ယနေ့အသင်းတော်များ၌ နေဟမိလိုလူများစွာလိုအပ်နေပါသည်။ ဆုတောင်းခြင်း၊ တရားဟောခြင်းသက်သက်ကိုသာ လုပ်ဆောင်နိုင်သူမဟုတ် ဘဲ တန်ခိုးပါသောဆုတောင်းချက်နှင့် ရည်ရွယ်ချက်ပြည့်ပြည့်နှင့် အခိုင်မြဲ ဆုံးဖြစ်သောဒေသနာများကို ပေးနိုင်သူဖြစ်ရမည်။ ဟေဗြဲမျိုးချစ်စိတ်ရှိသူနေဟမိ သည် မိမိ၏စီမံချက်ကို အဆုံးတိုင်ပြီးမြောက်စေခဲ့သလို ယနေ့ဓမ္မဝန်ဆောင် ကြီးများနှင့်အသင်းတော်ခေါင်းဆောင်တို့သည်လည်း အတုယူကျင့်သုံးကြရမည် ဖြစ်သည်။ မိမိတို့၏အကြံအစည်များကို အသင်းတော်သို့တင်ပြပြီး အသင်း တော်တစ်ခုလုံး၏စိတ်ဝင်စားမှုနှင့် ပါဝင်လုပ်ဆောင်မှုကိုရယူပါ။ အသင်းသူ/ အသင်းသားများသည် ထိုစီမံချက်များကို နားလည်သဘောပေါက်ပြီး ထိုလုပ်ငန်းတွင် မျှဝေပါဝင်လုပ်ဆောင်စေရပါမည်။ သို့ပြုလျှင် တစ်ဦးချင်း စီတို့၏စိတ်ဝင်စားမှုကြောင့် အောင်မြင်ကြီးပွားရပါလိမ့်မည်။ နေဟမိ၏ အားထုတ်မှုအောင်မြင်ရခြင်း၌ ယုံကြည်ခြင်းဖြင့် ဆုတောင်းခြင်း၊ ပညာသတိ ရှိစွာအားစိုက်လုပ်ဆောင်ခြင်းတို့ပါဝင်၏။ အသက်ရှင်သောယုံကြည်ခြင်းသည် အားအင်နှင့်အမှုတော်ကိုဆောင်ရွက်စေပါသည်။ ခေါင်းဆောင်ကောင်း၏ သဘောထားကို နောက်လိုက်လူတို့၏ဆောင်ရွက်ခြင်းများ၌ မြင်တွေ့နိုင်ရ ပါသည်။ အကယ်၍သာ ခေါင်းဆောင်များသည် ယနေ့အတွက် အရေးကြီး သောမြင့်မြတ်သန့်ရှင်းသည့်သမ္မာတရားကို အပေါ်ယံကြော (ဟန်ဆောင်) ယုံကြည်နေမည်ဆိုလျှင် ထာဝရဘုရား၏နေ့ရက်ကြီး၌ လူများကိုအင်အား ပြည့်ဝသောအခြေအနေမျိုးကို မပြင်ဆင်ပေးနိုင်သဖြင့် အသင်းတော်သည် သမ္မာသတိမရှိ၊ ပေါက်ကရနေ၊ ပျင်းရိပြီးသကာလ အပျော်အပါး၌သာ မွေ့လျော်သောအခြေအနေမျိုးသို့ ရောက်သွားမည်ဖြစ်ပါ၏။ (ChS 177.1) ChSBur 296.1
-o-