ယေရှုသည် တပည့်တော်တစ်ကျိပ်နှစ်ပါးတို့ကို မိမိအနီးသို့ခေါ်ယူ ပြီးလျှင် မြို့ရွာများသို့နှစ်ယောက်တစ်တွဲစေလွှတ်တော်မူခဲ့သည်။ မည်သူ့ကိုမျှ တစ်ယောက်တည်းစေလွှတ်တော်မမူ။ ညီအစ်ကိုအချင်းချင်း၊ မိတ်ဆွေအချင်း ချင်းတို့ကိုပေါင်းသင်းစေ၍ စေလွှတ်တော်မူခဲ့သည်။ ဤသို့အားဖြင့် သူတို့ သည် တစ်ဦးကိုတစ်ဦးကူညီခြင်း၊ အားပေးခြင်းနှင့်အတူတကွ ညှိနှိုင်းတိုင် ပင်ခြင်း၊ ဆုတောင်းခြင်းပြုသွား၍ တစ်ယောက်ကိုတစ်ယောက်လည်း အားနည်း ချက်များကို အားအင်ဖြည့်ဆောင်းပေးသွားနိုင်ကြလိမ့်မည်ဖြစ်သည်။ ထိုနည်း ဟန်အတိုင်း နောင်အခါတပည့်ခုနှစ်ဆယ်ကိုလည်း စေလွှတ်တော်မူခဲ့ပါသည်။ ဤအကြောင်းမှာ ဧဝံဂေလိသတင်းစကားပြောသူများသည် ထိုနည်းအတိုင်း ပေါင်းသင်းသွားကြရန် သခင်ဘုရားရည်မှန်းချက်ထားခဲ့သည်။ ကျွန်ုပ်တို့ခေတ် ဧဝံဂေလိအမှုတော်ဆောင်ခြင်းသည် ထိုနည်းနမူနာအတိုင်း နီးကပ်စွာလိုက်နာ ကြပါလျှင် အောင်မြင်မှုပိုမိုရကြလိမ့်မည်ဖြစ်သည်။ (ChS 127.4) ChSBur 211.3