Go to full page →

ကျွန်ုပ်တို့တစ်ဦးချင်းစီကိုခေါ်ယူနေခြင်း ChSBur 5

ခိုင် ခရစ်ယာန်တိုင်းအတွက် ထူးခြားသောအမှုတော်လုပ်ငန်းတစ်ခုကို ဘုရားသခင်သတ်မှတ်ပေးအပ်ထားပါသည်။ (ChS 9.3) ChSBur 5.1

ဘုရားသခင်သည် ကိုယ်တော်၏စပျစ်ဥယျာဉ်ထဲ အလုပ်ဝင်လုပ် ရန် လူတိုင်းကိုအလိုရှိပါ၏။ သင်သည် သင့်အတွက်ပေးအပ်ထားသော အလုပ်ကို သစ္စာရှိစွာလုပ်ဆောင်ရမည်။ (ChS 9.4) ChSBur 5.2

သင်တို့တစ်ဦးချင်းစီတိုင်းသည် သာသနာပြုများအဖြစ် နေထိုင်ကြမည် ဆိုလျှင် ဤခေတ်ကာလအတွက် သတင်းစကားသည် ကမ္ဘာတစ်ဝန်းရှိ တိုင်းပြည် အနှံ့နေထိုင်ကြကုန်သောလူမျိုးစု၊ ဘာသာစကားအမျိုးမျိုးပြောသူတိုင်းဆီသို့ အမြန်နှုန်းဖြင့် ကြေညာပြောဆိုပြီးဖြစ်ပေလိမ့်မည်။ (ChS 9.5) ChSBur 5.3

စစ်မှန်သောတပည့်တော်တိုင်းသည် ဘုရားသခင်၏နိုင်ငံတော်အတွက် သာသနာပြုတစ်ဦးအနေဖြင့် မွေးဖွားခြင်းကိုခံရပါသည်။ အသက်ရေကိုသောက် သုံးသောသူမည်သည်ကား အသက်စမ်းရေတစ်ခုဖြစ်လာပါသည်။ ရယူသူသည် ပေးကမ်းသူတစ်ဦးဖြစ်လာသည်။ အသက်ဝိညာဉ်ထဲ၌ရှိသောခရစ်တော်၏ ကျေးဇူးတော်သည် သဲတောကန္တာရထဲက စမ်းချောင်းကဲ့သို့ဖြစ်၍ လူတိုင်းအား လန်းဆန်းအားပြည့်စေသည်။ ပျက်စီးခြင်းသို့ရောက်လုမတတ်ရှိနေကြသူများ အား အသက်ရေကို ပြင်းပြစွာသောက်ချင်စိတ်ဖြစ်လာရန်လည်း လုပ်ဆောင် ပေးသည်။ (ChS 9.6) ChSBur 5.4

ယနေ့အချိန်ကာလအတွက် သမ္မာတရားအသိရှိရန် ဘုရားသခင်လမ်းပြ ပြီးသူ လူတစ်ယောက်ချင်းစီတိုင်းကို အမှုတော်မြတ်၌ ပါဝင်လာကြရန် ကိုယ်တော်မျှော်လင့်နေပါသည်။ လူတိုင်းသည် ရပ်ဝေးမြေခြားနိုင်ငံများသို့ သာသနာပြုများအနေဖြင့် မသွားနိုင်ကြပါသော်လည်း မိမိတို့၏မိသားစုဝင်များနှင့် အနီးပတ်ဝန်းကျင်လူနေရပ်ကွက်များ၌ အိမ်တွင်းသာသနာပြုများအနေဖြင့် လူတိုင်း အမှုဆောင်နိုင်ကြ၏။ (ChS’9.7) ChSBur 5.5

