ထိုင်၍ကုန်ကျမည့်စရိတ်ကိုတွက်ချက်ပါ - ဘုရားသားသမီးများတို့သည် မျက်မမြင်ကဲ့သို့ သူတို့၌မြှုပ်နှံရန် အကန့်အသတ်ရှိသောငွေနှင့် မည်သည့် အရာရမည်ကို ကြိုတင်၍မသိသည့်အရာအတွက် မဆောင်ရွက်စေလိုပါ။ ကျွန်ုပ် တို့သည် ပညာရှိရှိဖြင့် ရှေ့သို့ချီတက်ရမည်။ သူ၏အလုပ်မည်ကဲ့သို့ဆောင်ရွက် ရမည်ကို ကျွန်ုပ်တို့ရှေ့၌ ခရစ်တော်စီမံကိန်းဆွဲပြခဲ့သည်။ အဆောက်အဦ တစ်ခုဆောက်လုပ်ရန် ဆန္ဒရှိသောသူသည် ဦးစွာထိုင်ပြီး မိမိဆောက်လုပ် သွားမည့်အဆောက်အဦကိုပြီးဆုံးသည့်တိုင် ဆောက်လုပ်နိုင်မည်၊ မနိုင်မည်ကို မိမိ၌ရှိသောငွေဖြင့်တွက်ချက်ရပါမည်။ သူ၏စီမံကိန်းကိုအစမပြုမီ ကောင်းသော အကြံပေးနိုင်သူထံမှအကြံယူရမည်။ အကယ်၍ အမှုဆောင်တစ်ဦးမှ မမှန် မကန်လုပ်ဆောင်နေပါက တာဝန်ရှိအခြားလုပ်ဖော်ကိုင်ဖက်မှ ပညာသားဖြင့် သူ၏အမှားကိုပြသနိုင်ရမည်။ Letter 182, 1902, [Ev 85.1] EvBur 89.3
ငွေကြေးတိကျစွာသုံးစွဲခြင်း - ကျွန်ုပ်တို့၏ မြို့ကြီးများတို့၌ အမှုတော်ကို ထမ်းရွက်သောသူတို့သည် ဤကိစ္စနှင့်ပတ်သက်၍ အထူးသတိပြုစေပါ။ မလိုအပ်သောအရာအတွက် အကုန်အကျမခံပါစေနှင့်။ ယနေ့အမှန်တရား အားဖြင့် နားလည်ရမည့်အရာများကိုသင်ယူရာ၌ တွေ့မြင်နိုင်သည့်ပြင်ပအရာ အားဖြင့် မဖြစ်စေရပါ။ ကျွန်ုပ်တို့၏အမှုဆောင်များတို့သည် ငွေကြေးကို တိကျစွာအသုံးပြုခြင်းကို လေ့ကျင့်ရမည်။ ငွေကြေးဖြုန်းတီးခြင်းကို ဘုရားရှင် တားမြစ်သည်။ ကြီးမားသောပြသမှုများကို မပြုလုပ်ရပါ။ ကျွန်ုပ်တို့၏ကမ္ဘာ ပေါ်၌ ပြီးမြောက်အောင်ဆောင်ရွက်ရမည့်အလုပ်ကို ဘုရားရှင်၏နည်းလမ်း အားဖြင့် သူ၏ငွေကိုအသုံးပြုရမည်။ Letter 107, 1905. EvBur 90.1
ရိုးစင်းစွာဖြင့်အစပြုပါ - ကျွန်ုပ်တို့၏ မြို့များ၌ အလုပ်ကိုအစပြုရန် ဖင့်နွှဲနေရပါသနည်း။ ကြီးမားသောအံ့ဩဖွယ်ရာတစ်စုံတစ်ခုဖြစ်ပေါ်ရန် စောင့်ရန် မလိုပါ။ တန်ဖိုးရှိသောပစ္စည်းကိုလည်း ရရှိရန်စောင့်စရာမလိုပါ။ ဂျုံအတွက် အခွံသည် မည်မျှအသုံးဝင်သနည်း။ အကယ်၍ ဘုရားရှင်ရှေ့၌ နှိမ့်ချသော စိတ်နှင့်အမှုတော်ကိုဆောင်ရွက်ပါက သူသည် လမ်းပြင်ဆင်ပေးပါလိမ့်မည်။ Letter 335, 1904. [Ev 86.1] [Ev 86.1] EvBur 90.2
