Go to full page →

အခန်း (၁၆)—အသင်းတော်တိုးချဲ့ရေးလှုပ်ရှားမှု ChSBur 297

ထာဝရဘုရား၏စီမံချက် ChSBur 297

ထာဝရဘုရား၏လူတို့သည် သူတစ်ပါးနယ်မြေကိုရယူချဲ့ထွင်ရန် (သို့မဟုတ်) အတူတကွလူ့အဖွဲ့အစည်းကြီးထူထောင်ရေးလုပ်ကြရမည်ဆိုသည် မှာထာဝရဘုရား၏အကြံအစည်တော်မဟုတ်ပါ။ ခရစ်တော်၏တပည့်တို့သည် ဤကမ္ဘာလောကကြီးထဲ၌ သခင့်ကိုယ်စားလှယ်များဖြစ်ကြရပါမည်။ ထိုသူ တို့သည် လောကကြီး၏အမှောင်ကို အလင်းပေးသကဲ့သို့ ဤကမ္ဘာပေါ်ရှိ တိုင်းပြည်၊ မြို့ကြီး၊ မြို့ငယ်၊ ကျေးရွာများဆီသို့ ပျံ့နှံ့ရောက်သွားစေရမည်။ (ChS 178.1) ChSBur 297.1

သူတစ်ပါးနယ်မြေကို ရယူချဲ့ထွင်ရေးစီမံချက် (သို့မဟုတ်) သာသနာ သြဇာလွှမ်းမိုးမှုအင်အားနည်းသောဒေသများ၌ ထိုမှအခြားဒေသသို့ ရွှေ့ပြောင်း သွားခြင်း (သို့မဟုတ်) ဒေသခံတစ်ခုတည်း၌ပင် လူများစွာကို သာသနာ သြဇာလွှမ်းမိုးစေရန် အာရုံစိုက်လုပ်ဆောင်ခြင်းတို့သည် ဘုရားသခင်က အလင်းထွန်းလင်း၍ ထွန်းလင်းစေသောဒေသများ၏အလင်းကို ဖယ်ရှားပစ် ခြင်းဖြစ်နေသည်။ (ChS 178.2) ChSBur 297.2

အကယ်၍သာ ခရစ်တော်၏အသင်းတော်သည် ထာဝရဘုရား၏ အကြံအစည်တော်ကို ဖြည့်စွက်နိုင်ခဲ့မည်ဆိုပါလျှင် အမှောင်ထုစိုးမိုးရာ၊ သေမင်းအရိပ်လွှမ်းမိုးရာဒေသများ၌ နေထိုင်သူအပေါင်းတို့အပေါ်သို့ အလင်း ထွန်းလင်းပေးနေပါလိမ့်မည်။ ခရစ်ယာန်မိသားစုများသည် စုပေါင်းသင်းဖွဲ့၍ ဘုရားသခင်ပေးသောတာဝန်များကို ရှောင်ရှားနေမည် (သို့မဟုတ်) ပခုံးလွှဲ ပြောင်းနေကြမည့်အစား အသင်းသူ/အသင်းသားများသည် နယ်မြေဒေသ အနှံ့ပျံ့နှံ့နေထိုင်ကာ သူတို့ဆီမှခရစ်တော်၏အလင်းကို ပတ်ဝန်းကျင်လူတို့ အား ထွန်းလင်းစေလိုက်ပါ။ ဝိညာဉ်များစွာကိုကယ်တင်ရန် ကိုယ်တော်လုပ် ဆောင်တော်မူခဲ့သည့်အတိုင်း ကျွန်ုပ်တို့လုပ်ဆောင်ပါက “နိုင်ငံတော်သတင်း ကောင်း” သည် ကမ္ဘာအနှံ့ဆီသို့ လျင်မြန်စွာပျံ့နှံ့ရောက်သွားပါလိမ့်မည်။ (ChS 178.3) ChSBur 297.3

“ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ဘယ်အတွက်ကြောင့် အသင်း တော်ရှိရာနေရာများ၌ပင် ရစ်သီရစ်သီလုပ်ကာ နေထိုင်နေကြပါ သလဲ။ ပျောက်သောသိုးဥပမာကို စေ့စေ့လေ့လာလျက် စစ်မှန်သောသိုးထိန်း များအဖြစ် အပြစ်တရားတောထဲမှာ ပျောက်ဆုံးနေသောလူများကို ရှာဖွေ ကယ်တင်ရန် ရှေ့သို့ခရီးချီပါလော့။ မိတ်ဆွေ၊ ပျက်စီးနေသူများကို ကယ်တင် ကြပါစို့။” (ChS 178.4) ChSBur 298.1

