Go to full page →

စိတ်ပိုင်းဖြတ်ခြင်း ChSBur 379

ဘုရားသခင်၏အမှုတော်၌ရှိသူသည် ဝိညာဉ်များစွာကို အောင်နိုင် သောအလုပ်ထဲ၌ သက်ဝင်လှုပ်ရှားခြင်း၊ စိတ်ပိုင်းဖြတ်ခြင်းကို ပြနိုင်ရမည်။ ဘုရားသခင်၏တန်ဆာပလာများဖြစ်သောကျွန်ုပ်တို့သည် ကျရှုံးခြင်းမရှိ၊ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ စိတ်ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် အမှုတော်မြတ် ကိုလုပ်ဆောင်ခြင်းမပြုလျှင် ပျက်စီးသွားမည့်ဝိညာဉ်များစွာရှိလာလိမ့်မည်ကို အမှတ်သတိရကြပါ။ (ChS 229.4) ChSBur 379.5

ဘုရားသခင်သည် ကြီးမြတ်တော်မူသောအမှုတော်ကို လုပ်ဆောင်ရန် ကျွန်ုပ်တို့အား အခွင့်ပေးတော်မူ၏။ တိတိကျကျနှင့်စိတ်ပိုင်းဖြတ်ခြင်းဖြင့် လုပ်ဆောင်ကြပါစို့။ သမ္မာတရားသည် ကျွန်ုပ်တို့အပေါ်၌ ပြုတော်မူခဲ့သည့် အတိုင်း ကျွန်ုပ်တို့၏အသက်ရှင်ခြင်းကို ဖွင့်ဟပြသကြပါစို့။ (ChS 229.5) ChSBur 379.6