ယနေ့ အတွက်အလုပ် - တတိယကောင်းကင်တမန်သတင်းစကားသည် ကျယ်လောင်သောအသံတစ်ခုသို့ကြီးမားလာပြီး လက်ရှိတာဝန်ကိုလျစ်လျူရှု ရမည့်လွတ်လပ်ခြင်းတစ်ခုဟု သင်ခံစားခြင်းမရှိရပါ။ ထိုနောက် သင်၏ ဆောင်ရွက်ရမည့်တာဝန်အပေါ် မည်သည့်ကြိုးစားခြင်းမျှမပြုသည့်အခါ အနာဂတ် ကာလ၌ ကြီးမားသောကောင်းချီးမင်္ဂလာရရှိသူများထဲ၌ တစ်ဦးအပါအဝင်ဖြစ်ပြီး အံ့သြဖွယ်သောနိုးကြားခြင်းရှိလာလိမ့်မည်ဟု ၎င်းအတွေးအခေါ်ကို သင့်စိတ် ထဲ၌မထားရှိသင့်ပါ။ ယနေ့ပင်ကောင်းကင်နှင်းရည်ရရှိရန်၊ နောက်မိုး၏ရွာသွန်း မည့်မိုးရေကို အဆင်သင့်ရရှိရန် သင့်ကိုယ်ကိုသန့်ရှင်းစေရလိမ့်မည်။ အကြောင်း မှာ နောက်မိုးရွာမည်ဖြစ်ပြီး ဘုရားသခင်၏ကောင်းချီးမင်္ဂလာသည် ဝိညာဉ် တိုင်းကိုပြည့်စေကာ ညစ်ညမ်းသောအရာတိုင်းတို့မှ ဖြူစင်သန့်ရှင်းစေမည် ဖြစ်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဗတ္တိဇံအတွက် သင့်လျော်သောသူများဖြစ်ရန်၊ ဘုရားသခင်ထံမှအင်အားပြည့်ဖြိုး သောအချိန်အတွက် သင့်လျော်သောသူများဖြစ်ရန် ခရစ်တော်ထံသို့ကျွန်ုပ်တို့ ၏ဝိညာဉ်များကို ယနေ့အပ်နှံရန် ကျွန်ုပ်တို့၏တာဝန်ဖြစ်ပါသည်။ [Ev 701.4] EvBur 935.3
အထူးစိတ်လှုပ်ရှားမှုတချို့ကိုမျှော်လင့်လျက်အသက်ရှင်မည့်အစား ဝိညာဉ်များကယ်တင်ခြင်းရရှိရန်အတွက် ကျွန်ုပ်တို့သည် လိမ္မာစွာဖြင့်လက်ရှိ အခွင့်အရေးများကိုတိုးတက်အောင်ပြုလုပ်ကြရန် ပို၍လိုအပ်ပါသည်။ ဘုရားသခင် သည် မိမိ၏တန်ခိုးတော်ဖြင့်ချမှတ်ထားသောအချိန်နှင့် လူတို့ထံမှထိန်းသိမ်း ထားသောအရာတို့နှင့်ပတ်သက်ပြီး မိမိတို့၏စိတ်ထဲ၌မျှော်မှန်းထားသောတန်ခိုး ကို ကုန်ခန်းစေမည့်အစား၊ ကျွန်ုပ်တို့သည် လက်ရှိတာဝန်များကိုလုပ်ဆောင် ရန်၊ လူတို့၏ယူဆချက်များတို့နှင့်ထိခိုက်ခြင်းမရှိဘဲ အမှန်တရားအတွက် ပျက်စီးခြင်းသို့ရောက်နေသောဝိညာဉ်များတို့အတွက် အသက်မုန့်ကိုပေးရန် ကျွန်ုပ်တို့၏ကိုယ်ကို သန့်ရှင်းသောဝိညာဉ်တော်၏ထိန်းချုပ်မှုအောက်သို့ အပ်နှံ ကြရန်ဖြစ်သည်။ Review and Herald, March 22, 1892. [Ev 702.1] EvBur 936.1
