Go to full page →

အခန်း (၁)—အမှုတော်ဆောင်ရန်သင့်အားဘုရားသခင်ဖိတ်ခေါ်နေခြင်း ChSBur 1

လူအင်အားအပေါ်မှီခိုနေ ChSBur 1

ထာဝရဘုရားသခင်သည် ကျရှုံးခြင်းမရှိသေးဘူးသောကောင်းကင်တမန် များကို မိမိ၏ကိုယ်စားလှယ်တော်များအဖြစ် လူသားတို့ထဲတွင် အမှုတော် ဆောင်ရန် မရွေးချယ်ခဲ့ပါ။ ကယ်တင်ခြင်းကိုရှာဖွေနေကြသူများနှင့်အတူ စိတ်ဇောအဟုန်အားကြီးသူ လူသားများကိုသာ ရွေးချယ်ခဲ့ပါ၏။ လူသားများ ဆီသို့လက်လှမ်းရောက်ရန် ခရစ်တော်သည် လူသားဇာတိကို ခံယူခဲ့ပါသည်။ ဤလောကကမ္ဘာကြီးသို့ ကယ်တင်ခြင်းဆောင်ယူပေးရန် ဘုရားသခင်ဖြစ်သော လူသားကယ်တင်ရှင်ကို လိုအပ်သည်။ ထိုကြောင့် “စစ်၍မကုန်နိုင်သောခရစ် တော်၏ကြွယ်ဝပြည့်စုံခြင်း” (ဧဖက် ၃း၈) ၏အကြောင်းကို သိမြင်ခံစားနိုင်ကြ ရန် မြင့်မြတ်သောတာဝန်ကို လူသားတို့၏လက်ဝယ် အပ်နှံထားရခြင်းဖြစ် ပါသည်။ (ChS 7.1) ChSBur 1.1

ဤကြည်နူးစရာမြင်ကွင်းကို အာရုံခံကြည့်ပါ။ ကောင်းကင်ဘုံ၏ ဘုန်းတန်ခိုးတော်ကို ရွေးချယ်ခန့်အပ်ထားပြီးဖြစ်သောတပည့်တော်တစ်ဆယ့် နှစ်ပါးက ဝန်းရံထားပါသည်။ ကိုယ်တော်သည် ထိုသူတို့အား အလုပ်ကို ခွဲဝေပေးတော့မည်။ သူတို့သည် သာမန်အားနည်းသူများပင်ဖြစ်ကြသော်လည်း ကိုယ်တော်၏နှုတ်ထွက်စကားနှင့် ဝိညာဉ်တော်အားဖြင့် လူအပေါင်းတို့ထံသို့ ကယ်တင်ခြင်းသတင်းစကားရောက်ရှိစေရန် ဘုရားသခင်သည် ထိုသူတို့အား ပုံစံသွင်းထားနှင့်လေပြီ။ (ChS 7.2) ChSBur 1.2

“ယခုမှာယုပွေမြို့ သို့လူကိုစေလွှတ်၍ ပေတရုအမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော့” ဤသို့ဖြင့် ဘုရားသခင်သည် မိမိ၏ဖွဲ့စည်းထားပြီး ဖြစ်သောအသင်းတော်နှင့် ဧဝံဂေလိသာသနာတော်အတွက် ဂရုစိုက်သည်မှာ ထင်ရှားပါသည်။ စစ်သူကြီးကော်နေလိအား လက်ဝါးကပ်တိုင်တော်အကြောင်း ပြောပြပေးရန် ကောင်းကင်တမန်သည် စေခိုင်းခြင်းမခံရ။ တပ်မှူးကိုယ်တိုင် ကဲ့သို့ပင် လူသားအားအင်ချည့်နဲ့ခြင်းနှင့် သွေးဆောင်ဖြားယောင်းခံရခြင်းဖြင့် ယိမ်းယိုင်တတ်သောလူသားအချင်းချင်းသည် ထိုကယ်တင်ရှင်၏အသေခံခြင်း နှင့်ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ပြောခွင့်ရပါသည်။ (ChS 7.3) ChSBur 1.3

ဖိလိပ္ပုထံသို့စေလွှတ်ခဲ့သောကောင်းကင်တမန်သည် အဲသယောပိအမတ် ကြီးအတွက် အမှုတော်ကိုမိမိကိုယ်တိုင်ပြီးစီးအောင်လုပ်နိုင်ပါသည်။ သို့သော် ဤသည်ကား ထာဝရဘုရားသခင်ပြုတော်မူသောလမ်းစဉ်မဟုတ်။ လူသား အပေါင်းအသင်းများအတွက် လူသားသာလျှင် အမှုဆောင်ရမည်မှာ ဘုရားသခင် အကြံအစည်တော်ဖြစ်ပါသည်။ (ChS 7.4) ChSBur 2.1