ခရစ်တော်သည် တပည့်တော်များအား စေခိုင်းချက်ကြီးကို ဆင့်ဆို တော်မူစဉ်အခါ ကိုယ်တော်သည် ကောင်းကင်ပလ္လင်တော်နှင့် ခြေလှမ်းအနည်း ငယ်အကွာ၌သာရှိနေပါသည်။ “သင်တို့သည် လောကီနိုင်ငံအရပ်ရပ်ရှိသမျှ သို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြား ကြလော့” ဟု သခင်ဘုရားဆင့်ဆိုသောအခါ ယုံကြည်သူများအားလုံးကို ပြောနေပါ၏။ ဘုရားသခင်၏တန်ခိုးတော်သည် ထိုသူတို့နှင့်အတူ လိုက်ပါ သွားမည်ဖြစ်ပါသည်။ (ChS 9.8) ChSBur 6.1

ခရစ်တော်ကို အတိအလင်းဝန်ခံပြောဆိုသောသူအယောက်တိုင်း သည် ဝိညာဉ်ရှာဖွေရိတ်သိမ်းခြင်းအလုပ်ကို သက်ဆုံးတိုင်လုပ်ဆောင်သွားရ သည်။ ကျွန်ုပ်တို့အား ဘုရားသခင်ပေးထားသောကျေးဇူးတော်ကြောင့် လည်းကောင်း၊ ကျွန်ုပ်တို့အပေါ်၌ ထွန်းလင်းပေးထားသောအလင်းရောင် ကြောင့်လည်းကောင်း၊ သမ္မာတရား၏အလှအပနှင့် တန်ခိုးတော်ကိုရှာတွေ့ ခဲ့ ရသည့်အတွက်ကြောင့်လည်းကောင်း ကျွန်ုပ်တို့သည် ဤကမ္ဘာကြီးမှာ အကြွေးတင်လျက်ရှိနေပါသည်။ (ChS 10.1) ChSBur 6.2

နေရာတိုင်းတွင် တစ်ဦးချင်းကြိုးပမ်းမှုထက် အဖွဲ့အစည်းများနှင့် လုပ်ဆောင်ခြင်းကို အစားထိုးရန်လိုလားနေကြပါသည်။ လူသားတို့၏ဉာဏ် ပညာသည် ဖွဲ့စည်းခိုင်မာခြင်းရှိစေရန်၊ ဗဟိုဦးစီးချုပ်စနစ်ဖြင့် အုပ်ချုပ်ခြင်း ရှိလာရန်၊ အသင်းတော်ကြီးများ အဆောက်အအုံကြီးများတည်ဆောက်ကြရန် ဂရုစိုက်လာကြသည်။ လူအမြောက်အမြားသည် စေတနာအမှုတော်များကို အဖွဲ့အစည်းများနှင့် အသင်းကြီးများထဲမှာ စွန့်ပစ်လွှဲထားလာကြသည်။ လောက နှင့်ထိတွေ့မှုကို သူတို့ကိုယ်သူတို့ခွင့်လွှတ်စရာအကြောင်းရှာလွှဲထားနေကြသော ကြောင့် သူတို့၏နှလုံးသားသည် အေးစက်မာကျောမှုတိုးလာနေပါသည်။ ကိုယ့်အကြောင်းတစ်ခုတည်းတွေးမိနေပြီး ခံစားမှုများကင်းမဲ့လာကြသည်။ ဘုရားသခင်နှင့်လူသားအချင်းချင်းကို ချစ်သောစိတ်သည်လည်း ကွယ်ပျောက် ၏။ ခရစ်တော်သည် သူ့နောက်လိုက်တစ်ဦးချင်းတို့၏အမှုတော်ကို တာဝန်ခံ ယူသည်။ အခြားလက်ထောက်တို့က တာဝန်ခံမယူနိုင်သည့်အမှုတော်ဖြစ်၏။ ဖျားနာနေသူများနှင့်ဆင်းရဲသားများအား ကူညီမစပေးခြင်း၊ ပျောက်ဆုံးသူများ အား သတင်းကောင်းပေးကမ်းခြင်းတို့သည် ကော်မတီလူကြီးများ (သို့မဟုတ်) စေတနာကူညီရေးအသင်းအဖွဲ့များသို့ လုပ်ဆောင်စေရန် လွှဲအပ်ထားရမည် မဟုတ်။ တစ်ဦးချင်းတာဝန်ယူမှု၊ တစ်ဦးချင်းကြိုးပမ်းမှု၊ မိမိကိုယ်ကိုငြင်းပယ် မှုများသည် ဧဝံဂေလိလုပ်ငန်းလိုအပ်ချက်ဖြစ်သည်။ (ChS 10.2) ChSBur 6.3

