Go to full page →

ပြဇာတ်၏ နောက်ဆုံးသောဇာတ်ကွက် ChSBur 78

ဤသတင်းစကားကို ကြီးမားသောအင်အားနှင့် အသုံးချခဲ့မှုသည် ယနေ့အချိန်၌ အသုံးချသည်ထက် ပို၍ပြုခဲ့သည်မှာ ဘယ်အခါမျှမရှိခဲ့ဖူးပါ။ လောကကြီးသည် ထာဝရဘုရား၏ကြွေးကြော်ထားရှိသည်ကို ပို၍ပို၍ အချည်း အနှီးအမှတ်ပြုလာကြသည်။ လူတို့သည်လည်း ဒုစရိုက်ပြုခြင်းအမှု၌ လက်ရဲ ဇက်ရဲရှိလာကြသည်။ ကမ္ဘာပေါ်နေထိုင်ကြသူများ၏ဆိုးညစ်ခြင်းများသည် သူတို့ပြုသည့်ဒုစရိုက်အတိုင်းအဆ အထွတ်သို့ပြည့်လျှံလို့ရောက်နေပါပြီ။ ဤကမ္ဘာကြီးသည် ဖျက်ဆီးသူ၏စိတ်တိုင်းကျဆောင်ရွက်တော့မည်ကို ဘုရား သခင်အခွင့်ပေးသည့်အခါသမယသို့ ရောက်လုနီးပါးရှိနေပါပြီ။ လူတို့လုပ် သောဥပဒေများကို ထာဝရဘုရားသခင်၏ပညတ်နေရာ၌ အစားထိုးခြင်း၊ လူ့သြဇာသက်သက်မျှလောက်ဖြင့် ဂုဏ်မြောက်နေခြင်း၊ ကျမ်းစာအလိုဥပုသ်နေ့ အစား တနင်္ဂနွေနေ့ကို သတ်မှတ်ခြင်းများသည် ပြဇာတ်ထဲက နောက်ဆုံးသော ဇာတ်ကွက်တွေဖြစ်လာကြသည်။ ဤသို့အစားထိုးလုပ်နေကြသည်မှာ တစ်ကမ္ဘာ လုံးအတိုင်းအတာအထိဖြစ်လာသော် ထာဝရဘုရားသခင်သည် ကိုယ်တော် တိုင်ထင်ရှားဖေါ်ပြလာလိမ့်မည်။ ကိုယ်တော်သည် ဘုန်းအာနုဘော်တော်ကို ဖွင့်၍ မြေကြီးကိုပြင်းစွာတုန်လှုပ်စေလိမ့်မည်။ ကိုယ်တော်သည် မိမိနေရာမှ ထွက်၍ ကမ္ဘာပေါ်၌ နေထိုင်သူလူသားတို့အား သူတို့၏အပြစ်များအတွက် ပြစ်ဒဏ်ပေးလိမ့်မည်။ မြေကြီးသည် မိမိအသွေးကို ဖွင့်ချလိုက်မည်။ မြေကြီး သည် အသေကောင်များကို မြေမြှုပ်သင်္ဂြိုဟ်ပေးတော့မည်မဟုတ်ပါ။ (ChS 50.2) ChSBur 78.1