုကျေးဇူးများဖြင့် အမှုတော်အတွက်ဆောင်ရွက်ကြပါက ပို၍ ကောင်းပြီး ပို၍အကျိုးသက်ရောက်ပါလိမ့်မည်။ ထိုနောက် စိတ်ဝင်စားမှုရှိ သည့်နေရာ၌ ပို၍အချိန်ယူနေထိုင်သွားရန်သင့်ပါသည်။ မှတ်ချက်- ဤစာ ရေးသည့်အချိန်၌ တဲအစည်းအဝေးကြီးများကို ရက်အနည်းငယ်သာအချိန်ယူ ကျင်းပကြပါသည်။ - စုစည်းပြုစုသူများ] ထိုအချိန်အခါ၌ တဲကိုလျင်မြန် စွာဖြုတ်ယူကြပါသည်။ တချို့သောသူတို့သည် စတင်၍စိတ်ဝင်စားလာကြ သောကြောင့် မိမိတို့ကိုယ်ကို အမှန်တရားထံဆက်ကပ်နိုင်ရန် စိတ်ဆုံးဖြတ် ချက်ချနိုင်သည့်အထိ ကြိုးစားလုပ်ဆောင်ရန်လိုအပ်ပါသည်။ [Ev 83.3] EvBur 87.2
တဲထိုးခဲ့သောနေရာများစွာတို့၌ ဓမ္မဆရာများတို့သည် ကာဆီးမှု စတင်ပျောက်ကွယ်သွားသည့်အထိ နေထိုင်ကြပါသည်။ တချို့သောသူများ တို့သည် ကာဆီးမှုပျောက်ကွယ်သွားသည်နှင့် တဲကိုဖြုတ်ပြီး အခြားတစ်နေရာ သို့ပြောင်းရွှေ့သွားပါသည်။ လုပ်ငန်းပြီး၍ အချိန်နှင့်ငွေကုန်ခဲ့ပြီး တဲအချိန် ကာလအတွင်း အောင်မြင်မှုအနည်းငယ်ကိုသာ ဘုရားရှင်၏အမှုတော်ဆောင် များ မြင်တွေ့ခဲ့ရပါသည်။ လူအနည်းငယ်သာ အမှန်တရားကိုသိရှိခဲ့သည့် အတွက် ဘုရားရှင်၏အမှုတော်ဆောင်များတို့သည် အနည်းငယ်သာအောင်မြင် ခဲ့ခြင်းအပေါ် အားရမှုမရှိ၊ အားပေးမှုကိုလည်းမခံစားရ၊ ကာယခွန်အား၊ ဝိညာဉ်ခွန်အားနှင့်တန်ခိုးတိုး၍ရရှိရမည့်အစား ဝိညာဉ်ဆုကျေးဇူးများပင်လျော့ နည်းဆုံးရှုံးရပါသည်။ Testimonies, vol. 1, p. 148. (1857) [Ev 83.4] EvBur 88.1
ဆက်လက်ဆောင်ရွက်သောအမှုဆောင်များ - ဖော့လန်း (Portland) နှင့် ဘော့စတွန် (Boston) မြို့များ၌ ပထမကောင်းကင်တမန်သတင်းစကားကို ဟောကြားခဲ့သောအခါ မည်ကဲ့သို့ဆောင်ရွက်ခဲ့ကြောင်း ကျွန်ုပ်စဉ်းစားနေပါ သည်။ ဤတရားပွဲများကို ဆက်လက်၍ညီအစ်ကိုမောင်နှမနှစ်ဦးနှင့်ကူညီသူ များဆောင်ရွက်ခဲ့သည့်နည်းတူ ဆောင်ရွက်ကြပါသည်။ Letter 182, 1906. [Ev 84.1] EvBur 88.2