ဘုရားသခင်ထံတော်မှ အလင်းတရားကိုရထားပြီးသူတိုင်းသည် အသက်အလင်းကိုမရသေးသောသူများအား သူတို့၏သွားရာလမ်း၌ အလင်း ထွန်းလင်းပေးကြရမည်။ (ChS 10.3) ChSBur 7.1

လူတစ်ယောက်စီတိုင်းအတွက် အလုပ်လုပ်ရန် အလုပ်ကိုလျာထားပြီး ဖြစ်၍ လူတစ်ယောက်က အခြားလူတစ်ယောက်အတွက် အစားထိုးဝင်လုပ် လို့မရ။ လူတစ်ယောက်စီတိုင်းအားလည်း အရေးကြီးသောအံ့ဖွယ်မစ်ရှင်လုပ်ငန်း တစ်ခုကို ဘုရားသခင်အပ်နှင်းပေးထားတော်မူ၏။ ၎င်းကိုပေါ့ပေါ့ဆဆလျစ်လျူ ရှု၍ မရနိုင်ပါ။ ဝိညာဉ်တချို့၏ချမ်းသာခြင်းကို ဖြည့်စွမ်းပေးနိုင်သောကြောင့် ပေါ့ဆမျက်ကွယ်ပြုသူသည် သူ့အတွက် ခရစ်တော်အသေခံတော်မူခဲ့ခြင်းကို လျစ်လျူရှုသည်ဖြစ်၍ သူ၌ဝမ်းနည်းစရာဖြစ်ရ၏။ (ChS 10.4) ChSBur 7.2

ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်နှင့်အတူတကွ လုပ်ဆောင်သော သူများဖြစ်ကြသည်။ လူပျင်းတစ်ယောက်တလေကိုမျှ ဘုရားသခင်အစေခံအဖြစ် ကိုယ်တော်အသိအမှတ်မပြု။ အသင်းတော်၏သက်တမ်းရှည်ကြီးပွားအောင်မြင် ခြင်းသည် အသင်းသားများ၏အလုပ်ပြီးစီးမှုအကြောင်းနှင့် ပတ်သက်နေသည် ဖြစ်၍ အသင်းသူ/အသင်းသားများအားလုံးက ကိုယ်စီကိုယ်ငသဘောပေါက် ထားကြရမည်။ (ChS 10.5) ChSBur 7.3

ခရစ်တော်ကယ်ဆယ်ထားတော်မူခဲ့သောလူတိုင်းသည် ပျောက်ဆုံး သောသူများကယ်တင်ခြင်းရစေရန် ကိုယ်တော်၏နာမ၌ အမှုဆောင်ရွက်ဖို့ ခေါ်ယူခြင်းကိုခံကြရမည်။ ဤအမှုတော်ကို အစ္စရေးနိုင်ငံသည် လျစ်လျူရှု နေသည်။ ယနေ့ခရစ်တော်၏နောက်လိုက်များပါဟု အတိအလင်းကြေညာ နေကြသောသူများသည် ယင်းအမှုတော်ကိုအလေးမထားပေါ့ပေါ့ဆဆနေကြ ရမည်မဟုတ်။ (ChS 10.6) ChSBur 7.4

လူတိုင်းအတွက် လုပ်စရာအလုပ်တစ်ခုရှိပါသည်။ သမ္မာတရားကို ယုံကြည်သူတိုင်းသည် မိမိရှိရာနေရာမှနေ၍ “အကျွန်ုပ်ရှိပါ၏၊ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” ဟု တုံ့ပြန်ပြောဆိုရမည်။ (ဟေရှာယ ၆း၈)။ (ChS 10.7) ChSBur 8.1

