အဲသယောပိအမတ်သည် ကျော်ကြားသူ၊ သြဇာတိက္ကမရှိသူတစ်ဦး ဖြစ်၏။ ထိုသူပြောင်းလဲရောက်ပြီးသောအခါ သူလက်ခံရရှိလိုက်သည့်အလင်း ကို အခြားသူများအားပေးလိမ့်မည်ဟု သခင်ဘုရားမြင်တော်မူသည်။ ဧဝံဂေလိ သတင်းကောင်းအကျိုးအတွက်လည်း အလွန်သြဇာသုံး၍ အားစိုက်ဆောင်ရွက် လိမ့်မည်ဟု မြင်တော်မူသည်။ ဘုရားသခင်၏ကောင်းကင်တမန်သည် သမ္မာ တရားအလင်းရှာဖွေသူနှင့်အတူရှိ၍ ကယ်တင်သောအရှင်ဆီသို့ ပို့ပေးခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြပို့ဆောင်သောအားဖြင့် သခင်ဘုရားသည် အမတ်ကြီးအား အလင်းသို့ဦးဆောင်ရှင်းပြပေးနိုင်သူတစ်စုံတစ်ယောက်နှင့် ထိတွေ့ စေရန် ပို့ဆောင်ပေးခဲ့၏။ (ChS 204.4) ChSBur 340.2
ယုဒလူတို့သည် အသင်းတော်အသေးကလေးကို ဖျက်ဆီးပစ်ဖို့ ကြိုးစား နေစဉ်အခါတွင် အကာအကွယ်ပေးနိုင်ရန် နိကောဒင်ရှေ့ထွက်လာခဲ့သည်။ သူသည် တပည့်တော်တို့၏ယုံကြည်ခြင်းကိုအားရှိစေ၍ ထိုးနှက်မေးခွန်းများ ကိုသူတို့အားမမေးစေရန် တားဆီးပေးခဲ့သည်။ ယေရုရှလင်မြို့ရှိအသင်းတော် ကိုထောက်ကူမစသောအားဖြင့်လည်း သူ၏ကြွယ်ဝချမ်းသာခြင်းကိုသုံး၍ ဧဝံ ဂေလိအမှုတော်ကို ရှေ့တိုးစေခဲ့သည်။ ယခင်နေ့ရက်များအချိန်က အရိုသေ ပေးခံခဲ့ရသောကိုယ်တော်သည် ယခုသူ့ကိုမထီလေးစားပြု၍ ညှဉ်းဆဲနှိပ်စက် ကြလေပြီ။ ဤလောကကြီးကောင်းကျိုးအတွက် ဆင်းရဲခံတော်မူခဲ့ရပါ၏။ သို့တိုင် ကိုယ်တော်သည် ယုံကြည်ခြင်းကိုကာကွယ်ရာ၌ မယိမ်းယိုင်သေး။ (ChS 205.1) ChSBur 340.3
-o-