Go to full page →

မေ့မရနိုင်သောအိပ်မက် ChSBur 70

၁၈၈၆ ခုနှစ်၊ စက်တင်ဘာလ ရက်နေ့ ညအိပ်မက်ထဲမှာ ကျွန်ုပ် သည် ဘယ်ရီသီးရှာဖွေနေသူလူအုပ်ကြီးတစ်စုနှင့် လမ်းလျှောက်သွားနေပါ သည်။ လူအုပ်ကြီးထဲတွင် ဘယ်ရီသီးခူးရန် အကူအညီပေးကြမည့်လူငယ် လူရွယ်မောင်မယ်များစွာပါလာသည်။ ကျွန်ုပ်တို့သည် မြို့တစ်မြို့ထဲမှာရှိနေပုံရ သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ရှေ့မှာ မြေကွက်လပ်ငယ်လေးရှိနေ သည်။ သို့သော် မြို့ပြင်တစ်ဝန်းမှာ လယ်ကွင်းပြင်ကျယ်များ၊ လှပသောတောအုပ် များနှင့်စိုက်ပျိုးထားသောဥယျာဉ်ပန်းခြံများရှိကြသည်။ ကျွန်ုပ်တို့လူအုပ်အတွက် ထောက်ပံ့ပေးရန် အစာရိက္ခာတင်လှည်းကြီးတစ်စီး ကျွန်ုပ်တို့ရှေ့မှထွက်ခွာ သွားနေပါသည်။ (ChS 46.2) ChSBur 70.2

မကြာမီ ထိုလှည်းကြီးရပ်သွား၍ လူများသည် ဘယ်ရီသီးရှာတွေ့ ရန် နေရာအနှံ့ထွက်သွားနေကြပါသည်။ လှည်းပတ်ပတ်လည်မှာ ချုံပုတ်ကြီး ငယ်တို့ရှိကြ၏။ လှပသောဘလူးဘယ်ရီသီးများလည်း မှည့်ဝင်းနေပါပြီ။ သို့သော် လူအုပ်ကြီးသည် အနီးအနားကိုမကြည့်၊ အဝေးကိုသာကြည့်ရှုရှာဖွေ နေကြသည်။ ကျွန်ုပ်သည် အနီးရှိဘယ်ရီသီးများကို စတင်ဆွတ်ခူးပါသည်။ သတိထား၍ ဆွတ်ခြွေရသည်။ အကြောင်းမှာ ဝင်းမှည့်နေသည့်အသီးများ နှင့်ရောလျက်ရှိသောအစိမ်းသီးများခူးမိသွားမှာစိုး၍ဖြစ်သည်။ ဘယ်ရီသီးပြွတ် တစ်ခိုင်လျှင် အသီးတစ်လုံးနှစ်လုံးမျှသာ ကျွန်ုပ်ဆွတ်ယူရနိုင်ခဲ့ပါသည်။ (ChS 46.3) ChSBur 70.3

အသီးဖြိုး၍လှပသောဘယ်ရီသီးတချို့မြေပေါ်မှာ ကြွေကျနေသည်။ တစ်ဝက်ပုပ်၍ ပိုးစားနေပါပြီ။ “အို၊ စောစောများဒီခြံဝင်းထဲကိုရောက်ခဲ့ရင် ဒီလိုတန်ဖိုးရှိအသီးကောင်းအတော်များများကို ဆွတ်ခူးရလိုက်မှာ အမှန်ပဲ။ အခုတော့၊ သိပ်နောက်ကျသွားပြီ။ သို့သော်လည်း မြေပေါ်မှာကျနေတဲ့အသီး တွေထဲက ကောင်းတာလေးတွေကို ကောက်ယူရမည်။ လုံးဝမကောင်းတော့ သောဘယ်ရီသီးတချို့ကိုလည်း ကောက်ယူ၍ ညီအစ်ကိုတွေကိုပြပြီး သူတို့ ကိုပြောရမည်။ ကျုပ်တို့ရောက်တာ နောက်မကျဘူးဆိုရင် ဒီအသီးတွေကို အကောင်းရလိုက်မှာပဲနော်” ဟူ၍ ကျွန်ုပ်တွေးမိပါ၏။ (ChS 46.4) ChSBur 71.1

