နယ်မြေဒေသအသီးသီး၌ မြေကြီးပေါ်နေထိုင်ကြကုန်သောလူတို့အထဲ တွင် ဗာလဘုရားရုပ်တုကို ဦးမညွှတ်မကိုးကွယ်သူများရှိကြပါသည်။ မြေကြီး ကိုအမှောင်ဖုံးလွှမ်းစဉ် ကမ်းကုန်အောင်မိုက်မှောင်ခြင်းလူတို့အပေါ် ရောက်လာ သောအခါ ညအချိန်ကောင်းကင်ထက် ထွန်းတောက်သောဘုရားသခင်၏ ကောင်းကင်ကြယ်များကဲ့သို့ ဤသစ္စာခံအယောက်စီတိုင်းသည် လင်းလက် ထင်ပေါ်နေကြမည်။ ဘုရားတရားမကိုးကွယ်ကြသည့်အာဖရိကတိုက်ဒေသအချို့၊ ဥရောပနှင့်တောင်အမေရိကတိုက်ရှိ ကာသိုလစ်နယ်မြေများ၊ တရုတ်ပြည်၊ အိန္ဒိယပြည်၊ ပင်လယ်ပြင်ကျွန်းဒေသများနှင့်မြေကြီးပေါ်ရှိ အမှောင်ထောင့် နေရာများအားလုံးတွင် အမှောင်ကိုခွင်း၍ ထွန်းလင်းပေးမည့်ဘုရားသခင် ရွေးကောက်ခံရသူအယောက်စီတိုင်းအတွက် အာကာသပြင်တစ်ခုကို သီးသန့် ထားပေးတော်မူလိမ့်မည်။ ထိုသူတို့သည် ဘုရားသခင်၏ပညတ်တော်ကိုနာခံ ရန် အသွင်ပြောင်းစေသောတန်ခိုးကို သင်းကွဲသွေဖည်ခဲ့ကြသူများအား ထင်ရှား စွာထုတ်ပြောကြပါလိမ့်မည်။ ယခုပင်လျှင် သူတို့သည် တိုင်းနိုင်ငံတိုင်း၊ ဘာသာစကားအသီးသီးပြောနေကြသူတိုင်းတို့အား လှိုက်လှိုက်လှဲလှဲတင်ပြ ပြောဆိုနေပါသေးသည်။ အဆိုးဆုံးသွေလှန်ဖေါက်ပြန်ခြင်းအချိန်ထဲ၌ စာတန် ၏အပြင်းထန်ဆုံးကြိုးစားမှုသည် သေခြင်းပြစ်ဒဏ်ကိုလည်းကောင်း၊ အမှား နားရက်ကိုသစ္စာခံခြင်းသင်္ကေတကိုလည်းကောင်း လက်ခံကြရန် “အကြီးအငယ်၊ ဆင်းရဲချမ်းသာ၊ လူလွတ်၊ အစေခံကျွန်စသည်ဖြင့် အမျိုးမျိုးသောလူအပေါင်း တို့” ကို သွေးဆောင်လာသောအခါ သတ္တမနေ့နားရက်အမှန်သစ္စာခံကြသူ အယောက်စီတိုင်းသည် “အပြစ်တင်ခွင့်မရှိ၊ ထိခိုက်မှုမရှိ၊ ပြစ်တင် မောင်းမဲခြင်းမခံရသောဘုရားသားသမီးများ” အဖြစ် “လောကကို အလင်းရောင်ထွန်းညှိ” ပေးလိမ့်မည်။ ညအမှောင်နက်လေလေ ပို၍ တောက်ပရွှန်းလက်သောအလင်းကို သူတို့ထွန်းလင်းပေးကြလိမ့်မည်။ (ChS 165.2) ChSBur 274.1
ကျွန်ုပ်တို့အပေါ် ညှဉ်းဆဲသတ်ဖြတ်ခြင်းနှင့် မုန်တိုင်းတကယ်ရောက် လာသောအခါ မှန်သောသိုးများသည် မှန်သောသိုးထိန်း၏အသံကို ကြားကြ လိမ့်မည်။ ကိုယ်ကိုငြင်းပယ်ခြင်းအမှုသည် သူတစ်ပါးအား ကယ်တင်နိုင်ရန် ရှေ့တန်းတင်ကြိုးစားလုပ်ဆောင်လာရမည်။ သိုးခြံမှလမ်းလွဲသင်းကွဲနေသော သိုးများသည်လည်း သိုးထိန်းအကြီး၏နောက်သို့လိုက်ရန် ပြန်လာကြလိမ့် မည်။ (ChS 166.1) ChSBur 275.1