Go to full page →

အခန်း (၂၁)—အိမ်ထောင်မိသားစုသည်သာသနာပြုစခန်းတစ်ခု ChSBur 342

ပထမနေရာအရေးပါမှ ChSBur 342

နေအိမ်သည် ကလေးသူငယ်များအဖို့ ပထမဦးဆုံးကျောင်းဖြစ်သည်။ တစ်သက်တာလုံးအတွက် ဆက်လက်လျှောက်လှမ်းနိုင်ရန် အခြေခံအုတ်မြစ် ချရာနေရာလည်းဖြစ်၏။ (ChS 206.1) ChSBur 342.1

သင့်ဘဝ၌ ပထမဆုံးလုပ်ရမည့်လုပ်ငန်းကြီးတစ်ခုသည် နေအိမ်မစ်ရှင် ဖြစ်ပါသည်။ (ChS 206.2) ChSBur 342.2

လူသားဆန်ဆန်နေရာချထားခြင်းနှင့် အဆင့်မြှင့်တင်ခြင်းသည် နေအိမ် မှစသည်၊ မိဘတို့၏အပြုအမူသည် အခြားသူတိုင်းတို့ကို အလေးအနက် ဖြစ်စေသည်။ လူ့အဖွဲ့အစည်းကောင်းစားရေး၊ အသင်းတော်အောင်မြင်ခြင်း၊ နိုင်ငံတော်စည်ပင်ခြင်းတို့သည် အိမ်သြဇာသက်ရောက်မှုအပေါ် တည်လျက်ရှိ သည်။ (ChS 206.3) ChSBur 342.3

မှန်သောသာသနာပြုစိတ်ပြည့်ဝခြင်းသည် နေအိမ်ထဲသို့စိမ့်ဝင်ခြင်း ပို၍ပို၍ပြည့်စုံလာသည်နှင့်အမျှ ကလေးသူငယ်တို့၏ဘဝသည် တိုးတက် လာလိမ့်မည်။ သူတို့ကလေးများသည် အလုပ်လုပ်ရာ၌ ဝမ်းမြောက်ခြင်းကို ရှာဖွေလေ့လာနိုင်ကြပြီး အခြားသူများကောင်းကျိုးကို အနစ်နာခံဆောင်ရွက် လိုသည့်စိတ်ရှိလာကြမည်။ (ChS 206.4) ChSBur 342.4

နေအိမ်ရှိကလေးများအရှေ့၌ မစ်ရှင်ကွင်းကြီးရှိနေသည်ကို မိဘများ မမေ့ကြနှင့်။ အမေ့စကားကို ကလေးများနားထောင်မှတ်သားစေခြင်းသည် ဘုရားသခင်ထံမှ အထွတ်အမြတ်ညွှန်ကြားချက်ဖြစ်ပါသည်။ “ဤသားကို ယူပါ၊ ဤသမီးကိုယူပါ” ဟု ဘုရားသခင်ဆိုပြီး “ငါ့အဖို့အလို့ငှါ ထိန်းကျောင်း ပေးပါ။ သူ့စရိုက်လက္ခဏာကို တော်ဝင်နန်းထိုက်အောင်တိုက်ချွတ်ပြုပြင်ပေး ပါလေ။ ထာဝရဘုရား၏ ရင်ပြင်၌ အစဉ်အမြဲတောက်ပထိန်လင်းနေစေရ မည်။” ဘုရားသခင့်ပလ္လင်ထက်မှ အလင်းနှင့်ဘုန်းတော်ရောင်ခြည်ထွန်းတောက် နေသည်မှာ မိခင်က သူမ၏သားသမီးများအား စာတန်မာရ်နတ်လွှမ်းမိုးမှုကို တားဆီးနိုင်ဖို့ ကြိုးစားသွန်သင်ပေးခြင်းအပေါ်၌ တည်လျက်ရှိ၏။ (ChS 206.5) ChSBur 342.5

ကျွန်ုပ်တို့သည် ခရစ်တော်အတွက် အမှုဆောင်လျှင် မိသားစုနေအိမ် မှစတင်ရမည်။ ဤအမှုထက်ပို၍ အရေးကြီးသောသာသနာကွင်းမရှိပါ။ မပြောင်းလဲသူတို့ကို ဆက်ဆံရန် စည်းမျဉ်းပုံစံနှင့်တကွ မိဘသည် သားသမီး များကိုသွန်သင်ရ၏။ ကလေးသူငယ်များသည် များစွာသွန်သင်ခံယူလာရ သောကြောင့် သက်ကြီးရွယ်အိုနှင့်ဝေဒနာဖိစီးခံစားနေရသူများကို ထောက်ထား စာနာတတ်လာလိမ့်မည်။ ဆင်းရဲသားများနှင့် ဒုက္ခသည်များ၏ခံစားရမှုများကို လည်း သက်သာစေရန် လမ်းရှာဖွေလာကြမည်။ သူတို့ကိုမစ်ရှင်အမှုကြိုးစား ပြုစုရန်သွန်သင်ပေးရမည်။ သူတို့ဘဝအစောဆုံးနှစ်များကတည်းက မိမိကိုယ် မိမိငြင်းပယ်နိုင်ပြီး ပရဟိတလုပ်ငန်းကို အနစ်နာခံဆောင်ရွက်စေခြင်းနှင့်အတူ ခရစ်တော်ကိုရ၍ ခရစ်တော်အတွက် အသက်ရှင်အမှုဆောင်နိုင်အောင် စွဲမှတ် သင်ကြားခံယူစေရပါမည်။ သို့မှသာ သူတို့ကလေးတွေဟာ ဘုရားသခင်နှင့် အတူ လုပ်ဆောင်သူတွေဖြစ်လာကြပါမည်။ သို့သော် သူတစ်ပါးအတွက် စစ်မှန်သောသာသနာအမှုကို ဆောင်ရွက်နိုင်ဖို့ မြဲစွာသင်ကြားခံယူကြမည်ဆို လျှင် ပထမဦးစွာနေအိမ်မှာရှိသောတခြားသူများကို အစေခံလုပ်ဆောင်တတ်ဖို့ သင်ယူကြရမည်။ အဘယ်ကြောင့်ဆိုသော် နေအိမ်ရှိလူများသည် သူတို့၏ မေတ္တာရုံးခန်းထဲရှိ ကတိသစ္စာရှင်များဖြစ်သောကြောင့်တည်း။ (ChS 206.6) ChSBur 343.1

နေအိမ်မိသားစုများသည် စနစ်ရှိရမည်။ မစ်ရှင်လက်တွေ့ လုပ်ငန်း ခွင်ကဲ့သို့ မိသားစုအဖွဲ့ဝင်များအားလုံး၏လူတိုင်းအကျိုးအတွက် ကြိုးစား အားထုတ်လုပ်ဆောင်သွားကြရမည်။ ကျွန်ုပ်တို့၏သားသမီးများသည် ကယ်တင် ခြင်းမရကြသေးသူများအတွက် စိတ်အားထက်ထက်သန်သန်လုပ်ဆောင်ရာတွင် သနားကြင်နာစိတ်ဖြင့် ဖက်စပ်ပြုမိရအောင် ကျွန်ုပ်တို့ကြိုးစားပြီး သွန်သင်ပေး ရမည်။ သူတို့သည် ခရစ်တော်အကြောင်းပြောကြားရန် အချိန်တိုင်း၊ နေရာတိုင်း မှာ အကောင်းဆုံးလုပ်ဆောင်တတ်လာကြလိမ့်မည်။ (ChS 207.1) ChSBur 343.2