Go to full page →

စိတ်အားကြီးခြင်း ChSBur 380

ကြိုးစားသောခရစ်ယာန်များ၌ စိတ်အားကြီးမှုလိုအပ်သည်။ စိတ်အား ကြီးခြင်းကို တစ်စုံတစ်ရာလုပ်ပြခြင်းအားဖြင့် ဖော်ပြရလိမ့်မည်။ ခရစ်တော် ကိုပိုင်ဆိုင်ရလိုသောဝိညာဉ်လူအားလုံးသည် ကိုယ်တော်ကိုဝန်ခံပြောဆိုရန် မည်သည့်အရာကမျှ အတားအဆီးမပြုနိုင်ပါ။ နိုင်အဂ္ဂရာ (Niagara) ရေ တံခွန်ကြီး၌ စီးကျသည့်ရေကို ဆီးတား၍ရချင်ရနိုင်မည်ဖြစ်သော်လည်း ထိုသူ ကိုတားမရနိုင်။ (ChS 229.6) ChSBur 380.1

ခရစ်တော်ကိုကယ်တင်ရှင်အဖြစ် ဝန်ခံသူအယောက်စီတိုင်းသည် ဘုရားသခင်၏အစေကိုခံရန် အထူးအခွင့်ရှိကြောင်း စွဲလမ်းနေကြရမည်။ သူ့အတွက် ကောင်းကင်ဘုံက ပြုစုခဲ့သည်များကို စိတ်ကူးမှန်းဆကြည့်လိုက် သော် သူ့နှလုံးသားသည် အကန့်အသတ်မဲ့အချစ်စိတ်လှုပ်ရှား၍ မြတ်နိုးစွာ ဖြင့် ကျေးဇူးတရားကို နားလည်ရသည်။ ထိုသူသည် ဘုရားသခင်၏အစေ ကိုခံယူရန် စိတ်တမ်း၍ သူ၏ကျေးဇူးသိခြင်းသည်လည်း အချက်ပြပေးရန် လိုလားပါသည်။ ခရစ်တော်ကိုချစ်သောသူ့စိတ်စွဲလမ်းမှုကိုပြလာသည်။ သူသည် အလုပ်ကြမ်း၊ ခက်ခဲပင်ပန်းမှု၊ စွန့်လွှတ်အနစ်နာခံခြင်းစသည်တို့ကို ငမ်းငမ်းတက်လုပ်ချင်လာသည်။ (ChS 229,7) ChSBur 380.2

မာသ (Martha) လိုလူတွေအဖို့ တက်ကြွသောဘာသာရေးအလုပ် ထဲမှာ သူတို့၌စိတ်အားကြီးခြင်းနှင့်အတူ ကွင်းပြင်ကျယ်ကြီးတစ်ခုရှိခဲ့သည်။ သို့သော်လည်း မာရိ (Mary) နှင့်အတူ ယေရှု၏ခြေတော်ရင်း၌ ပထမသူတို့ ဝင်ထိုင်လာကြပါစေဦး။ ကြိုးပမ်းအားထုတ်ခြင်း၊ အထောက်အမနှင့်စွမ်းအင် သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့် စင်ကြယ်စေရသည်။ ထိုနောက် အသက်ရှင်သောသင့်ဘဝသည် ကောင်းကျိုးဆောင်ခြင်း၌ တားဆီးနှိပ်ကွပ် မရနိုင်သည့်တန်ခိုးတစ်ခုဖြစ်လာလိမ့်မည်။ (ChS 230.1) ChSBur 380.3

ဘုရားသခင်၏နာမ၌ ခရစ်တော်၏အမှုကိုဆောင်ရန် ကိုယ်တော် ပေးသော၊ မမောနိုင်မပန်းနိုင်သောစိတ်ရှည်ခြင်းနှင့် ဦးလည်မသုန်စိတ်အား ကြီးခြင်းတို့နှင့်တကွ ကျွန်ုပ်တို့သည် သခင်ဘုရား၏စေစားချက်ကို ရှေ့ဆက် သယ်ဆောင်သွားနေကြသည်။ (ChS 230.2) ChSBur 381.1

ကျွန်ုပ်တို့၏ ဘာသာရေးအလုပ်၌ ငြီးငွေ့ဖွယ်ထပ်တလဲလဲဖြစ်နေခြင်း ကိုရိုက်ချိုးပစ်ရန်လိုသည်။ ကျွန်ုပ်တို့သည် လောကအတွင်းတွင် အလုပ်တစ်ခု ကိုလုပ်နေကြရ၏။ သို့သော်လည်း လုံလောက်သောတက်ကြွမှုနှင့်စိတ်အား ကြီးမှုကို မပြသနိုင်ကြပါ။ အကယ်၍သာ ကျွန်ုပ်တို့သည် ပို၍ကြိုးစားလုပ်လာ ကြလျှင် လူအများသည် ကျွန်ုပ်တို့၏သစ္စာတရားသတင်းစကားကို လက်ခံ ယုံကြည်လာကြလိမ့်မည်။ ဘုရားသခင်အတွက် ကျွန်ုပ်တို့အမှုဆောင်နေခြင်း သည် ရိုးလွန်း၍ ငြီးငွေ ့ဖွယ်ဖြစ်ခြင်းကြောင့် အဆင့်မြင့်လူတန်းစားအလွှာ တစ်ခု၏ဝိညာဉ်များစွာကို တွန်းထုတ်သလိုဖြစ်နေသည်။ သူတို့သည် ကျွန်ုပ် တို့၌မြင်လိုသည်မှာ လေးလေးနက်နက်ကြိုးပမ်းအားထုတ်ခြင်းနှင့်စိတ်အားကြီး သောစင်ကြယ်ခြင်းများဖြစ်ပါသည်။ (ChS 230.3) ကလပ်မှာငှာ ChSBur 381.2