ဘုရားပညတ်တော်လိုက်နာဖို့ ကြွေးကြော်သည်ကို လက်မခံသူများ သည် အပြောင်အပြက်လုပ်၍ သရော်စကားများနှင့်ငြင်းချက်တွေပြောလာကြ လိမ့်မည်။ ထိုလောကီအာရုံစိတ်သဘောများသည် လူအများအပြားကို အဆိပ် အတောက်ပေး၍ အချို့ ကိုထိန်းချုပ်လာနိုင်သည်။ ဘုရားသခင်၏အမှုတော် သည် ကြီးစွာသောကြိုးပမ်းအားထုတ်မှုနှင့် ဆက်လက်အနစ်နာခံသွားခြင်း အားဖြင့်သာလျှင် ရပ်တည်နိုင်ကြမည်။ သမ္မာတရားအဆုံးရောက်လျှင် ဘုန်းတော် ထင်ရှားလျက် အောင်ပွဲခံလိမ့်မည်။ (ChS 164.4) ChSBur 273.2
မြေကြီးပေါ်မှာ ဘုရားသခင်၏အမှုတော်ကြီးပိတ်သောအခါ ကိုယ်တော် ၏ပညတ်တရားစံနှုန်းသည် တစ်ဖန်ဂုဏ်တင်ချီးမြှောက်ခံရလိမ့်မည်။ မိစ္ဆာ ဘာသာရေးအနှံ့အပြားရှိလာနိုင်သည်။ ဒုစရိုက်ပြုခြင်းပေါလှိုင်၍ လူအများ ၏ချစ်ခြင်းသည် ဖရောင်းခဲလိုအေးခဲတောင့်မာလာလိမ့်မည်။ ကရာနီတောင်ကုန်း ပေါ်က လက်ဝါးကပ်တိုင်တရားသည် မျက်ခြည်ပြတ်ခံရပြီးလျှင် မသာခေါင်း တလားပိတ်သကဲ့သို့ အမှောင်ကြီးစိုးခြင်းသည် မြေပြင်တစ်လောကလုံးအပေါ် မှာ ပျံ့နှံ့အုပ်မိုးနေလိမ့်မည်။ ပေါ်ပင်ရေပန်းစားသောအင်အားစုတစ်ရပ်လုံး သည်လည်း သမ္မာတရားကို ဆန့်ကျင်တိုက်ခိုက်လာမည်။ ဘုရားသခင်၏ လူများကို ဆွဲဖြုတ်ရန်အလို့ငှါ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုပြီး တစ်ခု ပေါ်လာမည်။ သို့သော်လည်း အကြီးဆုံးဘေးဒုက္ခရောက်ရသည့်အချိန်တွင် ဧလိယ၏ဘုရားသခင်သည် အမြုတေလူသားတို့ကို အသံမစဲသတင်းစကား ဟောပြောစေရန် မြှောက်တင်တော်မူလိမ့်မည်။ လူနေထူထပ်သောမြို့ကြီးများရှိရာ နယ်မြေဒေသတွေထဲက အမြင့်ဆုံးသောထာဝရဘုရားကို ဆန့်ကျင်တိုက်ခိုက် ပြောဆိုမှုတစ်ရှည်တစ်လျားပြောဆိုနေကြသောအခါ တင်းမာစွာဆုံးမသည့် စကားအသံကို ကြားကြရလိမ့်မည်။ ဘုရားသခင်ခန့်အပ်သောလူများသည် လောကကမ္ဘာဘက်၌ရှိသောအသင်းတော်အဖွဲ့ချုပ်ကို လူသိရှင်ကြားရှုတ်ချ လေမည်။ သူတို့အလွန်ကြိုးစားအားထုတ်ခြင်းဖြင့်လည်း လူယောက်ျား မိန်းမအပေါင်းတို့အား လူလုပ်အဖွဲ့အစည်း၏စည်းကမ်းများစောင့်နေကြသည် ကိုစွန့်ပယ်၍ အစစ်အမှန်ဥပုသ်နေ့ကိုစောင့်ကြဖို့ ပြောဆိုကြပါလိမ့်မည်။ (ChS 165.1) ChSBur 273.3