မျှတသောဧဝံဂေလိသတင်းဟောကြားခြင်း - အခြားဒေသများ၏လိုအပ်ချက် ကို မည်သည့်အကူအညီမျှမပေးဘဲ၊ နေရာအနည်းငယ်အတွက်ကိုသာ ငွေကြေး များစွာအကုန်အကျခံခြင်းကို ဘုရားရှင်တားမြစ်ပါသည်။ မိမိကိုယ်ကိုငြင်းပယ် ခြင်းအားဖြင့် လိုအပ်သည့်နယ်မြေများကို လုံလောက်စွာအကူအညီပေးကာ အမှုတော်ပြီးမြောက်ရေးအတွက်အသုံးပြုခြင်းသည် ဘုရားသခင်၏ဘုန်းတော် ကိုထင်ရှားစေပါသည်။ အခြားနေရာများတို့၌ အမှုဆောင်ရန်လျစ်လျူရှုခြင်း အားဖြင့် မည်သူမျှတစ်နေတည်း၌ တန်ခိုးသြဇာကိုဆောက်တည်နိုင်စွမ်းမရှိပါ။ ခရစ်တော်၏အလုပ်နှင့်သွန်သင်ချက်များအားဖြင့် ကျွန်ုပ်တို့၏အတွေးအခေါ် တိုင်းတာခြင်းကိုသင်ယူပါက ကျွန်ုပ်တို့၏ခံယူချက်ကို ဘုရားရှင်သန့်ရှင်း စေပါသည်။ Letter 320, 1908. [Ev 86.2] EvBur 90.3
အမှုဆောင်တစ်ဦး၏ကုန်ကျစရိတ်ကိုတာဝန်ယူခြင်း - မြို့ကြီးများထဲ၌အလုပ် လုပ်ရန် ကိုယ်စားလှယ်များကိုချထားရမည်။ ကိုယ်တိုင်အမှုမထမ်းနိုင်သော ပုဂ္ဂိုလ်များကို လုပ်ငန်း၌စိတ်ဝင်စားမှုရှိရန်သွေးဆောင်လျက် အမှုထမ်းဆောင် လိုသောသူအား ကုန်ကျစရိတ်ကိုပံ့ပိုးစေရမည်။ ကျွန်ုပ်တို့၏ညီအစ်ကိုများ တို့ကို အမှုတော်၌စိတ်ပါဝင်စားစွာမဆောင်ရွက်လိုသော ဆင်ခြင်ပေးခြင်းကို မပြုစေပါနှင့်။ လက်တွေ့ ခရစ်ယာန်များတို့သည် မိမိတို့ကိုယ်ကျိုးအတွက်သာ အသက်မရှင်ကြပါ။ Manuscript 128, 1901. [Ev 86.3] EvBur 91.1
ငွေလုပ်ငန်းသစ်အတွက်အသင်းတော်၏ငွေကြေး - အမှန်တရားသိသောသူတို့ သည် တစ်ယောက်ကိုတစ်ယောက်အားပေးကြပြီး ဓမ္မဆရာများတို့ကိုပြောရ မည့်စကားမှာ၊ “ဘုရားသခင်၏နာမတော်နှင့် လယ်ပြင်သို့သွား၍ရိတ်သိမ်း ကြပါ။ ကျွန်ုပ်တို့၏ဆုတောင်းခြင်းသည် သင်တို့အတွက်ထက်သောတံစဉ် ကဲ့သို့ဖြစ်စေမည်။” ထိုကြောင့် ကျွန်ုပ်တို့၏အသင်းတော်များသည် ဘုရားသခင် အတွက် ကောင်းမွန်စွာသက်သေခံသင့်ပြီး အသင်းသားများတို့သည် မိမိတို့ ၏လက်ဆောင်များနှင့်အလှူငွေများကို ဘုရားရှင်ထံယူဆောင်လာသင့်ကြပါ သည်။ သို့မှသာ နယ်သို့သွား၍အမှုဆောင်သောသူများတို့သည် ဝိညာဉ်များ အတွက်ဆောင်ရွက်နိုင်ကြလိမ့်မည်။ လမ်းပြလုပ် EvBur 91.2
