သခင်ဘုရားသည် အချိန်အခါအလိုက် ကျွန်ုပ်အား ဖွင့်ပေးလာသော လမ်းညွှန်ခြင်းထဲမှ ကျွန်ုပ်သိလိုက်ရသည်မှာ မြို့များ၊ ရွာများသို့ နယ်လှည့် ဆေးကုဧဝံဂေလိအဖွဲ့ စေလွှတ်အမှုဆောင်စေခြင်းပင်တည်း။ ဤအမှုကို ဆောင်ရွက်သောသူတို့သည် အဆင့်မြင့်၊ အဆင့်နိမ့်လူတန်းစားနှစ်ရပ်စလုံးမှ ဝိညာဉ်များစွာကို ကြွယ်ဝစွာစုစည်းရိတ်သိမ်းနိုင်ကြလိမ့်မည်။ ဤအမှုတော် ဆောင်နည်းလမ်းသည် သစ္စာရှိစည်းရုံးဆွဲဆောင်သူများကြိုးစားခြင်းအထဲတွင် အကောင်းဆုံးပြင်ဆင်ချက်ဖြစ်လေသည်။ (ChS 128.1) ChSBur 212.1