ထိုစဉ် လူအုပ်ထဲကလူနှစ်ယောက်၊ သုံးယောက်သည် ကျွန်ုပ်ရှိရာ အနီးသို့စိမ်ပြေနပြေလမ်းလျှောက်လာကြသည်။ သူတို့တစ်ယောက်နှင့်တစ်ယောက် စကားပြောလာကြသည်ကို ကြည့်ရင်၊ လူအုပ်ကြီးထဲမှာ လိုက်ပါရင်း အဖွဲ့ ကျခဲ့သည်ဟု ထင်ရ၏။ ကျွန်ုပ်ကိုတွေ့သော် သူတို့လှမ်းပြောသည်။ “ကျွန်တော်တို့နေရာအနှံ့လိုက်ကြည့်တယ်။ ဘာအသီးမှမတွေ့ဘူး။” သို့သော် ကျွန်ုပ်မှာရှိနေသောဘယ်ရီသီးများကို သူတို့တွေ့သောအခါ အံ့ဩသွားကြသည်။ ကျွန်ုပ်ကလည်း “အဲဒီချုံပုတ်ထဲမှာ အသီးတွေခူးယူဖို့ အများကြီးရှိသေး တယ်” ဟုပြောရင်း သူတို့လည်း ဆွတ်ကြပါသည်။ ဆွတ်ခူးနေရင်း သူတို့ ရပ်လိုက်ပြီး ပြောလာသည်။ “ဒါတော့ဘယ်တရားမလဲနော်၊ သင်တွေ့တဲ့ နေရာမှာဆိုတော့ သင့်အသီးတွေပဲပေါ့နော်” ဟုဆိုကြ၏။ ကျွန်ုပ်ကလည်း “ဒါပြဿနာမဟုတ်ဘူးလေ။ တွေ့တဲ့နေရာမှာ စုသိမ်းကြရမှာမဟုတ်လား။ ဒါဟာ ဘုရားသခင်ရဲ့ယာခင်းဖြစ်တယ်။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ ဘယ်ရီသီးတွေပဲ၊ ဆွတ်ခူးရိတ်သိမ်းဖို့ဆိုတာ မင်းတို့ရဲ့အခွင့်အရေးပဲ” ဟု ကျွန်ုပ်ပြန်ဖြေဆိုလိုက်ရပါသည်။ (ChS 47.1) ChSBur 71.2

မကြာပါ။ ကျွန်ုပ်တစ်ဦးတည်း ကျန်ရှိနေသလိုခံစားရပါသည်။ နားထဲ မှာလည်း လှည်းကြီးဆီမှစကားပြောသံ၊ ရယ်မောသံများကြားနေရသည်။ ကျွန်ုပ် သူတို့ကိုအော်ပြောလိုက်သည်။ “ဘာတွေလုပ်နေကြတာတုန်း” သူတို့ပြန်ဖြေ လာသည်မှာ “ဘယ်ရီသီးတွေမတွေ့ ရလို့ မော်မောနဲ့၊ ဆာဆာနဲ့လှည်းနားလာ ပြီး နေ့လယ်စာစားကြမလို့တွေးနေတာ။ အစာစားပြီး ခဏနားမယ်။ နောက်မှတစ်ခါထွက်ရှာခူးကြမလားလို့” ဟူ၏။ (ChS 47.2) ChSBur 71.3

“ဒါပေမယ့်” ကျွန်ုပ်ဆို၏။ “မင်းတို့ဘာအသီးမျှမရသေးဘူးနော်။ ငါတို့အားလုံးရဲ့ ရိက္ခာတွေကိုလည်း မင်းတို့အကုန်စားပစ်လိုက်ပြီ။ ငါတော့ မစားနိုင်သေးဘူး။ ခူးစရာအသီးတွေအများကြီးရှိနေတယ်။ မင်းတို့ရှာမတွေ့ တာသေသေချာချာမရှာလို့ မတွေ့ကြတာပါ။ ချုံအပြင်ပိုင်းကိုမကြည့်ပါနဲ့၊ ချုံအတွင်းထဲကို လှန်လှောရှာကြည့်ပါ။ လက်ထဲမှာအပြည့်ဆွတ်လို့မရတာ တောင် အသီးစိမ်းတွေထဲကို သေသေချာချာရှာကြည့်ရင် ရင့်မှည့်နေပြီဖြစ်တဲ့ အသီးကိုတွေ့ရမှာပါ။ (ChS 47.3) ChSBur 72.1