ဆက်လက်၍ တမန်တော်ကြီးပြောသည်မှာ “တန်ခိုးတော်၏ ဂုဏ် အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာ သည် မြေအိုးထဲမှာထည့်ထားလျက် ငါတို့၌ရှိ၏” ဟူ၍ဖြစ်သည်။ အမှန် အားဖြင့် ဘုရားသခင်သည် မိမိ၏သတင်းကောင်းကို အပြစ်မဲ့သောကောင်းကင် တမန်များကိုအသုံးပြုနိုင်သည်။ သို့သော်လည်း ကိုယ်တော်၏အကြံအစည် တော်မဟုတ်။ အားနည်းခြင်းနှင့် မျက်စိလည်နေသောလူသားကိုသာလျှင် ကိုယ်တော်ပုံစံချထားသောအမှုတော်မြတ်အထဲ၌ တန်ဆာပလာများအဖြစ် ရွေးကောက်အသုံးပြုတော်မူသည်။ ဘုရားသခင်သည် အဖိုးအနဂ္ဃထိုက်တန်သော ရတနာကို မြေအိုးအထဲမှာ ထည့်ထားလိုက်ပါသည်။ လူသားများမှတစ်ဆင့် ဘုရားသခင်သည် မိမိ၏ကောင်းချီးမင်္ဂလာများကို လောကကြီးသို့ပို့ပေးနေ ပါသည်။ လူသားအားဖြင့်သာလျှင် ဘုန်းတော်ရောက်ခြည်သည် အပြစ်တရား အမှောင်ထုထဲသို့ ထိုးဖောက်ထွန်းလင်းစေရန်ဖြစ်ပါသည်။ မေတ္တာတော် သာသနာ၌ ထိုသူတို့သည် အပြစ်သားများနှင့်ဆင်းရဲသားများကိုတွေ့ဆုံ၍ သူတို့အား ကပ်တိုင်တော်သို့ ပို့ဆောင်ပေးရန်ဖြစ်ပါသည်။ သူတို့ပြုလေသမျှ တိုင်း၌လည်း ဘုန်းတော်ထင်ရှားစေခြင်း၊ ချီးမွမ်းခြင်းနှင့်အရာအားလုံးတို့၏ အထက်၌ရှိသောဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းခြင်းရှိစေရန်ဖြစ်ပါသည်။ (ChS 7.5) ChSBur 2.2

ကယ်တင်ရှင်သခင်သည် ကောင်းကင်ဘုံသို့တက်ကြွသွားပြီးနောက် ကောင်းကင်ဘုံမှနေ၍ လူသားတို့အတွက် ကြားဝင်ဖျန်ဖြေပေးခြင်းအလုပ်ကို လုပ်ဆောင်ရန်မှာ ကိုယ်တော်၏အကြံအစည်တော်ဖြစ်သည်။ ကိုယ်တော်၏ နောက်လိုက်များသည် ကိုယ်တော်စတင်လုပ်ခဲ့သောအလုပ်ကို ဆက်လက် လုပ်ဆောင်သွားကြလိမ့်မည်။ လူသားကိုယ်စားလှယ်များသည် အမှောင်ထဲ၌ ထိုင်နေကြကုန်သောလူသားချင်းတို့ကို ဧဝံဂေလိသတင်းကောင်းအလင်းရောင် ပေးရန် မလုပ်ဆောင်အပ်သလော။ လူတချို့တို့သည် ကမ္ဘာအဆုံးသို့တိုင် သွား၍ လူအများအတွက် သမ္မာတရားအလင်းသယ်ဆောင်ပို့ပေးလိုစိတ်ရှိကြ ပါ၏။ ဘုရားသခင်သည် သမ္မာတရားသိပြီးသူတိုင်းကို သမ္မာတရားမေတ္တာ နယ်သို့အခြားသူများရောက်ရှိအောင် ရှာဖွေပို့ဆောင်ပေးကြရန် မိန့်ဆိုပါလိမ့် မည်။ ပျက်စီးအံ့ဆဲဆဲရှိသောအသက်ဝိညာဉ်များကို ကယ်တင်နိုင်ရန်အလို့ငှာ ကျွန်ုပ်တို့သည် အထူးအနစ်နာခံဆောင်ရွက်လိုစိတ်မရှိပါက ဘုရားသခင်၏ မြို့တော်ထဲသို့ဝင်ရန် ထိုက်တန်သူဖြစ်ကြပါ့မလား။ (ChS 8.1) ChSBur 3.1

