ခရစ်ယာန်အမည်ခံသူလူအများစုသည် လောကကျင့်ဝတ်လိုက်နာ နေရုံသက်သက်သာဖြစ်နေကြပါသည်။ သူတို့သည် လောကသားတို့ရှေ့၌ ခရစ်တော်ကိုပုံဆောင်ခြင်းအားဖြင့် ကိုယ်တော်ကိုဂုဏ်ပြုနိုင်မည့်တစ်ခု တည်းသောဆုကျေးဇူးကို သူတို့ငြင်းပယ်ခဲ့ကြ၏။ သန့်ရှင်းသောဝိညာဉ် တော်၏အမှုဆောင်ခြင်းသည် သူတို့အတွက် ထူးဆန်းသောအမှုဖြစ်နေပါသည်။ သူတို့သည် နှုတ်ကပတ်တော်ရှင်၏အမှုကို ပြုနေကြသူများမဟုတ်ပါ။ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သည်ကို ခွဲခြားသိမြင်နိုင်သည့်သူများ ၏ကောင်းကင်ဘုံဆိုင်ရာကိုယ်ကျင့်တရားသည် လောကသားများအတိုင်း နေထိုင်ကြသူများနှင့်ခွဲခြားမရနိုင်လောက်အောင် ဖြစ်လာပါသည်။ ခရစ်တော် ၏နောက်လိုက်ပါဟူ၍ ပြောနေကြသူများကို လောကသားများနှင့် ဘယ်တော့မျှ ခွဲထုတ်ရနိုင်တော့မည်မဟုတ်ပါ။ သတ်မှတ်မျဉ်းကြောင်းသည် မထင်မရှားရှိချေ ပြီ။ လူတွေအားလုံးသည် သူတို့ကိုယ်တိုင်က လောကအရာများ၊ အလေ့ အကျင့်များ၊ ဓလေ့ထုံးစံများနှင့်ကိုယ်ကျိုးရှာမှုတို့၌ အမိန့်နာခံယူနေကြပါ သည်။ အသင်းတော်ဆိုသည်မှာလည်း ပညတ်တရားတော်ကို စောင့်သောအား ဖြင့် လောကကိုလွှမ်းမိုးခြင်းရှိသင့်ပါလျက် ပညတ်တော်ကို ဖေါက်ဖျက် သောအားဖြင့် လောကနောက်သို့လိုက်ပါနေချေပြီ။ နေ့စဉ်နှင့်အမျှ အသင်း တော်သည် လောကပုံစံသို့ ကူးပြောင်းနေလေ၏။ (ChS 45.1) ChSBur 68.1