မကြာမီ ကျွန်ုပ်၏လက်ဆွဲပုံးကလေးထဲမှာ အသီးတွေနှင့်ပြည့်သွား သဖြင့် လှည်းဆီသို့ယူလာခဲ့ပါသည်။ ကျွန်ုပ်သူတို့ကို ပြောပြလိုက်သည်။ “ဒါတွေဟာ ငါစုသိမ်းရသလောက် အကောင်းဆုံးအသီးတွေပါပဲ။ မင်းတို့ တစ်တွေဟာ အဝေးကိုမျှော်ကြည့်ပြီး ကိုယ်တိုင်ဘာအသီးမျှမရလို့၊ စိတ်မော လူမောဖြစ်နေချိန်မှာ ငါကဒီအနီးအနားမှာပဲရှာပြီး တွေ့လို့ဆွတ်ခူးထားတာ ပါ။” (ChS 47.4) ChSBur 72.2

သူတို့အားလုံးက ကျွန်ုပ်ဆွတ်ယူခဲ့တဲ့ အသီးတွေကိုလာကြည့်ကြပြီး “ဒီအသီးတွေဟာ ချုံပုတ်ကြီးတွေထဲက ဘယ်ရီသီးတွေပဲ။ အသီးလုံးကြီး ပြီးလှတယ်။ ငါတို့တစ်တွေချုံပုတ်ကြီးတွေထဲမှာ အသီးရှိမယ်လို့မထင်မိဘူး။ အဲဒါကြောင့် ချုံပုတ်ငယ်တွေမှာပဲ ရှာထွက်ခဲ့ကြတာ။ ဒီလိုနည်းနည်းပဲရတာပေါ့” လို့ပြောကြပါသည်။ (ChS 47.5) ChSBur 72.3

“ဒါဆိုရင် ဒီအသီးတွေကို မင်းတို့သိမ်းထားလိုက်ပါ။ အသီးတွေ များများရဖို့ ငါနဲ့အတူလိုက်ခဲ့ပြီး ချုံပုတ်ကြီးတွေထဲမှာ အရှာထွက်ကြရ အောင်” လို့ ကျွန်ုပ်ပြောလိုက်ပါသည်။ သို့သော်လည်း သူတို့သည် အသီး ကိုသိမ်းဆည်းရန် ပြင်ဆင်မှုဘာမျှမလုပ်ကြသေး။ သူတို့မှာပန်းကန်လုံးနှင့် အိတ်တွေအမြောက်အမြားရှိနေပါလျက် အစားအသောက်လက်ကျန်တွေနဲ့ အလွတ်ရှိမနေပါဘူး။ ကျွန်ုပ်လည်း သူတို့ထွက်အလာကိုစောင့်ရင်း မအောင့် အည်းနိုင်လို့ မေးလိုက်ရတော့၏။ “အသီးသွားခူးဖို့မလာကြသေးဘူးလား။ အဲဒီဘယ်ရီသီးတွေကို သိမ်းဖို့ကော မစီစဉ်ရသေးဘူးလား။” (ChS 47.6) ChSBur 72.4

လူတစ်ယောက်ကမေးလာသည်။ “မမဝှိုက်ရယ်၊ အိမ်အများကြီးမှာ လူအများကြီးကလည်း သွားလာနေကြတဲ့နေရာမှာ အသီးတစ်စုံတစ်ရာရှာတွေ့ ဖို့ကျုပ်တို့မျှော်လင့်မထားဘူးခင်ဗျ။ ဒါပေမယ့် သင်ကဒီလောက်တောင်အသီး ခူးဖို့စိတ်အားကြီးနေမှတော့ ကျုပ်တို့လည်း သင့်နောက်ကိုလိုက်ဖို့ ဆုံးဖြတ် ခဲ့ရတာပါ။ ကျုပ်တို့ရဲ့အတွေးထဲမှာ အသီးဆွတ်ခူးလို့မရခဲ့ရင် ရိက္ခာလုံလုံ လောက်လောက်ယူလာပြီပဲ၊ နားနားနေနေ ပျော်ပျော်ရွှင်ရွှင် စားကြသောက်ကြ ရမယ်လို့ထင်ခဲ့ပါတယ်။” (ChS 48.1) ChSBur 73.1

