ဓမ္မအမှုဆောင်များစီးပွားရေးဝန်ထုပ်မရှိစေရ - လူတိုင်းအလုပ်ရှိသည်။ သာသနာ့လုပ်ငန်း၌ဝင်ရောက်လုပ်ကိုင်သောသူတို့သည် အထူးအလုပ်တစ်ခုကို လုပ်ကိုင်နေရသောကြောင့် ဆုတောင်းခြင်းနှင့်နှုတ်ကပတ်တော်ဟောကြားခြင်းတွင် အချိန်ယူရမည်။ စီးပွားရေးကိစ္စကိုစိတ်ဝင်စားသူများမဖြစ်စေရပါ။ သာသနာ့ လုပ်ငန်းထမ်းဆောင်သောသူတို့သည် စီးပွားရေးလုပ်ငန်းကိုစိတ်ဝင်စားကြပါက ဘုရားသခင်နှင့်ဆုတောင်းခြင်းအားဖြင့်သော်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်မိတ်သဟာယဖွဲ့ ရန်အတွက်သော်လည်းကောင်း အချိန်ရမည် မဟုတ်ကြောင်း သူတို့အားသတိပေးရန် ဘုရားသခင်သည် နှစ်ပေါင်းများစွာ အချိန်မှစ၍ ကျွန်ုပ်အားညွှန်ကြားခဲ့ပါသည်။ ဓမ္မအမှုဆောင်တစ်ဦးသည် အသင်းတော်များတို့၏အခက်အခဲများကို ဖြေရှင်းရန်ဆောင်ရွက်ရပါက ဝိညာဉ် ရေးခွန်အားကို မိမိအတွက်အကောင်းဆုံးအချိန်ယူနိုင်မည်မဟုတ်ပါ။ အသင်း တော်များ၏အခက်အခဲများကိုဖြေရှင်းခြင်းသည် သူ၏အလုပ်မဟုတ်ပါ။ သူရွေး ထားသောဓမ္မအမှုဆောင်များကို သူအကောင်းဆုံးအသုံးပြုလိုပါသည်။ သူတို့ သည် ကော်မတီစည်းဝေးများကိုကြာရှည်စွာထိုင်ခြင်းဖြင့် မိမိတို့၏စိတ်ကို မပင်ပန်းစေသင့်ပါ။ သူတို့၏ဦးနှောက်နှင့်ဉာဏ်သတ္တိအားလုံးဖြင့် ယေရှုခရစ် တော်ကဲ့သို့ ဧဝံဂေလိသတင်းစကားကို ရှင်းလင်းစွာနှင့်ထိရောက်စွာဟောပြော နိုင်ရန် ဘုရားသခင်အလိုရှိသည်။ [Ev 91.1] EvBur 96.2
ဓမ္မအမှုဆောင်တစ်ဦးသည် တာဝန်ပိုလာပါက ဆောင်ရွက်ရမည့်အရာ များကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ရသောကြောင့် မိမိကိုယ်ကိုပင်ဆန်းစစ်ရန် အချိန်ရမည်မဟုတ်ပါ။ အာရုံပြုဆုတောင်းရန် အချိန်အနည်းငယ်သာရလိမ့် မည်။ ခရစ်တော်၏သာသနာ့လုပ်ငန်း၌ ဆုတောင်းခြင်းနှင့်အလုပ်လုပ်ခြင်းကို သူပေါင်းစည်းထားပါသည်။ တစ်ညပြီးတစ်ည သူလုံးလုံးဆုတောင်းခဲ့သည်။ အမှန်တရားကိုသူတို့မှန်ကန်စွာဟောပြောနိုင်ရန် ဓမ္မဆရာများသည် သန့်ရှင်း သောဝိညာဉ်တော်အတွက် ဘုရားကိုရှာရမည်။ Manuscript 127, 1902. [Ev 91.2] EvBur 97.1
စီးပွားရေးလုပ်ငန်းများကိုစီးပွားရေးစွမ်းရည်ရှိသူများသာဆောင်ရွက်ရန် - တန်ခိုးဖြင့် ဧဝံဂေလိသတင်းစကားကိုဟောပြောနိုင်သော စွမ်းရည်ရှိဓမ္မအမှုဆောင်တစ်ဦး အား စီးပွားရေးကိစ္စ၌အမြဲတာဝန်ပေးခြင်းသည် အမှားကြီးတစ်ခုဖြစ်ပါသည်။ အသက်နှင့်ပြည့်ဝသောနှုတ်ကပတ်တော်ကို ဆွဲကိုင်ထားသောသူအား ဝန်ထုပ် များစွာကိုသူ့အပေါ်၌မတင်သင့်ပါ။ [Ev 91.3] EvBur 97.2
အမှုတော်အတွက်ငွေကြေးများကို ကျွမ်းကျင်သောစီးပွားရေးသမားများ မှ စနစ်တကျကိုင်တွယ်ရပါလိမ့်မည်။ သို့သော် တရားဟောဆရာများနှင့် ဧဝံဂေလိဓမ္မဆရာများကို အခြားအလုပ်လုပ်ရန်သီးသန့်ဖယ်ရှားထားရပါမည်။ ဧဝံဂေလိဟောပြောရန် တာဝန်ပေးခံရသူတို့အား ငွေကြေးကိစ္စကိုတာဝန်မယူ စေဘဲ အခြားပုဂ္ဂိုလ်များတို့အား တာဝန်ပေးရပါမည်။ မြို့ကြီးများအတွင်း ဧဝံဂေလိလုပ်ငန်းလုပ်ကိုင်ရာတွင် လုပ်ငန်းအသေးစိတ်တာဝန်ကို ကျွန်ုပ်တို့ ၏ဓမ္မဆရာများအား တာဝန်မပေးသင့်ပါ။ ကျွန်ုပ်တို့၏နယ်ဌာနခေါင်းဆောင် များတို့သည် မြို့ပေါ်သာသနာ့လုပ်ငန်း၏ငွေကြေးအသေးစိတ်ကိုတာဝန်ယူရန် စာရင်းအင်းနားလည်သူတစ်ဦးအားရှာယူ၍ တာဝန်ပေးရပါမည်။ ဤတာဝန် များကိုထမ်းဆောင်မည့်သူများအား သင်တန်းပေးရန်အတွက် လိုအပ်သည့် ပစ္စည်းတန်ဆာပလာများတို့ကို ပြင်ဆင်ပေးကြရမည်။ Review and Herald, Oct. 5, 1905. [Ev 92.1] EvBur 98.1