မြို့တွင်းလုပ်ငန်းအတွက်ဘုရားသခင်၏ပြင်ဆင်မှု - ဧဝံဂေလိသတင်းစကား ၏သြဇာညောင်းမှုကို လွယ်ကူစွာခံယူနိုင်သော ချမ်းသာကြွယ်ဝသည့်ပုဂ္ဂိုလ် များရှိကြောင်း ကျွန်ုပ်တို့၏လူများကို ကျွန်ုပ်တစ်ကြိမ်ပြီးတစ်ကြိမ်ပြောခဲ့သော ဘုရားရှင်ထံမှသတင်းစကားရှိသည်။ တစ်ခါမျှအမှန်တရားကိုမကြားရသေး သော ဘုရားသခင်၏လူများရှိသည်။ သင်၏အလုပ်ကိုကိုင်ဆွဲပါ။ အမှန် တရားတိုးတက်ရန် ကြွယ်ဝခြင်းထဲမှလှူဒါန်းသည့်ငွေကြေးဖြင့် ဌာနတစ်ခု ထူထောင်နိုင်ရန်အသုံးပြုပါ။ တစ်ကိုယ်ကောင်းစိတ်မရှိ၊ မြို့ကြီးများအတွက် အသုံးပြုသင့်သောငွေကြေးကို ဆုပ်ကိုင်ထားခြင်းမရှိသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို အမှုတော်ဆောင်ရန်အတွက်ရွေးချယ်ပါ။ ထိုသူများကို မိမိ ရွေးချယ်သူများအဖြစ် ဘုရားသခင်သတ်မှတ်ပါသည်။ [Ev 87.1] 23 EvBur 91.3
ကျမ်းစာနှင့်ကျမ်းစာကိုသာလျှင် ကမ္ဘာ၏တစ်ခုတည်းသောအလင်း ကဲ့သို့ဟောပြောခဲ့ပါက ချမ်းသာသောသူတို့၏နှလုံးသားကို ဘုရားသခင် လှုံ့ဆော်ပေးတော်မူလိမ့်မည်။ ဤမြို့ များအထဲ၌ အမှန်တရားသည် မီးအိမ် တစ်လုံးသဖွယ်ထွန်းတောက်ပေလိမ့်မည်။ [Ev 87.2] EvBur 92.1
အဘယ်ကြောင့်ထူးခြားသောသူများ၊ စွမ်းရည်ရှိသောသူများတို့ကို ကျော်သွားပြီး အနိမ့်ဆုံးသောသူများ၊ အဆင့်အတန်းမရှိသောသူများထံသို့သာ အထူးသွားရောက်၍အမှုဆောင်ရပါသနည်းဟု မေးခွန်းမျိုးကိုမေးခဲ့ကြပါသည်။ စပါးအားလုံးမှည့်လျက်ရှိသည့်လယ်ပြင်တစ်ခုရှိနေပြီး ထိုလယ်ပြင်၌ရိတ်သိမ်း ရန် ဘုရားရှင်၏ငွေကြေးရှိနေပါသည်။ ထိုသူတို့အထဲ၌ အမှန်တရားကို လက်ခံရန် စီးပွားရေး၌ကျွမ်းကျင်သူများ၊ ကျမ်းစာကိုယုံကြည်သူများ၊ သူတို့ နှလုံးသားဘဏ္ဍာထဲမှ ဆန်းသစ်သောအရာနှင့်ဟောင်းနွမ်းသောအရာများတို့ကို ယူဆောင်လာနိုင်သောသူများဖြစ်သည်။ ဝိညာဉ်တော်ထိန်းချုပ်ခြင်းအားဖြင့် ဤပုဂ္ဂိုလ်များတို့သည် တားဆီးမှုများတို့ကိုဖယ်ထုတ်၍ ရှင်းလင်းနိုင်ပြီး ခရစ်တော်မကြာမီကြွလာခြင်းအတွက် သတိပေးနိုင်ပါလိမ့်မည်။ [Ev 87.3] EvBur 92.2
ကျွန်ုပ်၏သက်သေခံချက်များစွာအထဲ၌ ဘုရားသခင်ပေးထားသည့် ငွေဖြင့် ချမ်းသာသောသူများရှိပြီး မြို့ကြီးများအတွင်း အမှန်တရားရောက်ရှိ ရန်ပေးလှူကြမည့် ဘုရားသခင်၏ဝိညာဉ်တော်လှုပ်ရှားသူများရှိမည်အကြောင်း ကျွန်ုပ်ပြောခဲ့ပါသည်။ ထိုသူတို့အား ဘုရားသခင်ပေးအပ်ထားသောငွေအား ဖြင့် ဘုရားသခင်၏လမ်းကိုပြင်ဆင်ပေးပြီး ဘုရားသခင်အတွက် ကန္တာရ ထဲ၌ လမ်းမကြီးတစ်ခုကိုဖြောင့်ဖြူးစေလိမ့်မည်။ [Ev 87.4] EvBur 92.3
မြို့ကြီးများထဲ၌ တာဝန်ထမ်းဆောင်သောသူတို့သည် ဖြစ်နိုင်ပါက ကမ္ဘာပေါ်ရှိအဆင့်မြင့်သောသူများ၊ အုပ်ချုပ်ရေးတန်ခိုးအာဏာရှိသူများတို့ကို ပင် ဆွဲဆောင်ကြရမည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအဘယ်မှာနည်း။ ဘုရားသခင် သည် ကျွန်ုပ်အားနေဗုခဒ်နေဇာအကြောင်းပြောပြပါသည်။ ဤကမ္ဘာပေါ်၌ တန်ခိုးအရှိဆုံးဘုရင်အား ဘုရင်တကာ့ဘုရင်ကိုသိကျွမ်းရန် တန်ခိုးဖြင့်ဘုရား ရှင်အလုပ်လုပ်ခဲ့ပါသည်။ ကမ္ဘာအဆက်ဆက်မကုန်ဆုံးနိုင်သောနိုင်ငံကို အုပ်ချုပ်ရသော “တန်ခိုးအကြီးဆုံးသောဘုရား” ကို စိတ်နေမြင့်သည့်ဘုရင် ကြီးမှ သိကျွမ်းရသောအခွင့်ကို ဘုရားရှင်သည် ၎င်းဘုရင်ကြီး၏နှလုံးသား အား ပြုပြင်ပေးခဲ့သည်။ Letter 132, 1901. [Ev 88.1] EvBur 93.1
ချမ်းသာသောသူထံအကူအညီရယူပါ - ဘုရားသခင်အမှုတော်တိုးတက်ရန် ဆောင်ရွက်သောသူတို့သည် မိမိတို့လိုအပ်သည့်အရာများကို ကမ္ဘာ့ချမ်းသာ ကြွယ်ဝသူများရှေ့၌ တင်ပြစေပါ။ လက်တွေ့ကျကျတင်ပြပါ။ သင်ဘာ ဆောင်ရွက်သွားမည်ကိုပြောပြပါ။ သူတို့ထံအလှူများကိုတောင်းခံပါ။ သူတို့ ၌ရှိသောကြွယ်ဝခြင်းသည် ဘုရားထံမှရရှိသည့်အတွက် မိမိတို့၏ငွေကြေးများ ကို ကမ္ဘာသို့အလင်းပေးရန် အသုံးပြုသင့်သည်။ [Ev 88.2] EvBur 93.2