ယခင်ကမဖြစ်ဘူးသောအခွင့်အရေးများ - ယနေ့အချိန်ခရီးသွားလာရာ၌ လူတန်းစားအမျိုးမျိုးနှင့်လူမျိုးပေါင်းများစွာမှ အမျိုးသား၊ အမျိုးသမီးများတို့နှင့် ဆက်သွယ်နိုင်သည့်အခွင့်အရေးများသည် ဣသရေလအချိန်အခါထက်ပို၍ များစွာကောင်းမွန်ပါသည်။ လူအများခရီးသွားလာရာလမ်းများတို့သည် ထောင်ချီ၍များပြားလာပါသည်။ ဘုရားသခင်သည် လမ်းခရီးကိုအံ့သြစွာ ပြင်ဆင်ပေးနေပါသည်။ ပုံနှိပ်စက်ကိုယ်စားလှယ်သည် ၎င်း၏များစွာသော အထောက်အကူပစ္စည်းများတို့ကို လိုအပ်သလိုရရှိနိုင်ပါသည်။ ဘာသာစကား များစွာဖြင့် ကျမ်းစာများနှင့်ပုံနှိပ်ထုတ်ဝေသောစာပေများတို့သည် ယခုအချိန် အတွက် အမှန်တရားများကိုပြင်ဆင်ပေးလျက်ရှိပြီး၊ ကျွန်ုပ်တို့၏လက်ထဲ၌ ရှိနေသောကြောင့် ကမ္ဘာ၏နေရာအနှံ့အပြားသို့ လျင်မြန်စွာသယ်ဆောင်သွား နိုင်ပါသည်။ [Ev 702.2] EvBur 936.2
ကျွန်ုပ်တို့သည် ဘုရားသခင်၏နောက်ဆုံးသောသတိပေးခြင်းကို လူတို့ ထံသို့ပေးပို့နိုင်ပြီး သမ္မာကျမ်းစာလေ့လာရာ၌သော်လည်းကောင်း၊ အလင်းကို ဖြန့်ချိရာ၌သော်လည်းကောင်း စိတ်အားထက်သန်စွာဖြင့် ပြုလုပ်နိုင်ကြပါသည်။ Review and Herald, Jan. 25, 1906. EvBur 937.1
ဤအခွင့်အရေးများကို ဘုရားသခင်ပြင်ဆင်ပေးသည် - အရေးကြုံရာကာလ သည် ကျွန်ုပ်တို့အပေါ်သို့ကျရောက်လျက်ရှိသည်။ ယခုဤနောက်ဆုံးသော နေ့ရက်များတို့၌ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအားဖြင့် ကြီးမားသောအမှန် တရားများကိုဟောပြောကြရမည်။ မကြာမီ လူတိုင်းသတိပေးစကားကိုကြား ရပြီး ဆုံးဖြတ်ချက်ချရပါလိမ့်မည်။ ထိုအခါ အဆုံးသို့ရောက်ရှိမည်ဖြစ်သည်။ ဘုရားသခင်သည် ကြီးသောအမှုဆောင်သခင်ဖြစ်ပြီး၊ သူ၏ပြင်ဆင်မှုအားဖြင့် သူ၏လုပ်ငန်းပြီးစီးမည့်လမ်းကို သူပြင်ဆင်ပေးလျက်ရှိသည်။ အခွင့်အရေး များကိုသူပြင်ဆင်ပေးပြီး လုပ်ငန်းများ၏သြဇာနှင့်လမ်းကြောင်းများကို သူဖွင့် ပေးထားပါသည်။ အကယ်၍ သူ၏လူများတို့သည် သူ၏ပြင်ဆင်ပေးထား သော ဖော်ပြနေသည့်အရာများတို့ကိုစောင့်ကြည့်နေပြီး သူနှင့်အတူပူးပေါင်း လုပ်ဆောင်ရန် အဆင်သင့်ရှိနေပါက ကြီးမားသောအလုပ်ကိုပြီးမြောက် အောင်မြင်စွာလုပ်ဆောင်နိုင်ကြောင်း သူတို့တွေ့မြင်ရလိမ့်မည်။ Testimonies, vol. 6, p. 24. (1900) [Ev 703.1] EvBur 937.2
ဘာသာရေးနိုးကြားခြင်းကို နိုင်ငံ တော်အကျပ်အတည်းမှပြုပြင်ပေးခြင်း - ယနေ့ မည်သည့်အမှားကိုမျှမပြုလုပ်ကြသော လူတို့နှင့်တိုင်းပြည်များတို့အား ဘုရားသခင်၏လက်ထဲ၌ရှိသည့်ချိန်သီးအားဖြင့် စမ်းသပ်လျက်ရှိသည်။ [Ev 703.21 EvBur 938.1
