Go to full page →

မျက်နှာမလိုက်သမာသမတ်ကျခြင်း ChSBur 401

ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် လူတွေအကြား မြေပေါ်မှာအသက် ရှင်နေထိုင်စဉ်တစ်လျှောက်လုံးဆင်းရဲသားအများကြီးကို ဝေမျှပေးခဲ့သည်။ ထိုသူတို့၏သောကနှင့် အခက်အခဲများကို အတွေ့အကြုံအားဖြင့် ကိုယ်တော် သိသည်ဖြစ်၍ စိတ်နှိမ့်ချစွာလုပ်ဆောင်လျက်ရှိကြသူများအား သက်သာမှု ပေးခြင်း၊ ခွန်အားပေးခြင်းကို ကိုယ်တော်ပြုနိုင်ခဲ့သည်။ သခင်ဘုရား၏ဘဝ သဘောထားအကြောင်း သြဝါဒအမှန်ကို သန္ဓေတည်ရလိုက်သောသူတို့သည် အဖိုးတန်ဆင်းရဲသားများအကြား လူချမ်းသာများကို ချီးမြှောက်ကြရမည်ဆို သောလူတန်းစားအတွင်း ခွဲခြားသည့်ထူးခြားခြင်းအမြင်ကို ဘယ်သောအခါမျှ မခံယူကြပါ။ (ChS 241.4) ChSBur 401.1

သင်သည် ဆင်းရဲဒုက္ခရောက်နေသူများ၊ စိတ်ဝင်စားစရာမကောင်း သောလူများဟုမြင်၍ သူတို့ထံမှလှည့်ထွက်ရှောင်သွားခဲ့လေသော် ခရစ်တော် ရှာဖွေနေသောဝိညာဉ်များကို သင်လျစ်လျူရှုခဲ့လိုက်ပြီကို သင်အမှန်သိပါရဲ့ လား။ သူတို့ထံမှသင်လှည့်ထွက်ခဲ့သည့်အချိန်၌ပင် သင်၏အကြင်နာကို သူတို့ သည် ကြီးစွာလိုအပ်လျက်ရှိနေနိုင်သည်။ ကိုးကွယ်ဝတ်ပြုခြင်းအစည်းအဝေး တိုင်းတွင် ဝိညာဉ်များစွာသည် နားခိုမှု၊ ငြိမ်သက်မှုကိုမျှော်နေကြပါ၏။ သူတို့သည် ဂရုတစိုက်ခံရခြင်းမရှိ အသက်ရှင်နေထိုင်သူများအဖြစ် ပေါ်လွင် နေပါလိမ့်မည်။ သို့သော် သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ လွှမ်းမိုးခြင်းကို အာရုံခံမရမရှိနိုင်ပါ။ ထိုသူများအနက် လူများစွာကိုခရစ်တော် ထံသို့ ရောက်အောင်ပို့နိုင်ကြပါ၏။ (ChS 241.5) ChSBur 401.2

ဧဝံဂေလိဖိတ်ခေါ်ခြင်းသည် သေးသိမ်နိမ့်ကျသွားစေ၍ ကျွန်ုပ်တို့ စိတ်မှတ်ရွေးချယ်ထားသူလူအနည်းငယ်ကိုသာ ဖိတ်ခေါ်သောအခါ သူတို့ လက်ခံလာလျှင် ကျွန်ုပ်တို့၌ဂုဏ်ယူဖွယ်ဖြစ်ရသည်ဟု မတင်ဆက်ရ။ သတင်း ကောင်းစကားကို လူတိုင်းအား ပြောကြားပေးရမည်။ နှလုံးသားများသည် သမ္မာတရားကို လက်ခံရန် ပွင့်လင်းခြင်းရှိသည့်အခါတိုင်း ခရစ်တော်သည် သူတို့အား လမ်းပြပေးရန် အသင့်ရှိနေပါသည်။ (ChS 242.1) ChSBur 402.1