ဉာဏ်ပညာတော်အောက်၌ ထာဝရဘုရားသခင်သည် သမ္မာတရားရှာမှီး သူများကို သမ္မာတရားသိပြီးသောလူအပေါင်းအသင်းများနှင့် ထိတွေ့မှုရှိလာ စေရန် ယူဆောင်ပို့ပေးတော်မူ၏။ အလင်းရပြီးသောလူသည် အမှောင်အောက် ၌ရှိနေသေးသောလူများအား အလင်းပေးရမည်မှာ ကောင်းကင်ဘုံရှင်၏အကြံ အစည်တော်ဖြစ်သည်။ ဉာဏ်ပညာအရင်းအမြစ်ကြီးမှ စွမ်းအင်ဆွဲယူနိုင်သော လူသားသည် ကိုယ်စားလှယ်အမှုပြုနိုင်သောတန်ဆာပလာဖြစ်လာရ၏။ ထိုသူတို့ မှတစ်ဆင့် စိတ်နှလုံးအပေါ်သို့ တန်ခိုးတော်အသွင်ပြောင်းရောက်စေရန် သတင်း ကောင်းလေ့ကျင့်မှုရှိလာသည်။ (ChS 8.2) ChSBur 3.2

ထာဝရဘုရားသခင်သည် ကျွန်ုပ်တို့၏အကူအညီမပါဘဲနှင့် အပြစ်သား များကို ကယ်တင်လိုက ကယ်တင်နိုင်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့ သည် ခရစ်တော်နည်းတူ အကျင့်စရိုက်ကြီးထွားလာရန် ထိုသခင်၏အမှုတော် မြတ်ကိုမျှဝေဆောင်ရွက်ရပါမည်။ ကိုယ်တော်၏ဝမ်းမြောက်ခြင်းတည်းဟူသော မိမိကိုယ်ကို ယဇ်တင်လှူပူဇော်မှုကြောင့် ရွေးနုတ်ခြင်းခံရသောအသက်ဝိညာဉ် များကိုမြင်သောဝမ်းမြောက်ခြင်းအထဲသို့ ကျွန်ုပ်တို့လည်းဝင်စားနိုင်ရန် ထိုသခင် ၏အသက်ဝိညာဉ်ကယ်ဆယ်ရေးအမှုတော်မြတ်၌ ကျွန်ုပ်တို့ပါဝင်ထမ်းရွက်ကြ ရမည်။ (ChS 8.3) ChSBur 3.3

ထာဝရဘုရားသခင်သည် ကျရှုံးခြင်းမရှိဘူးသောကောင်းကင်တမန်များ ကို မိမိ၏ကိုယ်စားလှယ်တော်များအဖြစ် လူသားတို့ထဲတွင် အမှုတော်ဆောင်ရန် မရွေးချယ်ခဲ့ပါ။ ကယ်တင်ခြင်းကိုရှာဖွေနေသောသူများနှင့်အတူ စိတ်ဇောအဟုန် အားကြီးသူလူသားများကိုသာ ရွေးချယ်ခဲ့ပါ၏။ လူသားများဆီသို့ လက်လှမ်း ရောက်ရန် ခရစ်တော်သည် လူသားဇာတိကိုခံယူခဲ့ပါသည်။ ဤကမ္ဘာကြီးကို ကယ်တင်ရန် ဘုရားဇာတိနှင့် လူဇာတိနှစ်မျိုးစလုံးသည် ပူးတွဲလုပ်ဆောင်ရန် လိုအပ်သည်ဖြစ်သောကြောင့် ဘုရားသခင်သည် လူဖြစ်လာဖို့လိုအပ်ခဲ့သည်။ လူသားသည် ဘုရားသခင်နှင့် လူတို့အကြား ဆက်သွယ်ရေးလမ်းကြောင်းကို ထွင်နိုင်သောကြောင့် ဘုရားသခင်သည် လူဖြစ်လာဖို့လိုအပ်ခဲ့သည်။ (ChS 8.4) ChSBur 4.1

ကောင်းကင်တမန်များသည် ကျွန်ုပ်တို့အတူပူးတွဲလုပ်ဆောင်လာကြ ရန် အလွန်စိတ်မရှည်နိုင်လောက်အောင် စောင့်ဆိုင်းနေရသည့်အကြောင်းမှာ လူလူချင်းဆက်သွယ်ရေးလမ်းကြောင်းသည် လူသာလျှင်ဖြစ်သောကြောင့်တည်း။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုခရစ်တော်၌ အကြွင်းမဲ့ဆက်ကပ်အပ်နှံသည်ရှိသော် ကောင်းကင်တမန်များသည် ကျွန်ုပ်တို့၏စကားသံအားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို ဖွင့်ဟနိုင်ကြတော့မည်ဖြစ်သောကြောင့် ဝမ်းမြောက်ကြကုန်၏။ (ChS 9.1) ChSBur 4.2

ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူတကွ လုပ်ဆောင်ကြရမည်။ အကြောင်းမှာ ကျွန်ုပ်တို့လူသားကိုယ်စားလှယ်မပါဘဲနှင့် ကိုယ်တော်သည် အမှုတော်ကို ပြီးပြည့်စုံလိမ့်မည်မဟုတ်သောကြောင့်ပေတည်း။ (ChS 9.2) ChSBur 4.3