ကျွန်ုပ်တို့၏သခင်ယေရှုခရစ်တော်ကြွလာတော်မူမည်ကို မျှော်လင့် စောင့်စားနေရုံမျှသာမက ကိုယ်တော်ကြွလာတော်မူခြင်း၌ အပူတပြင်းလုပ်ဆောင် နေရန်မှာ ခရစ်ယာန်တိုင်း၏အထူးအခွင့်အရေးဖြစ်သည်။ (ChS 11.1) ChSBur 8.2

ဘုရားသခင်၏သားသမီးတစ်ဦးသည် ယခုအချိန်မှစ၍ ဤကမ္ဘာ လောကကြီးကိုကယ်တင်ရန် သံကြိုးကွင်းဆက်တစ်ခုအနေဖြင့် မိမိကိုယ်မိမိ ကြည့်မြင်ရမည်။ တစ်ဖက်တွင် ခရစ်တော်၏မေတ္တာတော်အကြံအစည်နှင့် ချိတ်ဆက်မိပြီး အခြားတစ်ဖက်တွင် ပျောက်သောသူများကိုရှာဖွေကယ်တင်ရန် ကိုယ်တော်နှင့်အတူ ရှေ့ဆက်သွားလာရမည်။ (ChS 11.2) ChSBur 8.3

လူတိုင်းသည် တစ်စုံတစ်ရာအလုပ်တစ်ခုခုကို ရှာတွေ့နိုင်သည်။ သခင်ခရစ်တော်အတွက် သူတို့ဝန်ဆောင်အလုပ်လုပ်ရန် နေရာမရှိဟူ၍ မည်သူ တစ်ဦးတစ်ယောက်ကမျှ ယူဆမနေရပါ။ ကယ်တင်ရှင်သည် လူသားတစ်ဦး ချင်းစီကို ကိုယ်တော်တိုင်မည်သူမည်ဝါဖြစ်ကြောင်း သိတော်မူသည်။ (ChS 11.3) ChSBur 8.4

အစေခံပဋိညာဉ်သစ္စာအောက်၌ ထာဝရဘုရားသခင်နှင့်ပေါင်းစည်း ထားပြီးသူများသည် ကြီးကျယ်ခမ်းနားသောအသက်ဝိညာဉ်ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းထဲတွင် ကိုယ်တော်နှင့်ပူးပေါင်းဆောင်ရွက်ပါမည်ဟု စာချုပ်ချုပ် ဆိုထားပြီးသူများဖြစ်ကြပါ၏။ (ChS 11.4) ChSBur 8.5

ရိတ်သိမ်းရန် လယ်ကွင်းသည် အလွန်ကျယ်ပြော၏။ ပုံစံဒီဇိုင်းသည် လည်း အလွန်ကျယ်ပြန့်စုံလင်ပါ၏။ ဆက်ကပ်လုပ်ဆောင်သောနှလုံးသားတိုင်း သည် ဘုရားသခင်တန်ခိုးတော်၏တန်ဆာပလာအဖြစ် အမှုတော်ကိုအားတက် သရောလုပ်ဆောင်ကြလိမ့်မည်။(ChS 11.5) ChSBur 8.6

လူသည် ဘုရားသခင်၏လက်တော်ထဲက တန်ဆာပလာများဖြစ် သည်။ ကိုယ်တော်၏ကျေးဇူးနှင့်ကရုဏာတော်ရည်ရွယ်ချက်များ ပြီးပြည့်စုံစေရန် စေခိုင်းခြင်းခံကြရသူများဖြစ်သည်။ ပါဝင်လုပ်ဆောင်ရန် အယောက်စီတိုင်း အတွက် နေရာရှိ၏။ လူတိုင်းကိုယ်စီရပြီးသောအလင်းပမာဏအတိုင်း အချိန် နှင့်တပြေးညီဘုရားပေးတာဝန်ကို ထမ်းရွက်ရန် လုံလောက်သောခွန်အားရှိကြ ပါသည်။ (ChS 11.6) ChSBur 9.1