ကမ္ဘာပေါ်၌ ရွှေ၊ ငွေ၊ ဘဏ္ဍာ မြောက်မြားစွာသိုထားလျက်ရှိသည်။ လူတို့၏ချမ်းသာကြွယ်ဝခြင်းများကို မိမိတို့သိုထားကြပါသည်။ ခရစ်တော် နှင့်ဒုက္ခခံစားရသောလူသားများအတွက် မေတ္တာနှင့်ပြည့်ဝသည့်နှလုံးသားဖြင့် သူတို့ထံသို့သွားရောက်အကူအညီတောင်းခံပါ။ ဘုရားသခင်၏ကြင်နာသော သနားတတ်သည့်စိတ်ထားကို သူတို့တွေ့ မြင်ရသောအခါ၊ သူတို့၏စိတ်နှလုံး များကို ထိခိုက်စေလိမ့်မည်။ ဆေးသာသနာပြုလုပ်ငန်းကိုဆောင်ရွက်ခြင်းအား ဖြင့် ခရစ်တော်၏အကူအညီပေးသူများဖြစ်ကြောင်း သူတို့နားလည်ကြလိမ့် မည်။ လိုအပ်သည့်အရာများကိုလုပ်ဆောင်ရန် ပစ္စည်းတန်ဆာပလာများတို့ကို ပြင်ဆင်ပေးပြီး ဘုရားသခင်နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြလိမ့်မည်။ Manuscript 40, 1901. [Ev 88.3] EvBur 93.3
အခြားပုဂ္ဂိုလ်များလည်းပစ္စည်းတန်ဆာပလာများရှိရမည် - အသင်းလူကြီးတစ်ဦး သည် နယ်မြေ၏ခြားနားသောနေရာများ၌ အမှုတော်ထမ်းဆောင်ကြသောသူ တို့ကို ပံ့ပိုးသင့်သည့်ငွေကိုဖြုန်းတီးလျက်ရှိသည်။ သူမှလွဲ၍ အခြားသောသူ များတို့သည်လည်း မိမိတို့၏စွမ်းရည်များကို ဘုရားအမှုတော်၌အသုံးပြုရန် အခွင့်အရေးပေးရမည်ကို သတိရသင့်သည်။ လုပ်ငန်းအတွက် သူတို့အား ပစ္စည်းတန်ဆာပလာများကိုပေးရမည်။ သို့မှသာ သူတို့၏ကျန်းမာခြင်းနှင့် အသက်အန္တရာယ်ကိုမထိခိုက်စေရန် သူတို့လုပ်ဆောင်နိုင်ကြလိမ့်မည်။ အမှုဆောင်တစ်ဦးသည် ငွေအရေအတွက်များစွာကို မိမိလုပ်ငန်းအတွက် မိမိ စီမံကိန်းအတိုင်းအသုံးပြုမည်ဖြစ်ပါက အခြားအမှုဆောင်တစ်ဦးအား ပေးအပ် ထားသည့်လုပ်ငန်းအတွက် ဆောင်ရွက်ရန်ငွေရှိမည်မဟုတ်ပါ။ ဤငွေများသည် ပြင်ဘက်မှရရှိသည့်တိုင် ဘုရားငွေများသာဖြစ်သည်။ လူတစ်ဦး၌အမှုတော် ဆောင်ရန်ငွေလုံလောက်စွာရှိပြီး အခြားတစ်ဦး၌အမှုတော်အတွက်အသုံးပြုရန် ငွေမရှိခြင်းကြောင့် လုပ်ငန်းမပြီးမြောက်နိုင်ခြင်းမှာ ဘုရားရှင်၏အလိုတော် မဟုတ်ပါ။ Letter 49, 1902. [Ev 88.4] EvBur 94.1