စိတ်ဝင်စားမှုရှိခြင်းကိုခိုင်မြဲစေရန်မိသားစုကိုထားရှိပါ - ထိုနောက် တိုရွမ်းတို (Toronto) သြစတြေးလျ၌ ဇိမ်ခံအနားယူသောနေရာရှိသည်။ ဤနေရာများ တို့သည် ခိုအော်ရန်ဘွန်း (Cooranbong) နှင့် (၁၀) မိုင်၊ (၂၀) မိုင်အတွင်း ၌ရှိကြပြီး ဤနေရာကို စိတ်ဝင်စားမှုဆွဲဆောင်နိုင်မည့် ဆက်ကပ်သည့်မိသားစု များကိုထားရန်တွေ့ရှိပါက အမြန်ဆုံးဝင်ရောက်လုပ်ကိုင်ရပါမည်။ ဤနယ်မြေ အားလုံးတို့၌ ရိတ်သိမ်းရန်စပါးမှည့်လျက်ရှိသည်။ သို့သော် ဆက်ကပ်သော အမှုဆောင်များမရှိပါက မည်သို့မျှဆောင်ရွက်၍မရပါ။ နိုးကြား၍စိတ်ဝင်စား မှုရှိရန် မည်သူဝင်ရောက်လုပ်ကိုင်မည်နည်း။ L ter 76, 1899. [Ev 84.2] EvBur 88.3
လိမ္မာပါးနပ်သောအုပ်ချုပ်မှုတစ်ခုလိုအပ် - နယ်များအတွက် အမှုထမ်း များကိုရွေးချယ်ရာတွင် လိမ္မာပါးနပ်သောအုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ခုလိုအပ် သည်။ ဤဝိညာဉ်များကို မည်ကဲ့သို့စောင့်ရှောက်ရမည်ကို နယ်မြေထဲသို့ ဝင်ရောက်ထိုးဖောက်ခြင်းမပြုမီ စီမံကိန်းများကိုဆွဲသင့်သည်။ မည်သူသည် ဤသူတို့အားသာသနာပြုမည်နည်း။ မည်သူသည် အမှန်တရားကိုစွဲကိုင်လိမ့် မည်နည်း။ နှစ်သက်ဖွယ်မကောင်းသောအမှန်တရားကို သူတို့လက်ခံခဲ့ကြ သည်။ သူတို့၏အောက်ခြေပညာ (ABCs) ကိုသင်ယူခဲ့ပြီးနောက် မည်သူ သည် သူတို့အားပညာပေးမည်နည်း။ သူတို့၏ပညာဗဟုသုတအတွက် ဝိညာဉ် ရေးပြုပြင်မှုကို မည်သူပေးမည်နည်း။ [Ev 84.3] EvBur 89.1
မှားယွင်းသောအတွေးအခေါ်ရရှိထားသော ဤသူတို့ကိုပြုပြင်ရန် မည်သည့်ယုံကြည်ခံယူချက်မျှမရှိခဲ့သောသူများတို့ကို ဟောပြောပြုပြင်ခြင်းထက် များစွာခက်ခဲသောကြောင့် ဤသူတို့အား အမှန်တရားကိုဟောပြောရန်နှင့် သူတို့၏ရရှိထားခဲ့သော ဘာသာရေးဗဟုသုတကို ပြောင်းလဲပြုပြင်ရန်ကြိုးစား လုပ်ဆောင်ရပါလိမ့်မည်။ မပြီးမပြတ်သည့်အလုပ်ကိုချန်ထားပြီးမှ တစ်ဖန် ထပ်မံ၍လုပ်ဆောင်ခြင်းထက် ကြိုတင်ပြီးကျွန်ုပ်တို့၏အမှန်တရားထဲရောက်ရှိ လာမည့် ဤသူတို့ကိုစောင့်ရှောက်ရမည့်စီမံကိန်းကို သေချာစွာဆွဲ၍ပြီးစီးသည့် အထိ စောင့်ဆိုင်းရပါမည်။ Letter 60, 1886. [Ev 84.4] EvBur 89.2