အသင်းတော်တစ်ရပ်လုံး၌ အစေခံအမှုတော်ဆောင်လိုစိတ်ကို လက်ကိုင်ထားကြရန် ဘုရားသခင်သည် ကြာမြင့်စွာကတည်းက စောင့်မျှော် နေခဲ့ပါပြီ။ သို့ဖြစ်လျှင် လူတိုင်းကိုယ်စီသည် မိမိအစွမ်းရှိသည်အတိုင်း သခင့် အတွက် အလုပ်လုပ်လာကြရမည်။ (ChS 11.7) ChSBur 9.2

ဘုရားသခင်၏နိုင်ငံတော်အကြောင်းကြေညာရန် တပည့်တော်ဆယ့် နှစ်ယောက်နှင့် ထိုနောက်လူခုနစ်ဆယ်တို့ကို စေလွှတ်တော်မူခဲ့ပြီးသောအခါ ကိုယ်တော်သည် သူတို့အား သင်ကြားပေးပြီးသမျှတို့ကို သူတစ်ပါးတို့အား လည်း သင်ကြားပေးရန် သူတို့၌တာဝန်ရှိကြောင်း သြဝါဒပေးတော်မူခဲ့သည်။ ကိုယ်တော်သည် အမှုတော်ကြီးတစ်ရပ်လုံး၌ တစ်ဦးချင်းအမှုဆောင်နိုင်ရန်၊ သူတို့အား သွန်သင်ပေးတော်မူခဲ့သည်ဖြစ်ရာ ယုံကြည်သူအရေအတွက် တိုးပွား လာစေရန်နှင့်နောက်ဆုံး၌ မြေကြီးစွန်းအဝေးထိ ရောက်သည့်တိုင်အောင် တိုးချဲ့ ဖို့ဩဝါဒပေးတော်မူ၏။ (ChS 11.8) ChSBur 9.3

ဤအမှုတော်မြတ်ပြီးပြည့်စုံရေးရှေ့ဆက်သွားရန် တာဝန်ရှိမှုသည် ဘိသိက်ခံလက်တင်ရသင်းအုပ်ဆရာများအပေါ်၌သာလျှင် မူတည်နေသည်မဟုတ် ပါ။ ခရစ်တော်ကိုလက်ခံရပြီးကြသူတိုင်းသည် မိမိ၏အပေါင်းအသင်းဝင်လူ များအား ကယ်တင်ရေးအမှုတော်၌ ခေါ်ယူခြင်းခံကြရမည်သာတည်း။ (ChS 11.9) ChSBur 9.4

အသင်းတော်၏ဂုဏ်သတင်းအမှန်ကို တိုင်းတာရာတွင် အသင်းတော်၌ အဆင့်မြင့်အတတ်ပညာကျွမ်းကျင်မှုရှိခြင်းအားဖြင့် မဟုတ်၊ အသင်းတော်များ မှတ်တမ်းစာရင်းဝင်ရှိခြင်းအားဖြင့်လည်း မဟုတ်ဘဲ၊ အသင်းတော်သည် အရှင် သခင်အတွက် အမှန်ဘာလုပ်ပေးနိုင်ခဲ့သည်များနှင့် အသင်းတော်အား စောင့်ထိန်း သူ၊ သစ္စာခံသူအရေအတွက်အားဖြင့် တိုင်းတာသတ်မှတ်ပါသည်။ ကိုယ်တိုင် စိတ်ပါဝင်စားမှု၊ သတိဝီရိယရှိမှုနှင့် တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုတို့ သည် တရားဒေသနာဟောချက်များနှင့် အယူဝါဒရွတ်ဆိုခြင်းများထက် ပို၍ ခရစ်ယာန်အမှုတော်ကိုပြီးမြောက်စေနိုင်ပါသည်။ (ChS 12.1) ChSBur 9.5

အသင်းတော်သည် မည်သည့်နေရာ၌မဆို၊ တည်ထောင်ထားပြီးသည် ရှိသော် အသင်းသူ/အသင်းသားအားလုံးသည် မစ်ရှင်လုပ်ငန်းထဲတွင် နိုးကြား စွာချိတ်ဆက်မိနေရမည်။ အနီးဝန်းကျင်လူနေရပ်ကွက်ရှိ မိသားစုနေအိမ်များ ဆီသို့ အလည်အပတ်သွားရောက်၍ သူတို့၏ဝိညာဉ်ရေးရာအခြေအနေများကို သိထားရမည်။ (ChS 12.2) ChSBur 10.1