အပြောင်းလဲသူများမှငွေကြေးအထောက်အပံ့ - မြို့နေလူတန်းစားတို့ကို အမှန် တရားသို့ခေါ်ဆောင်လာခြင်းဖြင့် အမှုတော်အတွက်ငွေကြေးစတင်ဝင်ရောက် လာပါလိမ့်မည်။ ရိုးသားသောဝိညာဉ်များ ပြောင်းလဲလာသည့်အခါ၊ သူတို့ ၏ငွေကြေးများသည် ဘုရားရှင်အမှုတော်အတွက်ဆက်ကပ်ကြမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ဘဏ္ဍာအရင်းအမြစ်တိုးပွားလာသည်ကို တွေ့ရှိရပါလိမ့်မည်။ Manuscript 53, 1909. [Ev 89.1] EvBur 94.2
သီးသန့်ရန်ပုံငွေတစ်ခုထားရှိပါ - အသင်းလူကြီးတစ်ဦးဆောင်ရွက်ခဲ့သကဲ့ သို့ ဧဝံဂေလိလုပ်ငန်းကို အတ္တစိတ်နှင့်မိမိကိုယ်ကိုချီးမြှောက်သည့်ဟန်ပန်အမူ အရာဖြင့် ဆောင်ရွက်ခြင်းမပြုရပါ။ အမှုတော်အတွက် အမှုတော်များတို့၏ လက်တွင်းသို့ရောက်ရှိလာသောကြေးငွေများသည် ဘုရားရှင်နှင့်သာသက်ဆိုင် ပြီး ချွေတာသုံးစွဲကြရပါမည်။ အမှုတော်အတွက် ငွေအရေအတွက်များစွာကို အသုံးပြုရသောအခါ၊ ဘုရားသခင်၏လုပ်ငန်းခွင်၌ အရေးပေါ်ကိစ္စများဖြစ်ပေါ် လာသည့်အခါ အသုံးပြုနိုင်ရန်ချန်ထားရပါမည်။ Letter 149, 1901, [Ev 89.2] EvBur 95.1
နေရာသစ်များ၌သတိပညာဖြင့် အုပ်ချုပ်ခြင်း - ကျွန်ုပ်တို့၏လုပ်ငန်းအစ၌ မှန်ကန်စွာအစပြုရန် အလွန်အရေးကြီးပါသည်။ နေရာသစ်တစ်ခု၌ မှန်ကန် စွာအစပြုပါက တိုးတက်မည်ဖြစ်သော်လည်း သေချာသည့်တိုးတက်မှုဖြင့် မလုပ်ဆောင်ကြခြင်းကို ကျွန်ုပ်အားဖော်ပြပါသည်။ ကောင်းမွန်စွာကြပ်မတ်၍ လုပ်ကိုင်ပါက လုပ်ငန်းများစွာပြီးမြောက်မည်ဖြစ်ပြီး ဘဏ္ဍာရေးဌာနမှငွေအနည်း ငယ်ကိုသာ အသုံးပြုရမည်ဖြစ်သည်။ ကျွန်ုပ်တို့အားအပ်နှံထားသော ကြီးမြတ် ၍သန့်ရှင်းသည့် မြင့်မြတ်သောအမှန်တရားရှိသည်။ Letter 14, 1887. [Ev 89.3] EvBur 95.2