အသင်းတော်ရှိ အသင်းသူ/အသင်းသားများသည် ယခင်က မလုပ် ခဲ့ဖူးသောအလုပ်ကို ယခုပြီးမြောက်အောင်လုပ်ဆောင်နိုင်ကြသည်။ လောကီ အကျိုးရအံ့သောငှာ ရည်ရွယ်ချက်သက်သက်နှင့် နေရာသစ်များဆီသို့ မပြောင်း ရွှေ့သင့်ပါ။ သို့ရာတွင် စားဝတ်နေရေးလည်းကောင်းမည်၊ သမ္မာတရားအသိ လည်း အာမခံရှိထားမည်ဆိုပါက ထိုနေရာသစ်ဆီသို့ သာသနာပြုများအဖြစ် အိမ်ထောင်စုတစ်ခု (သို့မဟုတ်) နှစ်စုမျှသွားရောက်နေထိုင်သင့်ပါ၏။ “ထိုသူ တို့သည် လူကိုချစ်တတ်ပြီး လူအများကို ဘုရားသခင်ထံသို့ ပို့ဆောင် လိုသောစိတ်ရှိရမည်။” အဘယ်ကဲ့သို့ သခင့်ထံပို့ဆောင်ပေးနိုင်မည်ဟူသော နည်းစနစ်ကိုလည်း လေ့လာမှတ်သားလိုက်နာရပေမည်။ ထိုသူတို့သည် အသင်း တော်ထုက်ဝေစာများ၊ စာအုပ်စာပေများကိုလည်း အနှံ့အပြားဝေငှရောင်းချ နိုင်သည်။ မိမိတို့နေအိမ်မှာ တရားဟောစည်းပေးပွဲများကျင်းပပေးနိုင်သည်။ ဤသို့ဖြင့် ရပ်ဆွေရပ်မျိုး၊ ခုနစ်ရက်သားသမီးများနှင့်အကျွမ်းဝင်ကာ သူတို့ ကိုဝတ်ပြုစည်းဝေးပွဲများဆီသို့ ဖိတ်ခေါ်ယူနိုင်ပါသည်။ သူတို့၌ အကျင့်သီလ ကောင်းခြင်း၏အလင်းသည် ထွန်းတောက်လျက်နေပါသည်။ (ChS 178.5) ChSBur 298.2

အိမ်မြေနေရာပြောင်းရွှေ့လိုသောသူများသည် ထာဝရဘုရား၏ ဘုန်းတော်ကို ထွန်းလင်းစေလိုသောအမြင်နှင့် လူ့အကျိုးဆောင်လုပ်ရပ်များကို လုပ်ရန် သူတို့တွင် တာဝန်ရှိသည်ဟု အတွေးရှိသူများနှင့် ခရစ်တော်မှအဖိုးတန် သောကိုယ်တော်၏အသက်ကို စွန့်ပေးခဲ့၍ ကယ်တင်ရန် ထိုက်တန်သူဝိညာဉ် လူအပေါင်းတို့အတွက် ကယ်တင်ခြင်းအကျိုးရစေလိုသောသူများဖြစ်လျှင် အခြားမြို့ရွာများသို့ ပြောင်းရွှေ့ နေထိုင်ကာ ဒေသခံလူတို့အတွက် အများ အကျိုးသယ်ပိုးရင်းဖြင့် သမ္မာတရားအလင်းကို ထွန်းလင်းပေးနိုင်ကြပါသည်။ ထိုသာသနာပြုများသည် ရောက်ရှိသည့်မြို့ရွာဒေသအသီးသီးတွင် သမ္မာတရား စံနှုန်းကို မြှင့်တင်ပေးနိုင်၏။ “ထာဝရဘုရားသည်လည်း မိမိအစေကို ခံသောသက်သေခံများကို နေရာဒေသအသီးသီးသို့ ပျံ့နှံ့ရောက်ရှိ စေပါသည်။ သူတို့သည် သမ္မာတရားအလင်းမရောက်သေးသော ဒေသများတွင် သမ္မာတရားစံနှုန်းကို မြှင့်တင်ပေးနိုင်ကြပါသည်။” (ChS 179,1) ChSBur 298.3

