Go to full page →

အသင်းတော်အလုပ်ထဲ၌ရှိအပ်သောလူငယ်များ ChSBur 42

စနစ်တကျဖွဲ့စည်း၍ စနစ်တကျသင်တန်းပေးထားသောလူငယ်များ ၏ပင်ကိုယ်စွမ်းရည်များသည် အသင်းတော်ထဲမှာရှိဖို့လိုပါသည်။ လူငယ်တို့ သည် ပိုလျှံအင်အားများနှင့် တစ်စုံတစ်ရာအလုပ်ကိုလုပ်နိုင်ကြသည်။ ယင်းစွမ်းရည်များကို မှန်ကန်သည့်လမ်းကြောင်းထဲသို့ရောက်အောင် လမ်းမပြ နိုင်ခဲ့ပါလျှင် လူငယ်များကို ကိုင်တွယ်သူတို့၏ဝိညာဉ်ရေးရာထိခိုက်နာကျင် စေလောက်အောင် လူငယ်များက သုံးစားသွားပါလိမ့်မည်။ လူငယ်များနှင့် လက်တွဲလုပ်ကိုင်နေသူတို့၌ ရထားသည့်ဒဏ်ရာသည် သက်သေဖြစ်၏။ (ChS 30.4) ChSBur 42.1

လူငယ်များသည် သူတို့စိတ်နှလုံးကို ထာဝရဘုရားသခင်ထံ အပ်နှံ လာသည့်အခါ သူတို့အတွက် ကျွန်ုပ်တို့၏တာဝန်ရှိမှုသည် ရပ်တန့်မသွားပါ။ သူတို့သည် သခင်ဘုရား၏အမှုတော်ကို စိတ်ပါဝင်စားရမည်။ သူတို့သည် သခင့်အမှုတော်ရှေ့တိုးစေဖို့ သူတို့တစ်စုံတစ်ရာပြုလုပ်နိုင်ကြကြောင်းကို သခင် မျှော်လင့်နေသည်ဟူ၍ သူတို့၌အမြင်ရှိနေစေရမည်။ လူငယ်များသည် အပိုင်း ကဏ္ဍတစ်ခုခု၌ ပါဝင်လုပ်ဆောင်လာကြရန် ကျွန်ုပ်တို့အဘယ်မျှကြိုးစားရမည်၊ အဘယ်မျှတိုက်တွန်းပေးရမည်ဆိုသည်မှာ ပြောရန်ပင်မလုံလောက်ပါ။ သခင့် အတွက် မည်သို့လုပ်ဆောင်သွားရမည်ကိုသာ သူတို့အား သွန်သင်ပေးရမည်။ သူတို့အရွယ်လူငယ်အပေါင်းအသင်းများအား အကူအညီပေးရန် အေးအေး ဆေးဆေးနှင့်ဟန်ဆောင်ခြင်းမရှိကြိုးစားသွားကြဖို့ သူတို့အား သွန်သင်ပေး ရမည်။ သာသနာပြုကဏ္ဍအမျိုးမျိုးတို့ကို စနစ်တကျဖွဲ့စည်းထားသည့်အထဲသို့ လူငယ်များပါဝင်လာကြပါစေ။ လမ်းပြခြင်း၊ အကူအညီပေးခြင်းဖြင့် သူတို့ ကိုလုပ်ဆောင်ကြပါစေ။ ဤနည်းဖြင့် သခင်ဘုရားအတွက် အမှုတော်ဆောင် ခြင်းကို သူတို့လေ့လာသင်ယူကြလိမ့်မည်။ (ChS 30.5) ChSBur 42.2