အသင်းတော်၏ အသင်းသားတိုင်းသည် ပြည်ပဒေသများသို့ သာသနာ ပြုသွားရန် စေလွှတ်ခြင်းမခံရကြသော်လည်း ကမ္ဘာကြီးကိုအလင်းပေးသော အမှုတော်မြတ်ကြီး၏လုပ်ငန်းအစိတ်အပိုင်းထဲတွင် လူတိုင်းပါဝင်လုပ်ဆောင် ကြရမည်။ ခရစ်တော်၏သတင်းကောင်းတရားသည် အလွန်အမင်းပျံ့နှံ့လွယ် ၏။ ဘုရားသခင်၏နေ့ရက်ရောက်သောအခါ လူသည် မိမိ၏အတ္တဆန္ဒအပြစ် များခွင့်လွှတ်ခံရစေရန် မည်သူတစ်ဦးတစ်ယောက်မျှဆင်ခြေပေးနိုင်ကြမည် မဟုတ်ပါ။ စိတ်ရှိနေသူတိုင်း လက်ရှိသူတိုင်းအတွက် အလုပ်ရှိပါသည်။ ကွဲပြားခြားနားသောစိတ်နှင့် လိုက်လျောညီအလုပ်များအမျိုးမျိုးအဖုံဖုံရှိသလို အမျိုးမျိုးအထွေထွေစွမ်းဆောင်နိုင်ခြင်းများလည်းရှိပါသည်။ (ChS 12.3) ChSBur 10.2

ဘုရားသခင်သည် မြင့်မြတ်သောသမ္မာတရားဖြင့် သင့်အား လမ်းညွှန် ပြပေးထားခဲ့သည်။ ခရစ်တော်သည် အသင်းတော်ရှိ အသင်းသားတိုင်း၌ ကိန်းအောင်းသဖြင့် ထာဝရအသက်အထဲသို့စီးဝင်သောအသက်စမ်းရေတွင်း ဖြစ်စေပါပြီ။ အကယ်၍သာ သင်သည် ထိုသက်စမ်းရေကို သူတစ်ပါးတို့ အား တတ်နိုင်သမျှဝေမျှပေးရန် မကြိုးစားပါလျှင် သင်သည် ဘုရားသခင် ရှေ့တော်၌ အပြစ်ရှိသည်။ (ChS 12.4) ChSBur 10.3

ကျွန်ုပ်တို့သည် ခရစ်ယာန်များဖြစ်၍ ခရစ်တော်ထံဝိညာဉ်များစွာ အောင်နိုင်ပို့ဆောင်ပေးခြင်းအလုပ်ကို အပုံနှစ်ဆယ်တွင် တစ်ပုံသော်မျှ မလုပ် ဆောင်နိုင်ကြသေးပါ။ ဤကမ္ဘာကြီးကို ကျွန်ုပ်တို့သတိပေးစကားပြောကြရ မည်။ စေတနာစိတ်ရင်းကောင်းရှိကြသောခရစ်ယာန်များသည် သစ္စာတည်ခြင်း ၌လည်းကောင်း၊ လက်ဝါးကပ်တိုင်ဝန်ထမ်းဆောင်ခြင်း၌လည်းကောင်း၊ တုံ့ဆိုင်းတွေဝေခြင်းမရှိ အားစိုက်လုပ်ဆောင်ခြင်း၌လည်းကောင်း၊ သမ္မာ တရားအရေး၌ မယိမ်းမယိုင်သစ္စာမဏ္ဍိုင်တည်ကြည်ခြင်း၌လည်းကောင်း အခြား သူများအား လမ်းပြပေးနိုင်သူ၊ စံနမူနာပြပေးနိုင်သူများဖြစ်ကြရမည်။ ဘုရား သခင့်သတင်းကောင်းတိုးမြှင့်လုပ်ဆောင်ရာတွင်လည်း စွန့်လွှတ်အနစ်နာခံ၍ ကြိုးစားလုပ်ဆောင်ကြရမည်။ (ChS 12.5) ChSBur 11.1