ယနေ့အချိန်ကာလ၏ နိမိတ်များတို့သည် ကျွန်ုပ်တို့အတွက်ကြီးမား ပြီး အရေးကြီးသောအဖြစ်အပျက်များတို့၏ဝင်ပေါက်၌ မတ်တတ်ရပ်နေကြ ကြောင်း ဖော်ပြပေးနေပါသည်။ ကျွန်ုပ်တို့၏ကမ္ဘာပေါ်ရှိအရာတိုင်းတို့သည် စိုးရိမ်ကြောင့်ကြခြင်း၌ရှိကြရပါသည်။ သူမကြွလာမီကယ်တင်ရှင်၏ကြိုတင် ဖော်ပြခဲ့သော ဖြစ်လာမည့်အဖြစ်အပျက်များတို့သည် ကျွန်ုပ်တို့၏မျက်စိရှေ့ ၌ ပြည့်စုံလျက်ရှိနေပါသည်။ “သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကိုလည်း ကောင်း၊ စစ်တိုက်အံ့သောသတင်းစကားကိုလည်းကောင်း ကြားရကြလိမ့်မည်။ လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ် တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။” [Ev 703.3] EvBur 938.2
လက်ရှိအချိန်အခါသည် အသက်ရှင်သူအားလုံးတို့အတွက် စိတ်ဝင်စား ခြင်းများတို့နှင့် မိမိတို့၏စိတ်ထဲ၌လွှမ်းမိုးလျက်ရှိသည်။ အုပ်ချုပ်သူများနှင့် နိုင်ငံတော်ခေါင်းဆောင်များ၊ ယုံကြည်ကိုးစားခြင်းနှင့် အမိန့်အာဏာ၏ရာထူး ရာခံရှိသူများ၊ တွေးခေါ်တတ်သည့်လူတန်းစားအားလုံးတို့သည် ကျွန်ုပ်တို့ ထံသို့ရောက်လုသောအဖြစ်အပျက်များအပေါ် မိမိတို့၏အာရုံကို စူးစိုက်လျက် ရှိကြသည်။ လူမျိုးများတို့အထဲ၌ရှိနေသောဆက်ဆံခြင်းများတို့ကို သူတို့စောင့် ကြည့်လျက်ရှိကြသည်။ သူတို့သည် လောကကြီး၏အင်္ဂါအစိတ်အပိုင်းတိုင်း တို့၏ဖြစ်ပျက်နေသည့် ပြင်းထန်ခြင်းကိုသုံးသပ်နေကြပြီး၊ ကြီးမားသောအရာ တစ်ခုခုနှင့်အဆုံးအဖြတ်ပေးမည့်အရာသည် နေရာယူလုနီးပါးရှိကာ ကမ္ဘာ ကြီးသည် ကြီးမားသောအရေးကြုံရာကာလသို့ရောက်ရှိရန် အလွန်နီးကပ်နေ သည်ကို သူတို့ဝန်ခံကြလိမ့်မည်။ Prophets and Kings, pp. 536, 537. (1916) [Ev 703.4] EvBur 938.3
ဆိုင်းငံ့ထားခြင်းတစ်ခဏကာလ၌ကျွန်ုပ်တို့၏တာဝန် - ယခုကောင်းကင်တမန် များတို့သည် ခိုက်ရန်ဖြစ်ပွားခြင်း၏လေများတို့အား တားမြစ်ထားခြင်းမှာ ၎င်း၏လာမည့်ပျက်စီးခြင်းသတင်းစကားကို ကမ္ဘာသို့သတိပေးစကားဟောပြော ပြီးသည့်အထိဖြစ်ပါသည်။ သို့သော် မုန်တိုင်းသည် စုရုံးလျက်ရှိပြီး၊ ကမ္ဘာ ကြီးအားပေါက်ကွဲစေရန် အဆင်သင့်ရှိနေပါသည်။ ဘုရားသခင်သည် သူ၏ ကောင်းကင်တမန်များတို့ကို လေများအားလွှတ်လိုက်ရန်စေခိုင်းသောအခါ၊ မည်သည့်ကလောင်မျှဖော်ပြ၍မရသော ခိုက်ရန်ဖြစ်ပွားခြင်းအဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ [Ev 704.1] EvBur 939.1
