Go to full page →

အောင်မြင်ခြင်းအလွတ်အထိပ်သို့လျင်မြန်စွာရောက်ရှိစေခြင်း EvBur 942

အဋ္ဌတစ်ကြိမ်က ကမ္ဘာကိုတုန်ခါစေခဲ့သောဧဝံဂေလိတရား - ဘုရားသခင်၏ဝိညာဉ် တော်ပူးပေါင်းခြင်းအားဖြင့် တမန်တော်များတို့သည် ကမ္ဘာကြီးကိုတုန်လှုပ် အောင်ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ လူမျိုးတိုင်းသို့ ဧဝံဂေလိသတင်းစကားကို မျိုးဆက်တစ်ခုတည်း၌ သယ်ဆောင်သွားခဲ့ကြပါသည်။ [Ev 706.1] EvBur 942.1

ခရစ်တော်၏ရွေးချယ်ထားသော တမန်တော်များတို့၏သာသနာ့ လုပ်ငန်းအကျိုးများတို့သည် ခမ်းနားကြီးကျယ်လှပေသည်။ [Ev 706.2] EvBur 942.2

တမန်တော်များတို့သည် မိမိတို့၏လုပ်ငန်းအောင်မြင်ရခြင်းမှာ သူတို့ ၏ကိုယ်တိုင်တန်ခိုးအားဖြင့်မဟုတ်ပါ။ အသက်ရှင်တော်မူသောဘုရားသခင် ၏တန်ခိုးတော်အားဖြင့်ဖြစ်သည်။ သူတို့၏အလုပ်သည်မလွယ်ကူပါ။ ခရစ်ယာန် အသင်းတော်၏အစပြုခဲ့ရသောလုပ်ငန်း၌ အခက်အခဲများနှင့်ခါးသီးသောပူဆွေး မှုများစွာဖြင့် ဆောင်ရွက်ခဲ့ကြရပါသည်။ သူတို့၏အလုပ်၌ တပည့်တော်များ တို့သည် ဆင်းရဲနွမ်းပါးခြင်း၊ ထိခိုက်နစ်နာသောစကားများဖြင့်ပြောဆိုခံရခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်းများတို့ကို အမြဲရင်ဆိုင်ကြရပါသည်။ သို့သော် သူတို့ သည် မိမိတို့၏အသက်ကိုမဓာနမထားဘဲ ခရစ်တော်အတွက်ဒုက္ခခံရန်ခေါ်ယူ ခံရခြင်းကို ဝမ်းမြောက်ကြပါသည်။ သူတို့သည် အသုံးပြုရန်နှင့်အသုံးခံရန် ဆန္ဒရှိကြသည်။ သူတို့အပေါ်၌ကျရောက်သောတာဝန်အတွက်သတိရှိခြင်းသည် သူတို့၏ဗဟုသုတကိုဖြူစင်စေ၍ သူတို့၏အရည်အသွေးကိုတိုးတက်စေပြီး ခရစ်တော်အတွက် သူတို့ရရှိသောအောင်မြင်မှုများတို့၌ ကောင်းကင်၏ကျေးဇူး ကရုဏာကို ထင်ရှားပေါ်လွင်စေပါသည်။ တန်ခိုးကြီးသောခွန်အားနှင့် ဘုရားသခင်သည် သူတို့အားဖြင့်အလုပ်လုပ်ဆောင်သွားသောကြောင့် ဧဝံဂေလိ သတင်းစကားသည် ရွှင်လန်းဝမ်းမြောက်စွာအောင်ပွဲခံနိုင်ခဲ့ပါသည်။ Acts of the Apostles, pp. 593-595. (1911) [Ev 706.3] EvBur 942.3