သူတစ်ပါးတို့အတွက် အကျိုးဆောင်ခြင်းထက် မည်သည့်လုပ်ဆောင် ချက်ကမျှ မိမိကိုယ်ကိုငြင်းပယ်သောစိတ်နှင့် အကျင့်စာရိတ္တတို့ကို ပိုမိုခိုင်မြဲ လာစေရန် မစွမ်းဆောင်နိုင်ပါ။ ခရစ်ယာန်မြောက်မြားစွာသည် သူတို့ကိုယ်ကျိုး ရဖို့အတွက်သာ စဉ်းစားထားပြီး အသင်းတော်နှင့်နီးနီးနေဖို့ ရှာဖွေနေတတ် ကြပါသည်။ ထိုသူတို့သည် အသင်းတော်၏မိတ်သဟာယဖွဲ့ခြင်းနှင့်သင်းအုပ် ဆရာများ၏ကူညီစောင့်ရှောက်ခြင်းကိုသာ ခံယူလိုကြ၏။ သူတို့သည် ကြီးမား ကြွယ်ဝသောဘုရားကျောင်းမှ အသင်းသူ/အသင်းသားများအဖြစ် ခံယူလိုကြ ပြီး သူတစ်ပါးကို အနည်းငယ်သာ ကူညီလိုကြ၏။ ဤကဲ့သို့လုပ်ဆောင် ခြင်းဖြင့် တန်ဖိုးအရှိဆုံးကောင်းချီးမင်္ဂလာများကို သူတို့လက်လွှတ်ဆုံးရှုံးကြ ရလိမ့်မည်။ ထိုသူတို့သည် မိမိတို့အတွက် သာယာမှု၊ အဆင်ပြေမှုလောက် ကိုသာ တစ်ဖက်သတ်ကြည့်သည့်အသိုက်အဝန်းကို စွန့်ခွာ၍ သခင့်အတွက် အပ်နှံအသက်ရှင်မည်ဆိုပါက များစွာသောအကျိုးကို ရရှိကြပါလိမ့်မည်။ သူတို့သည် ခရစ်ယာန်ဝန်ဆောင်မှုလိုအပ်နေသောဒေသများ၌ မိမိတို့၏ စွမ်းအင် များကိုထုတ်သုံးရန် လိုအပ်နေပါသည်။ ဤသို့ဖြင့် ခရစ်ယာန်တာဝန် ဝတ္တရားများမည်သို့သယ်ပိုးရမည်ဆိုသည်ကို သူတို့ဆည်းပူးနားလည်လာနိုင် ကြပါသည်။ (ChS 179.2) ChSBur 299.1

