ဌမ စစ်မှန်သောပြောင်းလဲရောက်လာသူများ၌ နိမိတ်လက္ခဏာများရှိပါ သည်။ ထိုနိမိတ်လက္ခဏာများကို ချက်ချင်းသိရမည်မဆိုလို။ ကမ္ဘာပေါ်ရှိ လူပုဂ္ဂိုလ်ကြီးများသည် အံ့သြဖွယ်ဘုရားသခင်၏ဘုန်းတော်ကို ကျော်လို့မရ ပါ။ ဘုရားသခင်နှင့်အတူ လုပ်ဆောင်သူများသည် သူတို့၏တာဝန်ကို ရဲရင့် စွာ၊ သစ္စာရှိစွာအမှုဆောင်ခြင်းနှင့် အခွင့်အရေးရှိကြသူများဖြစ်ကြသည်နှင့် အညီ ဘုရားသခင်သည်လည်း တာဝန်ရှိအဆင့်မြင့်ဉာဏ်ကြီးရှင်နှင့် သြဇာ တိက္ကမရှိသူများကို ပြောင်းလဲစေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် ကောင်းကင်ဘုံစည်းကမ်းများကို လူအများလက်ခံလာကြ လိမ့်မည်။ ထိုသူတို့သည် သမ္မာတရားဘက်သို့ ပြောင်းလဲရောက်လာ၍ အလင်းနှင့်ဆက်မိစေဖို့ ဘုရားသခင့်လက်တော်၌ရှိသောကိုယ်စားလှယ်များ ဖြစ်လာကြသည်။ ဤသို့မေ့လျော့ပစ်ပယ်ထားသည့်လူတန်းစားများ၏ဝိညာဉ် အတွက် ထိုသူတို့၌ အထူးဝန်ထုပ်ဖြစ်လာသည်။ အချိန်နှင့်ငွေသည် ဘုရားသခင့် အမှုတော်အဖို့ ဆက်ကပ်အပ်နှံကြရမည်။ ကျွမ်းကျင်မှုအသစ်နှင့်စွမ်းဆောင် နိုင်မှုများကို အသင်းတော်၌ ထည့်တွက်ရပေမည်။ (ChS 204.1) ChSBur 339.2
အဆင့်မြင့်ဆိုရှယ်လူတန်းစားအများသည် နှလုံးသားဒဏ်ရာနှင့်မာန ဘဝင်မြင့်သောဝေဒနာခံစားနေရသည်။ သူတို့ကိုယ်၌ ရှာမရနိုင်သောငြိမ်းချမ်း ခြင်းကို တမ်းတနေတတ်ကြပါသည်။ အဆင့်အမြင့်ဆုံးလူတန်းစားထဲ၌ဆိုလျှင် ကယ်တင်ခြင်းခံရဖို့အတွက် ဆာငတ်နေကြပါ၏။ သခင်ဘုရား၏အမှုဆောင် များသည် ထိုသူတို့ထံသို့ကြင်နာသောအမူအရာ ခရစ်တော်၏မေတ္တာကရုဏာ နှလုံးအားဖြင့် ပုဂ္ဂိုလ်ရေးချဉ်းကပ်ရောက်ရှိသွားပါက ကူညီမှုကို သူတို့တစ်တွေ လက်ခံလာကြလိမ့်မည်။ (ChS 204.2) ChSBur 339.3
ပညာရှင်ကြီးများ၊ နိုင်ငံရေးသမားများ၊ ကမ္ဘာပေါ်၌ကျော်ကြားသူ များသည် ဤနောက်ဆုံးနေ့ကာလများတွင် အမှောင်ဖုံးလျက်ရှိ၏။ အဘယ် ကြောင့်ဆိုသော် လောကပညာအားဖြင့် ဘုရားကိုမသိရနိုင်ဖြစ်နေကြသည်။ သို့သော် ဘုရားသခင့်အစေခံများက သူတို့အဖို့သမ္မာတရားကို ဆက်မိစေရန် အခွင့်အရေးရတိုင်း သက်သေခံပေးနေပါသည်။ အချို့သူများသည် ဘုရား သခင့်အရာများကို သူတို့မေ့လျော့နေခဲ့ကြကြောင်း အသိဝင်လာကြလိမ့်မည်။ ထိုအခါ ကြီးမြတ်သောဆရာယေရှု၏ခြေတော်ရင်း၌ နှိမ့်ချလေ့လာသူများကဲ့ သို့ သူတို့နေရာကျလာပေမည်။ (ChS 204.3) ChSBur 340.1