Go to full page →

ခရစ်ယာန်အိမ်ထောင်စုများကိုဖိတ်ခေါ်ခြင်း ChSBur 305

သာသနာပြုဆရာမိသားစုတို့သည် သူတစ်ပါးပစ်ပယ်ထားသောနေရာ ဒေသများဆီသို့သွား၍ အခြေချနေထိုင်ရန် လိုအပ်ပါသည်။ တောင်သူလယ် သမားများ၊ ငွေကြေးနှင့်အလုပ်လုပ်သူများ၊ နေအိမ်၊ တိုက်ခန်း၊ ရုံးခန်း၊ ဆောက်လုပ်ရေးသမားများ၊ လက်မှုပညာကျွမ်းကျင်သူအနုပညာရှင်များ စသည် တို့သည် စွန့်ပစ်လယ်မြေများဆီသို့သွား၍ မြေယာများကို ကောင်းမွန်လာ အောင်လုပ်ဆောင်ပေးခြင်း၊ စက်ရုံအလုပ်ရုံများကို တည်ဆောက်ပေးခြင်းဖြင့် ဆင်းရဲနုံချာသောမိသားစုများအတွက် စားဝတ်နေရေးပြင်ဆင်ပေးရုံမျှမက ထိုသူတို့မှတစ်ဆင့် ထိုသူတို့၏ အိမ်နီးနားချင်းရပ်ဆွေရပ်မျိုးများကို ကူညီမစ ရန်ဖြစ်ပါသည်။ (ChS 182.3) ChSBur 305.2

ထာဝရဘုရားသည် အမှောင်ထုမှားယွင်းမှုဇုန်ထဲ၌ ရှိကြကုန်သော လူ့အသိုက်အဝန်းများထဲတွင် ပညာသတိရှိ၍ လုံ့လဝီရိယစိုက်ကာ သခင် ယေရှုအတွက် အလုပ်လုပ်ပေးရန် ခရစ်ယာန်မိသားစုများကို ဖိတ်ခေါ်နေပါ ၏။ ဤဖိတ်ခေါ်မှုကို အနစ်နာခံဆက်ကပ်ရန်လိုပါသည်။ လူများစွာသည် အခက်အခဲဘေးဒုက္ခများကိုဖယ်ရှားရန် စောင့်ဆိုင်းနေစဉ်မှာပင် လူ့အသက်ဝိညာဉ် များစွာသည် မျှော်လင့်ချက်မရှိ၊ ဘုရားမရှိနှင့် အသက်ဆုံးပါးလုနီးဖြစ်နေ ရလေပြီ။ လူများစွာသည် ဤလောကီအကျိုးအလို့ငှာသော်လည်းကောင်း၊ သိပ္ပံနည်းကျအတတ်ပညာကိုရရှိဖို့ အလို့ငှာသော်လည်းကောင်း၊ ကာလနာ ဘေးကျရောက်ရာဒေသများသို့ ဒုက္ခခံ၍ စွန့်စားရှာဖွေမှုကို ပြုကြပါလိမ့် မည်။ ယေရှုသခင်ကယ်တင်ရှင်အကြောင်းပြောပြရန် အဘယ်သူသည် ထိုဒေသမျိုးသို့သွားရောက်ကာ အနစ်နာခံဆက်ကပ်လုပ်ဆောင်မည်နည်း။ ဧဝံဂေလိသတင်းစကားကြားသိရန် လိုအပ်သောထိုဒေသများသို့ သွားရောက် အမှုတော်ဆောင်မည့်လူယောက်ျား၊ လူမိန်းမတို့သည် အဘယ်မှာရှိကြသနည်း။ အမှောင်ထုထဲမှာရှိသောထိုသူတို့ကို ရွေးနုတ်ကယ်တင်ပေးနိုင်သောယေရှု ခရစ်တော်အကြောင်းကိုပြောပြရန် အထူးလိုအပ်နေပါသည်။ အိုမိတ်ဆွေ။ (ChS 182.4) ChSBur 305.3

သခင်ကြီးယေရှုအတွက် လက်ကြောတင်း၍ ဦးနှောက်ဖျတ်လတ် သူများ၊ သာသနာပြုဆရာ၊ ဆရာမများအဖြစ် ကိုယ့်ထမင်းကိုယ်စားပြီး အမှ တော်မြတ်အောင်မြင်ရေးအတွက် နည်းလမ်းအသစ်ထွင်ကာ သွေးချွေးရင်း၍ လုပ်ဆောင်ကြမည့်သူအိမ်ထောင်မိသားစုအဖွဲ့များဒီမှာရှိပါတယ်မိတ်ဆွေ။ (ChS 183.1) ChSBur 306.1

