Go to full page →

ကြုံတွေ့ ရမည့် စမ်းသပ်မှ ChSBur 75

ကြီးမြတ်သူလူအနည်းအကျဉ်းသည် လေးနက်ခန့်ညားသော၊ နောက်ဆုံးသောအမှုတော်ကြီးကို ဝင်ရောက်လုပ်ကိုင်ကြလိမ့်မည်။ သူတို့သည် ကိုယ်စိတ်တိုင်းကျလုပ်ဆောင်သူ၊ ဘုရားသခင်နှင့်လွတ်ကင်းနေသူများဖြစ်၏။ ဘုရားသခင်သည် သူတို့ကိုအသုံးမပြုနိုင်ချေ။ လှုပ်ယမ်းခါချစစ်ဆေးသောကာလ များ၌ မကွယ်မဝှက်နေပြကြသည့်သစ္စာရှိအစေခံများ ဘုရားသခင်၌ရှိပါသည်။ သူတို့သည် ဗာလဘုရားရှေ့မှာ ဒူးမထောက်သောသူများကဲ့သို့ ယခုတွင် ကွယ်ဖုံးနေသောအဖိုးတန်သူတစ်ဦးချင်းတိုင်းတို့ဖြစ်သည်။ သူတို့သည် သင့်အပေါ်သို့စူးရှသောမီးလျှံထိုးပေးနိုင်လောက်အောင် တောက်ပသည့်အလင်း ရောင်သူတို့၌မရှိသော်လည်း ကြမ်းတမ်းသော၊ မမျှော်လင့်ထားသောကာလများ တွင် မှန်ကန်သောခရစ်ယာန်တို့၏ သန့်စင်သောစာရိတ္တအလင်းရောင်ကို သူတို့ ထင်ရှားပြလာကြလိမ့်မည်။ နေ့အခါ ကောင်းကင်သို့ မျှော်ကြည့်လေသော် ကြယ်များကိုမမြင်ရကြ။ သို့သော်လည်း ထိုကြယ်တို့သည် မိုးကောင်းကင်မှာ အမှန်ရှိနေသော်လည်း လူမျက်စိသည် ခွဲခြားမမြင်စွမ်းနိုင်။ ညအခါတွင်မူကား ထိုကြယ်များ၏မှန်သောဝင်းလက်တောက်ပြောင်ခြင်းကို ကျွန်ုပ်တို့မြင်တွေ့ကြ ရသည်။ (ChS 49.2) ChSBur 75.1

အချိန်သည် မဝေးလှတော့ပါ။ လူဝိညာဉ်တိုင်းကို စစ်ကြောလေ သောအခါ ထိုအချိန်သည် အသင်းတော်ထဲမှာ ရွှေစင်ကိုအချော်အချွတ်ထဲမှ ခွဲထုတ်ယူဆောင်သွားလိမ့်မည်။ စစ်မှန်သောဘုရားဝတ်မွေ့လျော်ခြင်းသည် အပြင်ပန်းဟန်ဆောင်ခြင်းများမှ ထင်ထင်ရှားရှားခွဲခြားထုတ်ပြကြလိမ့်မည်။ ရေပန်းစားလူကြိုက်များသောကြယ်တစ်ပွင့်ကဲ့သို့ လူများစွာသည် အမှောင်ထဲ သို့ဝင်သွားရကြလိမ့်မည်။ တိမ်တိုက်ကဲ့သို့သောအမှိုက်သရိုက်များသည် လေနှင့် အတူလွင့်ထွက်သွား၏။ ထိုနေရာများ၌ ကြွယ်ဝဖြစ်ထွန်းနေသောဂျုံခင်းများ သာမြင်ရပါတော့သည်။ အထွတ်အမြတ်အဆင်တန်ဆာအဖြစ် ယူဆတင်ဆောင် ထားကြသူအားလုံးသည် ခရစ်တော်၏ဖြောင့်မတ်ခြင်းအဝတ်ကို မဝတ်ဆင်ဘဲ နေကြလေသော် သူတို့ကိုယ်တိုင်၏အမှောင်ထဲ၌ အရှက်ရခြင်းထင်ရှားလာပါ လိမ့်မည်။ (ChS 49.3) ChSBur 76.1

-o-