Go to full page →

စွန်းထင်းနေသောမှတ်တမ်းတစ်ခု ChSBur 68

လူများစွာသည် ဘုရားဝတ်၌မွေ့လျော်သောပုံစံရှိကြသည်။ သူတို့ အမည်များကို အသင်းတော်စာရင်းထဲမှာ တွေ့ကြရမည်ဖြစ်သော်လည်း ကောင်းကင်ဘုံတွင်မူကား၊ စွန်းထင်းသောအမည်မှတ်တမ်းအဖြစ်ရှိနေကြသည်။ စာရင်းထိန်းကောင်းကင်တမန်သည် ထိုသူတို့၏လုပ်ဆောင်မှုမှန်သမျှတိုင်းကို မှန်မှန်ကန်ကန်ရေးသွင်းထားခဲ့သည်။ တစ်ကိုယ်ကောင်းဆန်သောလုပ်ရပ်၊ မဟုတ်မမှန်ပြောဆိုသောစကား၊ တာဝန်ဝတ္တရားမကျေပွန်မှု၊ လျှို့ဝှက်ထား သောအပြစ်၊ ပညာပါပါပရိယာယ်သုံး၍ လှည့်စားခြင်းများစသည့်အရာတိုင်း ကိုစာရင်းမှတ်သောကောင်းကင်တမန်သည် မှန်ကန်စွာနှစ်ကာလအစဉ်အတိုင်း မှတ်တမ်းစာအုပ်ထဲတွင် ရေးမှတ်သွင်းထားပါသည်။ (ChS 45.2) ChSBur 68.2