Go to full page →

ကလေးဘဝမှစ၍သွန်သင်ပါ ChSBur 43

အမှုတော်ဆောင်သင်းအုပ်ဆရာ၏သနားကြင်နာတတ်မှု၊ ရည်မွန်မှု များကို ကလေးသူငယ်များအပေါ် သူ၏ဆက်ဆံရေး၌ မြင်ရမည်။ ကလေး များသည် လူကြီးအသေးစားများ၊ ဘုရားသခင်၏မိသားစုအထဲ လူငယ်အသင်း သားများဖြစ်ကြသည်ဟူ၍ သင်းအုပ်၏စိတ်ထဲ၌ စွဲမှတ်ထားသင့်သည်။ ဤကလေးများသည် သခင်ဘုရား၏အနီးသို့ ချစ်မြတ်နိုးစွာခေါ်ယူသွင်းခံရ နိုင်ပါ၏။ သူတို့လေးတွေကို မှန်မှန်ကန်ကန်လမ်းပြပေးခြင်းနှင့် စည်းကမ်း ထိန်းကျောင်းပေးပါလျှင် သူတို့သည် ငယ်ရွယ်စဉ်ချိန်၌ပင် သခင့်အတွက် အမှုတော်ဆောင်ကြပါလိမ့်မည်။ (ChS 31.1) ChSBur 43.1

ပက်တဲ့ ပျိုရွယ်မောင်မယ်တို့ကို လျစ်လျူရှုမထားပါနှင့်။ သခင့်အမှုတော်ထဲ ၌ သူတို့မျှဝေတာဝန်ယူလုပ်ကိုင်ကြပါစေ။ အခြားသူများအား အကူအညီ ပေးရန်နှင့် ကောင်းချီးပေးရန် တစ်စိတ်တစ်ပိုင်းသူတို့ပါဝင်ဖို့လိုအပ်ကြောင်းကို သူတို့သိမြင်ခံယူကြပါစေ။ ကလေးသူငယ်များသည် သူတို့နှင့်နှိုင်းစာလျှင် အကြောင်းမလှသူများအား ချစ်ခြင်းနှင့်ညှာတာခြင်းတောက်တိုမည်ရ နည်းနည်း လုပ်တတ်ပေးဖို့ကိုပင် သွန်သင်ပေးထားကြရမည်။ (ChS 31.2) ChSBur 43.2

မိဘများသည် ကလေးသူငယ်များအား အချိန်၏တန်ဖိုးနှင့် အချိန် ကိုမှန်မှန်ကန်ကန်အသုံးချတတ်ဖို့ သွန်သင်ပေးကြရမည်။ ဘုရားသခင်ကို ဂုဏ်ပြုချီးမွမ်းခြင်းနှင့် လူသားများကို ကောင်းချီးမင်္ဂလာဖြစ်စေသောတစ်စုံ တစ်ရာလုပ်ဆောင်ချက်များသည် ကြိုးစား၍လုပ်ဆောင်ရန် အဖိုးတန်ကြောင်းကို သူတို့အား သွန်သင်ပေးပါ။ သူတို့လေးတွေ အသက်ငယ်သောအရွယ်၌ပင် ဘုရားသခင်အတွက် သာသနာပြုများဖြစ်လာနိုင်ကြသည်။ (ChS 31.3) ChSBur 43.3