ကျွန်ုပ်ပြန်ဖြေရပါသည်။ “ဒီလိုလုပ်တာမျိုး နားမလည်နိုင်ပါဘူးရှင်။ ကျွန်မတော့ချုံပုတ်တွေဆီ အခုပဲ တစ်ခါထပ်သွားဦးမယ်။ နေ့တာကုန်လို့ မကြာမီ ညဘက်ရောက်လာတော့မှာမို့ ဘာအသီးမျှခူးလို့မဖြစ်နိုင်တော့ဘူး” သို့နှင့်လူတချို့ ကျွန်ုပ်နောက်လိုက်ခဲ့ကြ၍ တချို့လူတွေလှည်းအနားမှာ စားသောက်ဖို့နေခဲ့ကြ၏။ (ChS 48.2) ChSBur 73.2

တစ်နေရာတွင် လူအုပ်စုငယ်တစ်ခုစုဝေးနေကြပြီး သူတို့အတွက် ပိုစိတ်ဝင်စားစရာကောင်းသည့်အကြောင်းအရာများကို ဆွေးနွေးပြောဆိုအလုပ် ရှုပ်နေကြပါသည်။ ကျွန်ုပ်သူတို့အနီးသို့ ချဉ်းကပ်ရောက်သွားသောအခါ အမျိုးသမီးတစ်ဦး၏ ရင်ခွင်ထဲ၌ရှိသည့်ကလေးငယ်အကြောင်းကို စိတ်ဝင်တစား ပြောနေကြောင်း တွေ့ရ၏။ ကျွန်ုပ်ပြောလိုက်ပါသည်။ ” “မင်းတို့မှာအချိန် အနည်းငယ်ပဲကျန်တော့တယ်။ လုပ်နိုင်တုန်းအလုပ်လုပ်ကြရင် ကောင်းမှာ ပဲ။” (ChS 48.3) ChSBur 73.3

လူများစွာကိုဆွဲဆောင်နေသည့်အာရုံတစ်ခုမှာ လူငယ်အမျိုးသားတစ်ဦး နှင့်အမျိုးသမီးတစ်ဦး လှည်းကြီးဆီသို့အပြေးပြိုင်ပွဲဖြစ်သည်။ လှည်းဆီသူတို့ ရောက်သွားသောအခါ မောလွန်း၍ ထိုင်နားလိုက်ကြသည်။ အခြားသူတွေလည်း မြက်ခင်းပေါ်မှာကျောခင်းပြီး အနားယူကြကုန်၏။ (ChS 48.4) ChSBur 73.4

ဤသို့ဖြင့် တစ်နေ့တာကုန်လေ၏။ နည်းနည်းလေးပဲ အလုပ်ပြီးစီး သည်။ နောက်ဆုံး၌ ကျွန်ုပ်ဤသို့ပြောလိုက်ပါသည်။ “ညီအစ်ကိုတို့၊ မင်းတို့ ကဒီအမှုကို အောင်မြင်မှုမရှိတဲ့ စွန့်စားရှာဖွေခရီးလို့ ဆိုကြလိမ့်မည်။ ဒီအတိုင်း သာအလုပ်လုပ်နေကြရင် မင်းတို့အောင်မြင်မှုမရတာ အံ့သြစရာမရှိပါဘူး။ မင်းတို့ရဲ့အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတာ ဘယ်လိုအလုပ်လုပ်သလဲ ဆိုတဲ့အပေါ်မူတည်နေပါတယ်။ အခုဒီမှာ ဘယ်ရီသီးတွေ၊ ကျွန်မတွေ့လို့ ခူးခဲ့တာပါ။ မင်းတို့တချို့ကတော့ ချုံပုတ်ငယ်တွေမှာ အချည်းနှီးအချိန်ကုန်ခံ ပြီး ရှာဖွေနေခဲ့ကြတာ၊ တချို့တော့လည်း အနည်းအကျဉ်းရတာပေါ့လေ။ ဒါပေမယ့် ချုံပုတ်ကြီးတွေကိုတော့ ဘယ်သူကမျှသတိပြုပြီး မရှာကြဘူး။ ဘာအသီးမျှတွေ့မှာမဟုတ်ဘူးဆိုပြီး ကျော်သွားခဲ့ကြတယ်။ ကျွန်မကောက် လာတဲ့ဘယ်ရီသီးတွေဟာ များလည်းများတယ်၊ မှည့်လည်းမှည့်တယ်မဟုတ် လား။ မကြာခင်မှာ တခြားအသီးစိမ်းတွေ မှည့်လာတော့မယ်။ အဲဒီကို တစ်ခေါက်ထပ်သွားကြစို့။ ဒီလိုအသီးဆွတ်ခူးဖို့ ကျွန်မသင်ယူခဲ့တာ။ မင်းတို့ လည်း လှည်းနားကချုံကြီးတွေထဲမှာ အသီးကိုရှာကြမယ်ဆိုရင် ကျွန်မလိုပဲ အသီးတွေဆွတ်ခူးရနိုင်ပါလိမ့်မယ်။” (ChS 48.5) ChSBur 74.1