အမေရိကန်တိုင်းပြည်တွင် သမ္မာတရားစံနှုန်းမြှင့်တင်ဖို့နေနေသာသာ သမ္မာတရားကြေညာခြင်းကို တစ်ကြိမ်တစ်ခါမျှ မလုပ်ရသေးသောဒေသများ စွာရှိနေပါသေး၏။ ထောင်သောင်းမကသောလူများသည်လည်း ဝိညာဉ်စပါး ရိတ်သိမ်းဖို့ အလုပ်ဝင်လိုကြ၏။ သို့သော် ယခုအခါ သူတို့၌ဘာသာရေး စိတ်ထားလေးနက်မှုမရှိကြ။ ကောင်းကင်ဘုံသို့ သွားရာလမ်းဝမှာ ဒုက္ခိတဖြစ် နေသဖြင့် မိမိကိုယ်ကို ခရစ်ယာန်များမှဟုတ်သေးရဲ့လားဟူသောသံသယစိတ် သည် သူတို့၌ဖြစ်နေ၏။ သူတို့တစ်တွေလိုအပ်နေသည်မှာ ယေရှုခရစ်တော် နှင့်အတူရှိသောခွန်အားကြီးသောပေါင်းစပ်မှုဖြစ်ပါသည်။ သို့မှသာလျှင် “သင်တို့ သည် ထာဝရဘုရားနှင့်အတူတကွ လုပ်ဆောင်သောသူများဖြစ်ကြပါ၏” ဟု ပြောနိုင်ပါလိမ့်မည်။ လူများစွာကို ကျွန်ုပ်ပြောလိုသည်မှာ သင်တို့သည် ထာဝရဘုရား၏စပျစ်ဥယျာဉ်ခြံထဲ၌ အလုပ်လုပ်ဖို့လာခေါ်မည့်သူကိုသာ စောင့်မျှော်နေကြကုန်၏။ ထိုသို့စောင့်မျှော်နေရင်း သင်တို့၏တန်ဖိုးရှိသော အချိန်ကို မကုန်လွန်ပါစေနှင့်။ အချည်းနှီးမဖြစ်ပါစေနှင့်။ သင်သည် အထက် သို့မျှော်ကြည့်လျှင် အသက်ဝိညာဉ်လယ်ပြင်မှာ စပါးများမှည့်နေပြီဖြစ်ကြောင်း ကို မြင်တွေ့ ရပါလိမ့်မည်။ ဘယ်ကိုပဲကြည့်ကြည့် လယ်ကွင်းပြင်၌ ဝိညာဉ် စပါးများဝင်းမှည့်နေပြီဖြစ်သောကြောင့် တံစဉ်ကိုအသင့်ပြင်ထားဖို့သာရှိပါ သည်။ ရပ်နီးရပ်ဝေးဒေသများ၌ အလုပ်အကိုင်အသင့်ရှိနေကြောင်းကို သင်မြင် ရပါလိမ့်မည်။ သို့သော်လည်း ခရစ်တော်သည် လူဘယ်လောက်များများကို “သာဓု၊ သစ္စာရှိသောငယ်သားကောင်း” ဟု ပြောပါမည်လဲ။ ယခုအခါ ကောင်းကင်တမန်များသည် ဤကမ္ဘာ၏ကပ်ကာလအဆုံးသို့ရောက်နေကြောင်း ကိုတွေ့မြင်ခံစားဖွင့်ပြနေကြပါပြီ။ ထာဝရဘုရားနှင့် စေလွှတ်တော်မူသော ယေရှုခရစ်ကို ကျွန်ုပ်တို့သိကျွမ်းပါသည်ဟု ပြောဆိုနေကြသူများသည် အတူ တကွစုဝေးကြခြင်း၊ သာသနာနယ်မြေချဲ့ထွင်ခြင်းများလုပ်တတ်ကြပြီး ဘုရား ကျောင်းထဲမှာ သူတို့အတွက် ဝိညာဉ်ခွန်အားမဖြစ်သောတရားဟောချက်များ ကိုသာကြားရပါသည်ဟု ပြောနေတတ်ကြပြီး အမှန်တကယ်ပြောရရင် သူတို့ လုပ်တာဘာတစ်ခုမျှမရှိ။ အကယ်၍သာ ထိုသူတို့၏ခဏတစ်ဖြုတ်ငွေကြေး ကြွယ်ဝချမ်းသာမှုသည် သူတို့ပြောင်းရွှေ့သွားသောဒေသသစ်များ၌ ဆက်လက်၍ ကြွယ်ဝချမ်းသာမှုကို မပေးနိုင်ခဲ့ပါလျှင် ထို့ပြင်ထိုနေရာဒေသသစ်များသည် သမ္မာတရားမကြွေးကြော်ဖူးသောဒေသ (သို့မဟုတ်) သမ္မာတရားအလင်း မှေးမှိန်နေသောဒေသဖြစ်မည်ဆိုလျှင် ယေရှုခရစ်သည် သူတို့အတွက် ကိုယ်ကျိုး စွန့်ကယ်တင်တော်မူခဲ့သည့်နည်းအတိုင်း အလားတူအမှုကို သူတို့မလုပ်ဘဲ နေကြရမည်လော။ (ChS 179.3) ChSBur 300.1

သမ္မာတရားနေရာအနှံ့ရောက်သွားရန် .. သာသနာပြုလုပ်ငန်းသည် အထူးလိုအပ်နေပါ၏။ ပြည်ပနိုင်ငံများသို့ဖြစ်စေ၊ ကျွန်ုပ်တို့အနီးရှိဒေသများ သို့ဖြစ်စေ သာသနာပြုနိုင်ပါသည်။ ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ရှိမြို့ကြီး၊ မြို့ငယ် များ၌ နေထိုင်ကြသောဝိညာဉ်များစွာကို ကယ်တင်ရန် ကြိုးစားလုပ်ဆောင် နေသည်ကို မတွေ့ရပါ။ လက်တွေ့ သမ္မာတရားကို သိသောမိသားစုတို့သည် ဤကဲ့သို့သောမြို့ကြီး၊ မြို့ငယ်များ၌ အခြေချနေထိုင်ကြပြီး “ခရစ်တော်၏စံနှုန်း အတိုင်းအသင်းတော်တည်ထောင်ပေးရန်နှင့် မိမိကိုယ်ပိုင်နည်းဖြင့် မဟုတ်၊ ဘုရားပြသောနည်းလမ်းဖြင့် စိတ်နှိမ့်ချစွာအလုပ်လုပ်၍ သမ္မာတရားမသိသူများအား အလင်းပြပေးရန် မလုပ်သင့်ကြပြီ လော။” (ChS 180.1) ChSBur 301.1

