ထာဝရဘုရား၏စကားတော်ကို နားထောင်၍ အမှုတော်မြတ်မှာ မှန်ကန်သစ္စာရှိစွာမပြတ်သောလုံ့လနှင့် လုပ်ကိုင်ဆောင်ရွက်နေသောသခင့်အစေ ခံတို့အား စာတန်မာရ်နတ်သည် ဖြစ်နိုင်သမျှနည်းလမ်းစုံလင်စွာနှင့် အမှုတော် မြတ်ကို သူတို့မျက်ခြည်ပြတ်သွားရန် လုပ်ဆောင်၍ ယခုဤလူ့ဘဝ၌ ပျော်ပါးခြင်းများနှင့်သာ ကျေနပ်နေစေရန် ကြိုးပမ်းနေပါသည်။ စည်းစိမ် ကြီးငယ်များတွင် အဆင်ပြေပြေနေထိုင်အသက်ရှင်ဖို့ လောကအကျိုးစီးပွား ရှာဖွေတွေ့ရှိခံစားနိုင်မည့်နေရာသို့ အမှုတော်ကိုချန်လှပ်ကာ ကိုယ်ကျိုးရှာထွက် စေပါ၏။ ဆန့်ကျင်မှုများ၊ နှိပ်စက်ခံရခြင်းများကို ကြုံတွေ့ စေ၍ သာသနာ တာဝန်ထမ်းဆောင်ရာ၌ စိတ်ဓာတ်ကျပြီး ထွက်ပြေးချင်စိတ်ပေါ်ပေါက်လာ အောင်လည်း သူလုပ်ပါ၏။ သို့ရာတွင် ထိုသို့သောသူအားလုံးကို ကောင်းကင် ဘုံမှအကြင်နာတရားကြီးမားစွာဖြင့် အသိအမှတ်ပြုဂရုစိုက်နေပါသည်။ သို့ဖြစ်၍ ဝိညာဉ်ရေးရန်သူစာတန်၏နှုတ်ပိတ်ကျီစယ်မှုကို ခံနေရသူဘုရားသခင့်သား သမီးအပေါင်းတို့အတွက် သခင်မေးမည့်မေးခွန်းတစ်ခုမှာ “သင်ဒီမှာဘာလာ လုပ်တာလဲ” ဟူ၍ဖြစ်သတည်း။ ငါဘုရားသည် သင့်အား လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့သွား၍ ဧဝံဂေလိတရားဟောပြောရန်နှင့် ထာဝရဘုရား၏ နေ့ရက်အတွက် လူသားများအား ပြင်ဆင်ပေးထားရန် စေခိုင်းခဲ့ပြီမဟုတ် လော့။ သင်ဘာကြောင့် ဒီကိုရောက်နေရသလဲ။ သင့်ကိုဘယ်သူစေလွှတ် လိုက်သလဲ။ (ChS 182.1) ChSBur 304.1
အိမ်ထောင်မိသားစုများကို တစ်ဦးချင်းမေးသကဲ့သို့ သခင်ကမေးနေ ပါသည်။ “သင်ဒီမှာဘာလာလုပ်တာလဲ” အသင်းတော်များစွာမှ အိမ်ထောင် စုအတော်များများသည် ထာဝရဘုရား၏သမ္မာကျမ်းစာပါအမှန်တရားများကို ကောင်းကောင်းလေ့လာသိမှတ်ပြီး ဖြစ်ပါ၏။ ထိုသူတို့သည် အမှုတော်မြတ် မထွင်းဖေါက်သေးသောနေရာသစ်တွေမှာ ရွှေ့ပြောင်းနေထိုင်၍ မိမိ တို့၏သြဇာသက်ရောက်မှုကျယ်ပြန့်သည့်အတိုင်း ဓမ္မဒါနပြုကာ သခင် ကောင်းမြတ်ကြောင်းကို ဖော်ကျူးကြရပါမည်။ (ChS 182.2) ChSBur 305.1