သမ္မာတရားအလင်းရထားပြီးသူတိုင်းသည် သူ့၌အခွင့်အရေးအတိုင်း အတာတိုး၍ ပိုမိုရလာခဲ့ကြသည်နှင့်အမျှ ဘုရားစကားသံတော်ရောက်၍ ကြားခဲ့ ကြသောရှေးခေတ်ဣသရေလပုရောဖက်များကဲ့သို့ တန်းတူတာဝန်ရှိကြပါ သည်။ “အချင်းလူသား၊- သင့်ကိုဣသရေလအမျိုးတွင် ကင်းစောင့်အရာ၌ ခန့်ထားသောကြောင့် ငါသတိပေးသောစကားကိုနားထောင်၍ သူတို့အား ဆင့်ဆိုလော့။” (ယေဇကျေ ၃း၁၇)။ (ChS 12.6) ChSBur 11.2

ကျေးဇူးတော်အောက်တွင် ပါဝင်ခံစားရသူအယောက်တိုင်းအား သခင် ဘုရားသည် အခြားသူများအဖို့ အမှုဆောင်ခြင်း၌ ခန့်ထားတော်မူမည်။ ကျွန်ုပ်တို့တစ်ဦးချင်းသည် ရှိရာနေရာ၌ မတ်တတ်ရပ်၍ “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ” ဟုလျှောက်ထားရမည်။ နှုတ်ကပတ်တော် သာသနာပြုသူများအထဲတွင် မစ်ရှင်သူနာပြုဖြစ်စေ၊ ဆရာဝန်ခရစ်ယာန်ဖြစ်စေ၊ တစ်ဦးချင်းခရစ်ယာန်ဖြစ်စေ၊ ကုန်သည်ဖြစ်စေ၊ လယ်သမားဖြစ်စေ၊ အသက်မွေး ဝမ်းကျောင်းပညာရှင်ဖြစ်စေ၊ စက်ပြင်ဆရာဖြစ်စေ လူအားလုံးအပေါ်၌ ဤတာဝန် ရှိနေပါသည်။ လူအပေါင်းတို့အား ကယ်တင်ခြင်းသတင်းကောင်းတရားဖွင့်ပြ ပေးရန်မှာ ကျွန်ုပ်တို့၏အမှုတော်ဖြစ်သည်။ ကျွန်ုပ်တို့လုပ်ကိုင်နေကြသော လုပ်ငန်းနေရာတိုင်းတွင် ဤအမှုတော်အဆုံးရောက်သည်အထိရှိရမည်။ (ChS 13.1) ChSBur 11.3

အိမ်ရှင်သခင်သည် မိမိ၏အစေခံများကိုခေါ်သောအခါ လူတိုင်းကို အလုပ်တာဝန်ပေးရန်ဖြစ်၏။ ဘုရားသခင်၏မိသားစုဝင်လူအားလုံးသည် ဘုရား သခင်၏ပစ္စည်းများကိုသုံးစွဲရာ၌ တာဝန်ရှိကြပါသည်။ လူတန်းစားမရွေး၊ အယုတ်အလတ်အမြတ်မရွေး၊ အကြီးမြတ်ဆုံးမှသည် အနိမ့်ကျဆုံးလူတိုင် အောင် လူသားတစ်ဦးချင်းစီတိုင်းအား စွမ်းရည်ကိုယ်စီဖြင့် ကိုယ်ကျင့်တရား အရာတစ်ခုကို ပေးအပ်ထားတော်မူပြီးဖြစ်လေရာ၊ နောက်ဆုံးနေ့၌ ထိုသူတို့သည် ဘုရားသခင်ကို သူတို့၏တာဝန်ရှိမှုအကြောင်း အဖြေပေးကြရမည်။ (ChS 13.2) ChSBur 12.1