ဘုရားသခင်သည် လူ့ဝိညာဉ်ဗိမာန်တော်အထဲသို့ သန့်ရှင်းသော ဝိညာဉ်တော်ကိုမှုတ်သွင်း၍ လူတိုင်းကိုအချိုးကျအသုံးပြုနိုင်၏။ ကိုယ်တော် လက်ခံသောအမှုသည် ကိုယ်တော်၏ပုံသဏ္ဌာန်တော်ကို ရောင်ပြန်ဟပ်စေ သောအလုပ်ဖြစ်သည်။ ကိုယ်တော်၏နောက်လိုက်များသည် ထာဝရဘုရား ၏မသေသောဇာတိအဖြစ်တော်မှေးမှိန်ပျောက်ကွယ်မသွားနိုင်ကြောင်းကို ဤလောကသို့ သက်သေခံဖော်ပြ၍ သယ်ဆောင်သွားကြရပါမည်။ (ChS 243.3) ChSBur 404.2
ခရစ်တော်၏နာမသည် သူတို့၏ဆောင်ပုဒ်၊ သူတို့၏ထူးခြားချက် တံဆိပ်၊ သူတို့၏ပေါင်းစည်းမှုသံယောဇဉ်၊ သူတို့၏လှုပ်ရှားမှုကိစ္စ၌ အာဏာ နှင့်သူတို့၏အောင်မြင်ခြင်း၌ မှီငြမ်းစရာများဖြစ်ကြသည်။ နာမတော်မြတ်နှင့် ထိပ်စီးအက္ခရာစာမတင်သောဘုရားသခင်၏နိုင်ငံတော်အထဲရှိ မည်သည့်အရာ မျှအသိအမှတ်ပြုခံရဖွယ်မရှိ။ (ChS 243.4) ChSBur 405.1