“ယနေ့သင်ခန်းစာသည် ဤသို့သောအလုပ်မျိုးကို ဘယ်လိုလုပ်ရ မည့်အကြောင်း လေ့လာနေသူများအား သင်ပေးနေခြင်းဖြစ်၍ သူတို့သည် ထပ်မံပွားထုတ်ကြရမည်။ ဘုရားသခင်သည် လူအများအလျင်အမြန် အခြေ ချနေထိုင်လာကြသောဒေသထဲမှာ အသီးအောင်သော ဤချုံပုတ်ပင်များကို နေရာချထားရှိပြီး သူတို့ကိုရှာတွေ့ ရန် သင့်အားကိုယ်တော်မျှော်လင့်ထားပါ သည်။ သို့သော် သင်တို့သည် အတူတူစားလိုက်ကြ၊ သောက်လိုက်ကြနှင့် ကိုယ်ဖို့ပျော်စရာရှာအချိန်ဖြုန်းနေကြကုန်သည်။ သင်တို့သည် အသီးတွေကိုတွေ့ ရမည်ဟူသောအခိုင်အမာဆုံးဖြတ်ချက်နှင့် သခင့်လယ်ခင်းသို့ ဝင်လာကြသူများ မဟုတ်ပါတကား။” (ChS 48.6) ChSBur 74.2

ယခုမှစ၍ သင်တို့၏အတွေးအမြင်ကို ပြင်ဆင်ကာ စိတ်အားကြီးစွာ ကြိုးစားလုပ်ဆောင်ရမည်။ သို့မဟုတ်က သင်တို့၏ဝန်ဆောင်မှုသည် ဘယ်သော အခါမျှအောင်မြင်လိမ့်မည်မဟုတ်ပါ။ သင်သည် လမ်းကြောင်းမှန်မှန်ကန်ကန် လုပ်ဆောင်ပြခြင်းဖြင့် လူငယ်အမှုဆောင်သူတို့အား စားသောက်ခြင်းနှင့်အပန်း ဖြေခြင်းသည် ငယ်သောအမှုဖြစ်ကြောင်းကို သွန်သင်ပေးလာနိုင်ပါလိမ့်မည်။ အစားအစာရိက္ခာများစွာသယ်ဆောင်လာသောလှည်းကို ယာခင်းအထိ သယ်ပို့ ရသောအလုပ်သည် ခက်ခဲပင်ပန်းသည်မှန်ပါ၏။ သို့သော် သင့်ဝန်ဆောင်မှ ရလဒ်အားဖြင့် ဘယ်ရီသီးများကို ရှာဖွေသိမ်းဆည်း၍ နေအိမ်သို့ပြန်ယူသွား ရမည်မှာ အစားအသောက်ပံ့ပိုးခြင်းထက်ပို၍ သင်၌စိတ်တမ်းနေရမည့်အရာ ဖြစ်သည်။ ပထမအနီးမှာရှိသောဘယ်ရီသီးကို လုံ့လဝီရိယရှိစွာ ကောက်သိမ်း ပါ။ နောက်မှဝေးသောနေရာများသို့သွား၍ ရှာဖွေသိမ်းဆည်းပါ။ တစ်ဖန် သင်သည်ပြန်လာ၍ အနီးအနားမှာရှိသောဘယ်ရီသီးများကို ထပ်မံရှာဖွေစုသိမ်း ပါ။ ဤသို့ပြုလျှင် သင်သည်အောင်မြင်လိမ့်မည်။ (ChS 49.1) ChSBur 74.3