Go to full page →

မြို့ကြီးများတွင်အလုပ်လုပ်ခြင်း ChSBur 252

အမှုတော်ကြီးတစ်ခုပြုလုပ်ရမည့်ကာလအထဲတွင် ကျွန်ုပ်တို့အသက် ရှင်နေထိုင်နေကြရသည်။ စစ်မှန်သောသတင်းကောင်းရောက်ရမည့်နယ်မြေ အထဲတွင် အစာခေါင်းပါးခြင်းဖြစ်နေသည်။ ဆာမွတ်နေသောဝိညာဉ်များစွာကို အသက်မုန့်ပေးကြရမည်။ ခန့်အပ်ထားသောစည်းရုံးရေးမှူးဆရာတွေဆီအပ်နှံ ထားသည့်အလုပ်ထက် ဤအမှုကိုဆောင်ရွက်ခြင်းအတွက် ရနိုင်ကောင်းသည့် အခွင့်အရေးသည် တခြားမှာမရှိတော့လေပြီ။ ယနေ့ကာလ၏အဖိုးတန်သမ္မာ တရားအလင်းအကြောင်း ရေးသားထားသည့်စာအုပ်ထောင်ပေါင်းများစွာကို မြို့ကြီးများရှိ လူနေအိမ်များသို့အရောက်ဖြန့်ဝေပေးပို့ကြပါစို့။ (ChS 152.1) ChSBur 252.1

မင်္ဂလာရှိသောဝိညာဉ်ကယ်တင်ရေးဆိုင်ရာ သတင်းကောင်းသမ္မာ တရားကိုကျွန်ုပ်တို့၏စာနယ်ဇင်းများတွင် ပုံနှိပ်ဖေါ်ပြထားသည်။ ကျွန်ုပ်တို့ ၏စာနယ်ဇင်းစာစောင်များကို ရောင်းချရန်အလုပ်တွင် ကူညီနိုင်သူများစွာ ရှိသည်။ ပျက်စီးဆုံးရှုံးနေသောဝိညာဉ်များကို ရှာဖွေကယ်တင်ကြရန် ကျွန်ုပ် တို့အား သခင်ဘုရားခေါ်ယူတော်မူနေပါသည်။ စာတန်သည် ရွေးကောက် ထားသူများကို လှည့်စားဖို့အလုပ်လုပ်နေသည်။ ယခုအခါ လုံ့လဝီရိယထား ၍လုပ်ဆောင်ရန် ကျွန်ုပ်တို့၏အချိန်ရောက်နေပြီ။ ကျွန်ုပ်တို့၏ စာအုပ်စာစောင် များကို လူတွေမြင်သာသည့်နေရာများတွင် ချထားပေးရမည်။ အချိန်ဆွဲမနေ ဘဲ လက်ရှိသမ္မာတရားသတင်းကောင်းကို ကျွန်ုပ်တို့၏မြို့ကြီးများတွင် ဝေငှ ကြရမည်။ ကျွန်ုပ်တို့၏တာဝန်ရှိမှုကို မနှိုးဆွစေသင့်ကြပြီလော။ (ChS 152.2) ChSBur 252.2