Go to full page →

အသေးစိတ်ဂရုစိုက်သူ ChSBur 405

သင့်ကိုအမှောင်ထဲမှ အံ့ဖွယ်ကောင်းသောအလင်းထဲသို့ ခေါ်ယူတော် မူခဲ့သောဘုရားသခင်ကို သစ္စာရှိရှိအသေးစိတ်ဂရုတစိုက်ပြုခြင်းဖြင့် ရှေ့ဆက် ကျေးဇူးတော်ချီးမွမ်းခြင်းပြုပါလေ။ (ChS 243.5) ChSBur 405.2

ဘုရားသခင်၏အစေခံသည် အသေးစိတ်ဂရုစိုက်တတ်သူဖြစ်ရမည်။ ကိုယ်တော်၏မစတော်မူခြင်းကို လမ်းဖွင့်ပေးရန် အမြန်ဆုံးလှုပ်ရှားနိုင်ဖို့ အမြဲ တမ်းအဆင်သင့်ရှိပါစေ။ လူတွေသူတို့အပိုင်း၌ နှေးကွေးမှုတစ်ခုခုရှိလျှင် သူတို့ကိုရှုံးစေဖို့ စာတန်၏တိုက်ခိုက်မှုကို အချိန်ပေးလိုက်သည်ဖြစ်၏။ (ChS 244.1) ChSBur 405.3

ဘုရားသခင်၏ပညတ်တော်ကို စောင့်ရှောက်သောသူများသည် အမှု တော်ဆောင်ရန်အတွက် တစ်သမတ်တည်း အဆင်သင့်ရပ်နေကြ၏။ (ChS 244.2) ChSBur 405.4

ခရစ်တော်၏မှန်ကန်သောကိုယ်စားလှယ်များသည် အခြားသူများ၏ ကောင်းကျိုးအတွက် လုပ်ဆောင်ကြသည်။ သူတို့သည် ပြည်တွင်းပြည်ပ နှစ်ရပ်စလုံး၌ ဘုရားသခင်အမှုတော်ရှေ့တိုးလုပ်ဆောင်ခြင်း၌ ဝမ်းမြောက် ပျော်ရွှင်ကြ၏။ ဆုတောင်းအစည်းအဝေးများ၌ သူတို့၏လုပ်ဆောင်ချက် ထိရောက်မှုကို သူတို့ကြားရမြင်ရ၍ ခံစားကြ၏။ သူတို့လုပ်ဆောင်ရန် မစွမ်း သော်လည်း သင်းအုပ်ခြင်းအမှုကို နေရာဝင်ယူလုပ်ကိုင်နိုင်ရန် ကြိုးစားကြ သည်။ မိမိကိုယ်ကိုချီးမြှောက်ရန်မရှာ။ မြတ်သောအမှုကို လုပ်ရသည့်အတွက် လည်း ဂုဏ်ပြုမှတ်တမ်းတင်ခံယူလိုခြင်းကို လက်ခံမယူကြပါ။ စိတ်နှိမ့်ချ ခြင်း၊ အောက်ကျို့ခံခြင်း၊ သစ္စာစောင့်သိခြင်း၊ အမှားနည်းအောင်နေခြင်းနှင့် အလုပ်ကြီးလုပ်ကိုင်ခြင်းတို့ကို လိုအပ်လျှင် လိုအပ်သလို လုပ်ဆောင်ကြ၏။ အကြောင်းမှာ ခရစ်တော်သည် သူတို့အတွက် များစွာလုပ်ဆောင်ပေးခဲ့ပြီး ဖြစ်သောကြောင့်တည်း။ (ChS 244.3) ChSBur 405.5