အပြစ်စီရင်ချက်ဆိုင်းငံ့ထားခြင်းကို သနားညှာတာစွာဖြင့် တစ်ခဏတာ ကျွန်ုပ်တို့အားဘုရားသခင်ပေးထားပါသည်။ ဘုရားသခင်မှပေးအပ်ထားသော တာဝန်ကိုလုပ်ဆောင်ရန် ကောင်းကင်မှချေးငှားထားသည့်တန်ခိုးတိုင်းတို့ဖြင့် မသိနားမလည်ခြင်း၌ ပျက်စီးကြရမည့်သူများအတွက် အသုံးပြုကြရပါမည်။ [Ev 704.2] EvBur 939.2
ဘုရားသခင်၏သားသမီးများတို့သည် ယခုအမအစအတွက် သူ့ထံသို့ အင်အားကြီးမားသောဝင်ရောက်ဖျန်ဖြေတောင်းပန်ခြင်းကို ပြုလုပ်သင့်သည်။ ထိုနောက် သူတို့သည် မိမိတို့၏အင်အားများအားလုံးဖြင့် ပေးထားသောဆိုင်းငံ့ ထားသည့်အချိန်ကာလအတွင်း အမှန်တရားကိုကြိုးစား၍ဟောပြောကြရမည်။ [Ev 704.3] EvBur 939.3
ကျွန်ုပ်တို့သည် နေ့စဉ်တရားစီရင်ခြင်းခံရကြမည့်ပုဂ္ဂိုလ်များတို့နှင့် ပေါင်းသင်းဆက်ဆံနေကြရပါသည်။ တချို့သောဝိညာဉ်များအတွက် နေ့စဉ် သတ်မှတ်ထားသောအချိန်ရှိပေလိမ့်မည်။ နေ့စဉ်မိမိ၏ရှေ့ရေးကံကြမ္မာအတွက် တိကျစွာသတ်မှတ်နိုင်ရန် ဆုံးဖြတ်ချက်ချရမည့်သူများရှိပေလိမ့်မည်။ Re- view and Herald, Nov. 23, 1905, [Ev 704.4] EvBur 939.4
တိုက်ပွဲ၏အရေးပါမှု - မမြင်ရသောကိုယ်စားလှယ်များတို့၏စပ်ကြား၌ ဖြစ်ပေါ်နေသော ကြီးမားသည့်တိုက်ပွဲဖြစ်သည့် သစ္စာရှိသောကောင်းကင်တမန် များနှင့် သစ္စာမရှိသောကောင်းကင်တမန်များစပ်ကြား တိုက်လှန်ပွဲ၏အကြောင်း ကို ကျွန်ုပ်တို့နားလည်သင့်သလောက်နားမလည်ကြပါ။ လူတိုင်းအပေါ် ကောင်းသောကောင်းကင်တမန်များနှင့်ဆိုးသောကောင်းကင်တမန်များ ရုန်းကန် ကြိုးပမ်းလျက်ရှိသည်။ ဤတိုက်ပွဲသည် ဟန်ဆောင်သောတိုက်ပွဲမဟုတ်ပါ၊ ကျွန်ုပ်တို့ပါဝင်နေသည့်တိုက်ပွဲသည် အတုအယောင်တိုက်ပွဲမဟုတ်ပါ။ ကျွန်ုပ် တို့သည် တန်ခိုးအလွန်ကြီးမားသောရန်သူများတို့နှင့် ရင်ဆိုင်ကြရမည်ဖြစ်ပြီး မည်သူအောင်မြင်မည်ကိုအဆုံးအဖြတ်ပေးနိုင်ရန် ကျွန်ုပ်တို့အပေါ်၌သာမူတည် ပါသည်။ ရှေးတပည့်တော်များ မိမိတို့၏ခွန်အားရယူသောနေရာ၌ ကျွန်ုပ် တို့သည်လည်း သူတို့နည်းတူ ခွန်အားရယူကြရမည်။ Signs of the Times, Feb 17, 1914. EvBur 940.1
မိစ္ဆာဒိဋ္ဌိအယူရှင်သန်လာခြင်း၊ အပြစ်လူထင်ရှားလာခြင်း - ကျွန်ုပ်တို့သည် နောက်ဆုံးသောအချိန်ရောက်လုနီးသကဲ့သို့ မိစ္ဆာတန်ခိုး၏အတွင်းလှုပ်ရှားခြင်း သည် တစ်နေ့တခြားသာ၍ကြီးမားလာကာ မိစ္ဆာနတ်ဘုရားများတို့သည် မိမိတို့၏ထူးခြားသောတန်ခိုးကိုဖော်ပြမည်ဖြစ်ပြီး ကမ္ဘာ၏မြို့ကြီးများတို့ ရှေ့၌ မိမိတို့၏ကိုယ်ကိုပြသပါလိမ့်မည်။ ထိုနောက် ဤအသေးစိတ်ခြယ်မှုန်း ခြင်းသည် စတင်ပြည့်စုံလျက်ရှိနေပါသည်။ ရုပ်တုမြောက်မြားစွာအားဖြင့် ဘုရားသခင်၏သားသမီးများတို့အား သူတို့၏ညှဉ်းဆဲခြင်း၌ကျော်ကြားခဲ့သည့် ယုတ်မာသောအကျင့်စာရိတ္တနှင့် လှည့်ဖြားသောသြဇာကို သခင်ယေရှုသည် ယောဟန်သို့ဖော်ပြခဲ့သည်။ လူအားလုံးတို့သည် ဤကမ္ဘာကြီး၏သမိုင်းကို ကြီးမားစွာအဆုံးသတ်စေမည့် ထင်ရှားသောဒုစရိုက်၏လျှို့ဝှက်ခြင်းကို သေချာ စွာရှာဖွေရန် ပညာလိုအပ်သည်။ [Ev 705.1] EvBur 940.2
ကျွန်ုပ်တို့နေထိုင်သည့်အချိန်၌ ဘုရားသခင်သည် သူ၏လူတို့ကို ခေါ်ပြီး သူတို့အားသယ်ဆောင်ရန်သတင်းစကားကိုပေးပါသည်။ သူတို့အား တနင်္ဂနွေပညတ်ကို ထူးခြားသောတန်ခိုးဖြင့်ပြုလုပ်ခဲ့ပြီး၊ အချိန်နှင့်ပညတ် တရားများတို့ကိုပြောင်းလဲရန်ကြံစည်ကာ စစ်မှန်သည့်တစ်ခုတည်းသောဥပုသ်၊ ဖန်ဆင်းခြင်းဥပုသ်နေ့ကို ဘုရားသခင်အတွက်သန့်ရှင်းသကဲ့သို့စောင့်ထိန်းကြ ပြီး ဘုရားသခင်အားဂုဏ်ပြုရန် မားမားမတ်မတ်ရပ်တည်ကြသော ဘုရားသခင် ၏သားသမီးများတို့ကို ရက်စက်စွာဖိနှိပ်သောအပြစ်ဒုစရိုက်လူ၏ဆိုးယုတ်ခြင်း ကို ဖော်ထုတ်ပြသရန်ခေါ်တော်မူသည်။ Testimonies to Ministers, pp. 117, 118. [Ev 705.2] EvBur 941.1
ဘုရားသခင်၏ကြောက်ရွံ့ခြင်းကင်းမဲ့သောစေတမန်များ - ဤလက်ရှိအချိန် တွင် လောကအရာအားလုံး လျင်မြန်စွာကုန်ဆုံးမည့်အချိန်အခါ၌ စာတန် မာရ်နတ်သည် ဤကမ္ဘာကြီးကိုထောင်ချောက်ဖြင့်ဖမ်းရန် ပြင်းထန်စွာကြိုးစား မှုများကိုပြုလုပ်လျက်ရှိသည်။ သူသည် လူတို့၏စိတ်ကိုဆွဲယူပိုင်ဆိုင်နိုင်ရန် နှင့်ကယ်တင်ခြင်းကိုပေးရန် လိုအပ်သည့်အမှန်တရားများမှ လူတို့၏အာရုံကို ပြောင်းလဲနိုင်ရန် နည်းလမ်းအမျိုးမျိုးကိုတီထွင်လျက်ရှိသည်။ [Ev 705.3] EvBur 941.2
ဆိုးသွမ်းခြင်းသည် တစ်ခါမျှမရောက်ရှိသေးသည့် မြင့်မားသောအခြေ အနေသို့ရောက်ရှိနေပြီး ယခုများစွာသောဧဝံဂေလိဓမ္မဆရာများတို့သည် “ငြိမ်ဝပ် ခြင်းနှင့်လုံခြုံခြင်း” ဟုကြွေးကျော်လျက်ရှိကြသည်။ သို့သော် ဘုရားသခင်၏ သတင်းစကားကိုသယ်ဆောင်သောသူတို့သည် မိမိတို့၏အလုပ်နှင့်အတူ ပုံမှန် ရှေ့သို့သွားလျက်ရှိသည်။ ကောင်းကင်သံချပ်ဝတ်စုံဖြင့် ဝတ်ဆင်ထားလျက် သူတို့သည် အကြောက်အရွံ့ကင်းစွာနှင့်အောင်မြင်စွာဖြင့် ယခုအချိန်အတွက် သူတို့လက်လှမ်းမီသမျှသောသူအားလုံးတို့ကို အမှန်တရား၏သတင်းစကား ရရှိသည်အထိ သူတို့၏စစ်ပွဲကို မည်သည့်အခါမျှရပ်နားခြင်းမရှိဘဲ ချီတက် ကြမည်ဖြစ်သည်။ Acts of the Apostles, pp. 219, 220, EvBur 941.3