ပို၍ငွေကြေးကိုအသုံးပြုရန် - ကျွန်ုပ်တို့သည် ငွေကြေးကိုချွေတာကြ ရမည်ဖြစ်သော်လည်း အလွန်အကျွံမဖြစ်စေရပါ။ ဝမ်းနည်းဖွယ်တစ်ခုသည် အသက်တာ၌ တစ်ခါတစ်ရံဆက်ကပ်မှုတစ်ဖက်စွန်းရောက်ရှိနေခြင်း၏ကြီးမား သောအမှားများဖြစ်သည်။ ဘုရားအမှုဆောင်များတို့သည် မိမိတို့၏ကိုယ်ကို ယုံကြည်စိတ်ချလွန်းသောအခြေအနေသို့ရောက်နိုင်သည်။ မိမိကိုယ်ကိုဆက်ကပ် ပြီး စားစရာမလုံလောက်ခြင်း၊ ဝတ်စရာမလုံလောက်ခြင်း အသက်တာ၌နေပြီး ရရှိသည့်ဝင်ငွေဖြင့် တတ်အားသရွေ့ လူများအတွက်ကိုသာကူညီမစကြသော သူတချို့ရှိသည်။ တချို့အမှုဆောင်များတို့သည် အလုပ်ကြိုးစားလွန်းပြီး ရှိသင့် ရှိထိုက်သည့်အရာများ သူတို့၌မရှိပါ။ အကြောင်းမှာ ဘဏ္ဍာတော်ထဲ၌ နယ်ဒေသတွင်အမှုထမ်းဆောင်သူများတို့အတွက် လုံလောက်သည့်ငွေမရှိခြင်း ကြောင့်ဖြစ်သည်။ အကယ်၍ ခရစ်တော်၏အမိန့်တော်အတိုင်းဆောင်ရွက်ကြ ပါက ငွေကြေးပို၍ရရှိကြမည်ဖြစ်သည်။ “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုနေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။” Letter 49, 1902. [Ev 90.1] EvBur 95.3
သေးငယ်သောအရာများကိုတန်ဖိုးထားပါ - မိမိတို့စိတ်ထဲထားရှိရမည့်အရာ တစ်ခုမှာ သင်တို့သည် ပြုပြင်ပြောင်းလဲပေးသူများဖြစ်ပြီး တစ်ယူသန်သမား မဖြစ်ရပါ။ မယုံကြည်သူများနှင့်ဆက်ဆံကြသောအခါ၊ အထင်သေးဖွယ်ရာ အမူအရာများကို မပေါ်လွင်စေပါနှင့်။ အနည်းငယ်သောငွေကိုတန်ဖိုးထားခြင်း ဖြင့် အဆုံး၌များစွာသောငွေကိုဆုံးရှုံးရလိမ့်မည်။ “ဒီလူဟာထက်တဲ့လူပဲ၊ ဖြစ်နိုင်တဲ့နည်းနဲ့သင့်ကိုလိမ်လိမ့်မယ်၊ သူနဲ့ဆက်ဆံတဲ့အခါသတိထား” ဆိုပြီး သူတစ်ပါးကိုယုံကြည်မှုမရှိသောစကားဖြင့် သတိထားပြောရပါမည်။ အကယ်၍ သေးငယ်သည့်အပေါ်သူတစ်ပါးနှင့်ကောင်းမွန်စွာဆက်ဆံပါက ထိုသူတို့သည် သင်နှင့်အတူ ၎င်းအတိုင်းကောင်းမွန်စွာလုပ်ဆောင်လိမ့်မည်။ အနည်းငယ် သည် အနည်းငယ်ကိုရစေလိမ့်မည်။ လွန်စွာနုံချာခြင်းသည် လွန်စွာနုံချာခြင်း ကိုရလိမ့်မည်။ ဤအဆိုကိုလိုက်လျှောက်သောသူတို့သည် သဘောထားကြီး သူဖြစ်ပါသည်။ အထူးသဖြင့် ယုံကြည်ခြင်းမတူသောသူတို့၌ ဆက်ဆံရာ တွင်အရေးကြီးပါသည်။ တန်ဖိုးရှိသောအမှန်တရားသည် ကျဉ်းမြောင်းသော သဘောထားဖြင့် ချွတ်ယွင်းတတ်ပါသည်။ Letter 14, 1887. [Ev 90.2] EvBur 96.1