ယနေ့ကာလ လူအများထဲက လုလင်ငယ်သူတစ်ဦးသည် ယုဒပြည် နေအိမ်မှာ ဒံယေလကြီးပြင်းလာခဲ့သကဲ့သို့ ဘုရားနှုတ်ကပတ်တော်စကားနှင့် အမှုတော်အကြောင်းစုံကို လေ့လာခြင်း၊ သစ္စာရှိရှိအမှုတော်ထမ်းရွက်ရမည့် သင်ခန်းစာများကို လေ့လာခြင်းများပြီးစီးခဲ့ပြီဖြစ်သောကြောင့် ဥပဒေပြုလွှတ် တော်၌သော်လည်းကောင်း၊ တရားရုံးခန်းမ၌သော်လည်းကောင်း (သို့မဟုတ်) ရှင်ဘုရင့်နန်းတော်တွင်း၌သော်လည်းကောင်း သူသည် ဘုရင်တကာတို့၏ ဘုရင်အတွက် သက်သေခံသူတစ်ယောက်အဖြစ် ရပ်တည်ပြနိုင်လိမ့်မည်။ (ChS 31.4) ChSBur 43.4