Go to full page →

ကောင်းကင်တမန်မှတ်တမ်း ChSBur 344

အကယ်၍ အိမ်ထောင်ရှင်ယောက်ျားများ အလုပ်သွားရ၍ အိမ်ထောင် ရှင်မိန်းမများက နေအိမ်တွင် ကလေးငယ်များကို စောင့်ရှောက်ရန် ကျန်ရစ် ခဲ့လျှင် ဇနီးသည်မိခင်သည် ခင်ပွန်းဖခင်ကဲ့သို့ပင် ကြီးမားအရေးပါသော အလုပ်ကြီးတစ်ခုကို အပြည့်အဝလုပ်နေရခြင်းဖြစ်၏။ မစ်ရှင်ကွင်းထဲသို့ တစ်ယောက်ကရောက်ရှိသွားသော်လည်း အခြားတစ်ယောက်က အိမ်မစ်ရှင် တစ်ရပ်ကို တာဝန်ယူနေရသည်။ အိမ်တွင်း၌ ဂရုစိုက်ရ၊ စိုးရိမ်ရနှင့်မကြာ မကြာရလိုက်သောဝန်ထုပ်များသည် ပြင်ပရောက်နေသည့်ခင်ပွန်းဖခင်တို့၏ ကြုံရခြင်းထက် ပိုလွန်ပါသည်။ သူမ၏အလုပ်သည် တစ်ဦးတည်းလုပ်နေရ ပြီး အရေးကြီးသော၊ အလုပ်တစ်ခုဖြစ်သောကလေးတို့၏စိတ်ဓါတ်နှင့်စရိုက် လက္ခဏာဟန်ပန်ကို ပုံစံဖော်ပေးရခြင်း၊ ယခုကောင်းမှနောင်ကောင်းမည့်အရေး အတွက် သွန်သင်ပေးရခြင်းဖြစ်သည်။ ခင်ပွန်းသည်သည် သာသနာကွင်း ကျယ်ထဲတွင် လူတို့၏ချီးမွမ်းသံများကို လက်ခံရနိုင်ကြသော်လည်း အိမ်ထဲ မှာအိမ်ရှင်မအလုပ်ကို သိမ်းကျုံးလုပ်နေသောသူမအတွက် လောကပိုင်းဆိုင် ရာအကျိုးမခံရ။ သို့သော် သူမသည် မိသားစုအကျိုးအတွက် အကောင်းဆုံး လုပ်ခဲ့သည်ဖြစ်လျှင် မိသားစုကိုကောင်းကင်သားပုံစံစရိုက်လက္ခဏာပုံသွင်း ပြုစုပေးနိုင်ခဲ့သည်ဖြစ်၍ ကောင်းကင်တမန်၏မှတ်တမ်းစာရင်းတွင် အကြီးမား ဆုံးကမ္ဘာ့မစ်ရှင်တစ်ယောက်အဖြစ် သူမ၏အမည်ကို ရေးသွင်းမှတ်သားပေး ခဲ့မည်ဖြစ်သည်။ ဘုရားသခင်သည် လူအာရုံခံကြည့်မြင်သကဲ့သို့ မြင်တော် မူသည်မဟုတ်။ (ChS 207.2) ChSBur 344.1