အကယ်၍သာ မိသားစုတွေကမ္ဘာ့အမှောင်ထုဒေသတွေမှာ သွားရောက် နေထိုင်ပြီး ထိုသူတို့၏ဝိညာဉ်ရေးမျက်မှောင်ကြုတ်ခြင်းကို ယေရှုခရစ်တော် ၏အသက်တာအလင်းနှင့် ပစ်ခွင်းကြရမည်ဆိုလျှင် ထိုနေရာမှာအမှုတော် မြတ်ကြီးတစ်ခုပြီးမြောက်သွားနိုင်ပါသည်။ ထိုမိသားစုများသည် ရိုးသားတိတ် ဆိတ်စွာနှင့် မရမကဝင်ရောက်နှောင့်ယှက်တတ်သောလမ်းစဉ်ကိုရှောင်၍ အသင်း တော်ဌာနချုပ်က စိတ်ဝင်စားလာသည့်တိုင်အောင် အမှုတော်မြတ်ကြီးတိုးတက် ကြီးပွားနေကြောင်းကို ကြားသိမြင်တွေ့နိုင်ပါစေ။ ထိုသို့တိုးတက်မှုနှုန်းကို သင်တစ်ဦးတည်းက မတတ်စွမ်းနိုင်ကြောင်းနှင့်အသင်းတော်က ဆက်လက် ပံ့ပိုးကာ တာဝန်မျှဝေယူနိုင်ရန် ဌာနချုပ်၏အကူအညီများကို တောင်းဆိုရ ယူအပ်သည်။ (ChS 183.2) ChSBur 306.2

နေရာပြောင်းရွှေ့နေထိုင်သူများသည် ပညာသတိရှိသောပျိုးခင်းထိန်း များလိုအပ်မည် ChSBur 307.1

အမှုတော်ဆောင်များကို လူနေလမ်းကြိုလမ်းကြား၊ လမ်းမကြီးများဆီ သို့ သွားရောက်စေပါ။ မတူညီသောမြေနေရာများ၌ အပင်များကို ပြောင်းရွှေ့ စိုက်ပျိုးသည့်အခါ နားလည်တတ်စွမ်းသောပျိုးခင်းထိန်းဥယျာဉ်မှူးများလိုအပ် သည်။ သူတို့တစ်တွေပျိုးထောင်နိုင်ဖို့ သူတို့ကိုလည်း ဦးစီးလုပ်ခွင့်ပေးပါ။ ထာဝရဘုရား၏လူတို့အဖို့ ထိုဒေသများထက်ကျော်လွန်အောင်သွားရန် တာဝန် ရှိပါသည်။ ဒေသသစ်များတွင် အထိုင်ကျအောင် လူအင်အားချထားရပါသည်။ ထိုသို့ပြုမှ သြဇာလွှမ်းနိုင်မည့်နေရာသစ်များပေါ်ထွန်းလာမည်ဖြစ်၏။ စစ်မှန် သောသာသနာပြုစိတ်ဓာတ်အခံရှိသူအမှုတော်ဆောင်များကို အားစိုက်၍ အမြန် စုရုံးပေးပါ။ ထိုသူတို့သည် နီးဝေးအရပ်များဆီသို့ အလင်းဆောင်လျက် ခရီးဆက်ကြပါလိမ့်မည်။ (ChS 183.3) ChSBur 307.2

အသင်းတော်ကြီးများ၌ရှိသော အသင်းသူ/အသင်းသားများစွာတို့ သည် မှတ်တမ်းတင်ထိုက်လောက်အောင်အလုပ်မလုပ်ကြသေးပါ။ ထိုသူတို့ သည် စုဝေးကာနေကြရမည့်အစား ဒေသအနှံ့သို့ပြန့်ကျဲ၍ သမ္မာတရား အလင်းမရှိသေးသောနေရာဒေသများသို့ အခြေချနေထိုင်လုပ်ဆောင်မည်ဆိုပါက ကောင်းမှုတစ်ခုတော့ပြီးမြောက်စေနိုင်ကြပါလိမ့်မည်။ အပင်များစုနေလျှင် ဝေဝေဆာဆာမသီးမပွင့်နိုင်ပါ။ ဥယျာဉ်မှူးက ထိုအပင်များလွတ်လပ်စွာ ရှင်သန်နိုင်ရေးအတွက် ရွှေ့ပြောင်းစိုက်ရပါမည်။ သို့မဟုတ်ပါက အပင်မသန် ဘဲ ညှိုးကျသွားနိုင်ပါသည်။ အလားတူသောစည်းကမ်းဥပဒေကို အသင်း တော်ကြီးတွေမှာ ကျင့်သုံးရမည်။ ဤကဲ့သို့သောအမှုတော်မျိုးလုပ်ဆောင်ရန် လိုအပ်နေချိန်တွင် ဘာတစ်ခုမျှအလုပ်မလုပ်ဘဲနေကြသောကြောင့် ထိုသူတို့ ၏ဝိညာဉ်ရေးမှာ သေလုနီးပါးဖြစ်ရသည်။ သူတို့တစ်တွေဝိညာဉ်ရေးဖျားနာပြီး ရွှင်လန်းထက်မြက်မှုမရှိလာကြပါ။ ထိုသူတို့အား နေရာသစ်၌ ပြောင်းရွှေ့ စိုက်ပျိုးလိုက်ပါက သူတို့၏ဝိညာဉ်သည် အားကောင်းပြီး သန်မာကြံ့ခိုင်လာ မည်ဖြစ်ပါသည်။ (ChS 183.4) ChSBur 307.3