မိုးမျက်နှာကြက်တစ်ခု၌ရွေးချယ်ထားသောသူများ - တိုင်းပြည်တိုင်းတို့၌ ပြန့်ကျဲနေကြသော ကမ္ဘာ့လူသားများတို့အထဲတွင် ဗာလဘုရားရှေ့၌ဒူးထောက် ခြင်းမပြုကြသောသူများရှိနေကြပါသည်။ ကောင်းကင်ကြယ်များညအချိန်၌သာ အလင်းပေးနိုင်သကဲ့သို့ ဤသစ္စာရှိသောသူများတို့သည် ကမ္ဘာကြီးကိုမှောင်မိုက် ဖုံးလွှမ်းသောအချိန်၊ လူတို့အပေါ်အမှောင်ထုကြီးဖုံးလွှမ်းနေသောအချိန်၌ မိမိ တို့၏အလင်းကို ထွန်းလင်းကြပေလိမ့်မည်။ မိစ္ဆာအယူဝါဒခံယူကြသော အာဖရိကတိုက်၌သော်လည်းကောင်း၊ ရောမအယူဝါဒကိုယုံကြည်ကြသော ဥရောပတိုက်နှင့်တောင်အမေရိကတိုက်၌သော်လည်းကောင်း၊ မှောင်မိုက်ဖုံးလွှမ်း လျက်ရှိသော တရုပ်ပြည်၊ အိန္ဒိယပြည်၊ ပင်လယ်ထဲ၌ရှိသောကျွန်းများတို့နှင့် ကမ္ဘာပေါ်ရှိနေရာအားလုံးတို့၌သော်လည်းကောင်း ယခုမှောင်မိုက်နေသောအချိန် တွင် အလင်းကိုထွန်းလင်းရန်၊ ဖောက်ပြန်နေသောဤကမ္ဘာကြီးသို့ သူ၏ ပညတ်တော်အားနားထောင်ခြင်း၏ပြောင်းလဲခြင်းတန်ခိုးကို ရှင်းလင်းစွာဖြင့် ဖော်ပြရန် ဘုရားသခင်သည် မိုးမျက်နှာကြက်၌ရွေးချယ်ထားသော မိမိ၏လူ များတို့ကိုသိမ်းဆည်းထားလျက်ရှိပါသည်။ ယခုပင်သူတို့သည်လူမျိုးတိုင်း၊ ဘာသာစကားနှင့်လူတိုင်းတို့များစွာဖောက်ပြန်လျက်ရှိကြသောအချိန်တွင် မာရ်နတ် ၏အကြီးမားဆုံးသောကြိုးစားခြင်းကိုခံရသောသူ “အားလုံး၊ ငယ်သောသူနှင့် ကြီးသောသူ၊ ချမ်းသာသောသူနှင့်ဆင်းရဲသောသူ၊ လူလွတ်နှင့်ချည်နှောင်ခြင်း ခံရသောသူ” တို့ မှားနေသောနားရက်ကိုသစ္စာခံကြခြင်းကြောင့် သေဒဏ်သင့် ကြမည့်လူတို့အတွက် ဤသစ္စာရှိသောသူများတို့သည် “အပြစ်ကင်းခြင်း၊ အန္တရာယ်ကင်းခြင်း၊ အပြစ်တင်ခြင်းမရှိသော ဘုရားသခင်၏သားသမီးများ တို့သည် “အလင်းများကဲ့သို့ကမ္ဘာ၌ထွန်းလင်းကြလိမ့်မည်။” ညအမှောင်ထု ပို၍ကြီးမားလာလေလေ၊ သူတို့၏အလင်းသည် ပို၍ထွန်းလင်းတောက်ပ လာလေလေဖြစ်ပေလိမ့်မည်။ Prophets and Kings, pp. 188, 189. (1916) [Ev 706.4] EvBur 943.1

အသင်းတော်အောင်မြင်ခြင်း — မကြာမီအလုပ်ပြီးစီးပေလိမ့်မည်။ သစ္စာရှိ သောစစ်သွေးကြွအသင်းတော်၏အသင်းဝင်များတို့သည် အသင်းတော်၏ ရွှင်လန်းဝမ်းမြောက်သော အောင်ပွဲခံကြသည့်လူများဖြစ်ကြပါလိမ့်မည်။ Letter 32, 1892. [Ev 707.1] EvBur 944.1

ထိုနောက် တစ်ခါမျှအမှားမပြုလုပ်သော ကျွန်ုပ်တို့၏စစ်ဗိုလ်ချုပ်ကြီး သည် ကျွန်ုပ်တို့အားပြောသည်မှာ “ချီတက်ပါ၊ နယ်မြေသစ်သို့ဝင်ပြီး တိုင်းပြည် တိုင်းတို့၌စံချိန်ကိုမြှင့်တင်ပါ။ သင်ထလော့၊ လင်းလော့၊ သင်၏အလင်းရောက် လာပြီ။ ထာဝရဘုရား၏ဘုန်းတော်သည် သင်၏အပေါ်မှာပေါ်ထွန်းလျက် ရှိ၏။” [Ev 707.2] EvBur 944.2

ဘုရားသခင်၏သတင်းသယ်ဆောင်သူများအားဖြင့် စာလိပ်ကိုကမ္ဘာ သို့ဖြေလိုက်ရန် အချိန်ရောက်ရှိလာပြီးဖြစ်ပါသည်။ ပထမ၊ ဒုတိယနှင့်တတိယ ကောင်းကင်တမန်သတင်းစကားပါရှိသည့် အမှန်တရားကို ကမ္ဘာအရပ်ရပ်ရှိ လူမျိုးတိုင်း၊ ဘာသာစကားတိုင်းတို့ထံသို ့ သယ်ဆောင်သွားကြရမည်။ မှောင်မိုက်လျက်ရှိသောတိုက်ကြီးများအတွင်းရှိ တိုင်းပြည်တိုင်းနှင့်ပင်လယ်ထဲ ရှိ ကျွန်းများအားလုံးသို့အလင်းထွန်းလင်းပေးကြရမည်။ ဤလုပ်ငန်း၌ဖင့်နွှဲ ခြင်းမရှိစေရပါ။[Ev 707.3] EvBur 944.3

ကျွန်ုပ်တို့၏ဆောင်ပုဒ်သည် ရှေ့သို့၊ အမြဲရှေ့သို့သာဖြစ်ပြီး ကောင်းကင်မှကောင်းကင်တမန်များတို့သည် ကျွန်ုပ်တို့၏ရှေ့၌သွားပြီး လမ်းကို ပြင်ဆင်ပေးလိမ့်မည်။ နယ်ပယ်ဒေသများနှင့်အခြားသောနေရာတိုင်းအတွက် ကျွန်ုပ်တို့၏ဝန်ထုပ်သည် ကမ္ဘာတစ်ခုလုံးအပေါ်သို့ ဘုရားသခင်၏ဘုန်းတော် ဖြင့်ထွန်းလင်းခြင်းမရှိမချင်း မည်သည့်အခါမျှချထားခြင်းမပြုရပါ။ Gospel Workers, p. 470. (1915) [Ev 707.4] EvBur 944.4