ပုံး အသင်းတော်မှ ညီအစ်မများသည် ကျွန်ုပ်တို့ပုံနှိပ်ထုတ်ဝေသော စာနယ်ဇင်းစာစောင်များကို ပုံမှန်မှာယူသူစာရင်းရရှိရန် ကျွမ်းကျင်စွာလုပ်ကိုင် နိုင်ကြသည်။ ဤနည်းဖြင့် လူများစွာကိုသမ္မာတရားအလင်းသို့ ပို့ဆောင်ပေး နိုင်ကြပါ၏။ (ChS 151.3) ChSBur 251.1
ယခုအခါ ကျွန်ုပ်တို့သည် သမ္မာတရားပျံ့နှံ့စေရေးအတွက် လိုအပ် သောအထောက်အပံ့ပစ္စည်းအဆောက်အအုံများရရှိလာပြီဖြစ်သော်လည်း ကျွန်ုပ်တို့၏လူများသည် သူတို့ရနေသည့် ဤအထူးအခွင့်အရေးကို ကိုင်ယူ ပြီးလျှင် ရှေ့ထွက်မလာကြသေးပါ။ အသင်းတော်တိုင်းမှာ ထိုသူတို့သည် ဝိညာဉ်များကို ကယ်တင်ရန် သူတို့၏စွမ်းရည်များကို လိုသလိုအသုံးပြုဖို့ သူတို့မမြင်မိ၊ မခံစားမိကြသေးပါ။ ကျွန်ုပ်တို့ပုံနှိပ်ထုတ်ဝေသောကျန်းမာရေး ဂျာနယ်အပါအဝင်စာနယ်ဇင်းများကို လစဉ်မှာယူသူစာရင်းကောက်ယူရန်နှင့် စာအုပ်များ၊ လက်ကမ်းစာစောင်များကို မိတ်ဆက်ပေးရန် သူတို့၌တာဝန်ရှိ သည်ကို သူတို့အမှန်တကယ်မခံယူမိကြသေးပါ။ (ChS 151.4) ChSBur 251.2