အသင်းတော်သည် အမှန်တကယ်သတင်းစကားဖြန့်လိုသောဆန္ဒ စိတ်သဘောရှိလာပြီဆိုလျှင် ခရစ်တော်သည်ချစ်၍ အသေခံခဲ့ပေးသောအသက် ဝိညာဉ်များကိုကယ်တင်ရန် ခွန်အားစိုက်ထုတ်ကာ သူတို့လုပ်ဆောင်လာကြ ပါလိမ့်မည်။ နေရာသစ်များဆီသို့လည်း သူတို့သွားရောက်ကြပါလိမ့်မည်။ ဘိသိက်မခံရသောယုံကြည်သူအချို့သည်လည်း ဘုရားသခင်နှင့်အတူ လုပ်ဖေါ်ကိုင်ဖက်အဖြစ် အသင်းတော်များသို့ အလည်အပတ်ရောက်၍ သေလု နီးပါးအားနည်းသောအရာများကို ခွန်အားတိုးစေရန် အလုပ်လုပ်ပေးလာ ကြပါလိမ့်မည်။ မြို့ကြီးမြို့ငယ်များနှင့် လမ်းမပေါက်သေးသည့်ဒေသများသို့ ရွှေ့ပြောင်းနေထိုင်ကြသောသာမန်အသင်းသားများသည်လည်း သူတို့အား ဘုရားပေးသောအလင်းကို သူတစ်ပါးတို့အပေါ်မှာ ထွန်းလင်းပေးကြပါလိမ့် မည်။ သူတို့အားဖြင့် ပြောင်းလဲလာကြသူများအချို့တွင် အဆုံးတိုင်တည်ကြည် မည့်ပုံမပေါ်သော်လည်း သူတို့အတွက် တစ်ခုတည်းသောမေးခွန်းမှာ ထိုသူ တို့သည် ခရစ်တော်နှင့်လိုက်ဖက်ရောက်လာနိုင်ကြပါမည်လား။ ထိုသူတို့သည် ယေရှုသခင်၏စိတ်သဘောမျိုးကိုရယူကာ သူတို့၏သြဇာလွှမ်းမိုးမှု၊ အပြော အဆိုလုပ်ပုံကိုင်ပုံတို့သည် သမ္မာတရားနှင့်ဖြောင့်မတ်ခြင်းတရားအရှင်ဘုရား သခင်၏ဆွဲဆောင်မှုကို ဖော်ကျူးပြနိုင်ကြပါမည်လော။ (ChS 180.2) ChSBur 301.2

သမ္မာတရားမကြားဘူးသေးသောဒေသများ၌ အမှုတော်ဆောင်သော သူတို့သည် သတင်းကောင်းပြောရန် ခန်းမကြီးတစ်ခု (သို့မဟုတ်) ဖိတ်ခေါ် ရောက်လာသမျှသောလူများအားလုံးဝင်ဆန့်နိုင်သောသင့်လျော်သည့်ခန်းမတစ် ခုခုကို ငှားရမ်းရမည်။ ထိုနေရာသို့စုဝေးရောက်လာသူများကို သမ္မာတရား ကိုသင်ယူရန်ပြောပါ။ တရားဒေသနာပေးရန် မလိုသေး။ သမ္မာကျမ်းစာ စာအုပ်ကိုကိုင်၍ နှုတ်ကပတ်တော်ဖွင့်လှစ်ပေးခြင်းအားဖြင့် သူတို့ကိုဘုရား သခင်တိုက်ရိုက်စကားပြောပါစေ။ လူနည်းမည်ဆိုလျှင် ထုတ်ကြွားခြင်းမရှိ၊ စိတ်လှုပ်ရှားခြင်းမရှိစေဘဲ သူတို့ကိုယ်တိုင်ကျမ်းစာဖတ်၍ “ထာဝရဘုရား မိန့်တော်မူသည်” ဆိုသောဧဝံဂေလိသစ္စာစကားကို ရိုးရိုးရှင်းရှင်းသိနားလည် စေနိုင်ပါသည်။ သူတို့နှင့်အတူ သီချင်းဆို၍ ဆုတောင်းကြပါ။ (ChS 181.1) ChSBur 302.1