လူများစွာသည် ဝမ်းနည်းစိတ်ပျက်အားလျော့၍ ယုံကြည်စိတ်ချရမှု၌ အားနည်းနေကြကုန်၏။ သူတို့ကိုယ်သူတို့ကိုယ်တိုင်လိုအပ်နေသည်ထက် ပို၍ သူတစ်ပါးကိုကူညီရန် တစ်စုံတစ်ရာလုပ်စေပါ။ သို့ပြုလျှင် ဘုရားပေး သောအစွမ်းဖြင့် သူတို့အားအင်တိုးလာပါလိမ့်မည်။ ကျွန်ုပ်တို့ပုံနှိပ်ထုတ်ဝေ ထားသောစာအုပ်များရောင်းချခြင်းအမှုတော်ထဲမှာ သူတို့ကိုပါဝင်လာစေပါ။ ဤသို့ဖြင့် သူတစ်ပါးကိုသူတို့ကူညီလာကြသောကြောင့် သူတို့ရလိုက်သော အတွေ့အကြုံများသည် သူတို့ကိုဘုရားသခင်၏အကူလက်များအဖြစ် စိတ်ချ ရခြင်းသို့ရောက်လာစေလိမ့်မည်။ သူတို့ကိုကူညီပါရန် ဘုရားသခင်ထံ သူတို့ ဆုတောင်းအသနားခံလျှင် ကိုယ်တော်သည် အလင်းတရားရှာနေသူများဆီသို့ သူတို့ကိုလမ်းပြပို့ပေးလိမ့်မည်။ ခရစ်တော်သည် သူတို့နံဘေးတွင် အတူလိုက် ပါလျက်ရှိပြီး သူတို့ကိုမည်သို့ပြောဆိုလုပ်ကိုင်ရမည်ကို သွန်သင်ပေးနေလိမ့် မည်။ သူတစ်ပါးအား နှစ်သိမ့်မှုပေးသူသည် ကိုယ်တိုင်နှစ်သိမ့်မှုကိုရလိမ့် မည်။ (ChS 151.5) ChSBur 251.3