ကျွန်ုပ်တို့သည် ခေတ်၏အကျပ်အတည်းကာလများရှေ့တွင် ရောက်နေ ကြသည်။ ဘုရားသခင်၏တရားစီရင်ခြင်းသည် တစ်ခုပြီးတစ်ခုဆက်တိုက် ရောက်လာလိမ့်မည်။ မီးဘေး၊ ရေဘေး၊ မြေငလျင်လှုပ်ခြင်း၊ စစ်ပွဲများနှင့် တကွ သွေးချောင်းစီးလာပါလိမ့်မည်။ ဤသို့ကြီးမားသော၊ နောက်ဆုံးဖြစ်သော အဖြစ်အပျက်များကြောင့် ဤခေတ် ဤအချိန်တွင် ကျွန်ုပ်တို့အဖို့ အံ့သြနေ ကြရမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကရုဏာရှင်ကောင်းကင်တမန် သည် နောင်တမရသူများကို ကာကွယ်ပေးရန် ကာလကြာကြာရှိနေမည် မဟုတ်တော့ပါ။ (ChS 51.1) ChSBur 78.2
အကျပ်အတည်းကာလသည် ကျွန်ုပ်တို့အနီးသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်ရောက်လာနေပါသည်။ နေသည် မိုးကောင်းကင်၌ ထွန်းတောက် လျက်နှင့်ဝင်လျက်ထွက်လျက် ပုံမှန်ရှိနေစဉ်တွင် မိုးကောင်းကင်သည် ဘုရား သခင်၏ဘုန်းအသရေကို ကြားပြောနေသေး၏။ လူတို့သည် စားလျက်၊ သောက်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက်၊ လက်ထပ်ခြင်းနှင့်ထိမ်းမြား ပေးစားခြင်းတို့ဖြင့် ပြုမြဲပြုနေဆဲရှိကြသည်။ ကုန်သည်တို့သည်လည်း ရောင်းဝယ်ဖေါက်ကားလျက်ရှိကြသေး၏။ လူတို့သည် တစ်ဦးနှင့်တစ်ဦး တိုးဝှေ့တိုက်ခိုက်ကာ အဆင့်အတန်းအမြင့်ဆုံးနေရာရဖို့အတွက် ဖက်ပြိုင်နေကြ ဆဲရှိသည်။ အပျော်အပါးလိုက်စားကြသူများသည်လည်း ရုပ်ရှင်ရုံများ၊ ဇာတ်ရုံ များ၊ မြင်းပွဲများနှင့်လောင်းကစားပွဲငရဲထဲတွင် စုပြုံတိုးနေကြဆဲရှိသည်။ အမြင့် ဆုံးသောစိတ်လှုပ်ရှားစရာများခံစားနေရဆဲဖြစ်သည့်တိုင် စမ်းသပ်ကာလအချိန် နာရီသည် အမြန်ကုန်လုနီးပါပြီ။ အမှုအသီးသီးမှာ ထာဝရအကျိုးထွက်စေဖို့ ဆုံးဖြတ်လုပ်ဆောင်ကြရပါတော့မည်။ စာတန်သည် သူ့အချိန်အလွန်တိုသည် ဟုရှုမြင်ထားသည်။ ထို့ကြောင့် လူတွေအလိမ်ခံရခြင်း၊ ယုံမှားမှုရှိခြင်း၊ ပိုင်စိုး ပိုင်နင်းရှိခြင်း၊ အကြိုက်တွေ့ခြင်းများရှိနေစေဖို့ ဤစမ်းသပ်ကာလအဆုံးသို့ မရောက်မချင်းနှင့် ကရုဏာတံခါးနောက်ဆုံးပိတ်သွားသည်အထိ စာတန် ကိုယ်စားလှယ်များက လုပ်ဆောင်နေကြမည်။ (ChS 51.2) ChSBur 79.1
ကြီးသည် ရှုပ်ထွေးလျက်ရှိလာနေသည်။ အလွန့်အလွန်ထိတ်လန့်ကြောက်ရွံ့ ခြင်းသည် လူသားတို့အပေါ် စိုးမိုးလာသည်။ နောက်ဆုံးချိန်သည် အလွန် နီးနေပြီ။ သမ္မာတရားကိုသိကြသောကျွန်ုပ်တို့သည် ကမ္ဘာလောကကို အပြတ် အံ့သြသွားလောက်အောင် မကြာမီကြေညာပြောဆိုဖို့ ပြင်ဆင်နေသင့်ကြပါပြီ။ ဒုစရိုက်လုပ်ရပ်သည် အမြင့်ဆုံးအဆင့်သို့ ရောက်လုနီးပြီ။ လောက (Chs 51.3) ChSBur 79.2
မကောင်းမှုများစိုးမိုးနေသည့်ဤအချိန်တွင် နောက်ဆုံးအကျပ်အတည်း ကာလကြီးကို ကျွန်ုပ်တို့ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိရှိနိုင်ပါသည်။ ဘုရား သခင်၏ ပညတ်တော်များကို မနာခံဖီဆန်ခြင်းသည် တစ်ကမ္ဘာလုံးအတိုင်း အတာအထိ ဖြစ်လာသောအခါနှင့် ဘုရားသခင်၏လူများသည် သူတို့လုပ်ဖေါ် ကိုင်ဖက်များ၏ဖိနှိပ်မှု၊ ညှဉ်းဆဲမှုကိုခံနေကြရသောအခါများတွင် ထာဝရ ဘုရားသခင်ကြားဝင်ဖြေရှင်းတော်မူလိမ့်မည်။ (ChS 51.4) ChSBur 80.1
ကျွန်ုပ်တို့သည် ကြီးကျယ်ခန့်ညားလေးနက်လွန်းသောအဖြစ်အပျက် များ၏တံခါးဝတွင် ရပ်နေကြရသည်။ ပုရောဖက်ပြုစကားများသည်လည်း ပြည့်စုံလာကြပြီ။ ထူးဆန်းထွေလာကမ္ဘာဖြစ်ရပ်မှန်များကိုလည်း ကောင်းကင် ဘုံ၏စာအုပ်ထဲ၌ မှတ်တမ်းထိုးလျက် ထားရှိ၏။ ကမ္ဘာပေါ်ရှိအရာအားလုံးသည် မီးတောက်နေပါပြီ။ စစ်ပွဲများနှင့်စစ်ဖြစ်မည့်သတင်းစကားများကြားနေရသည်။ လူမျိုးတို့သည်လည်း ဒေါသထွက်သဖြင့် သေခြင်းသည်ရောက်လာ၏။ ထိုသို့ အားဖြင့် သူတို့သည် တရားစီရင်ခံရမည်။ ဖြစ်ရပ်များသည် ပြောင်းလဲမြန်လွန်း သဖြင့် ထာဝရဘုရားသခင်၏နေ့ရက်သည် အလျင်စလိုရောက်လာတော့မည်။ အချိန်တစ်ခဏသာကျန်ပါတော့သည်။ လူမျိုးတို့သည် အချင်းချင်းရုန်းရင်း ဆန်ခတ်နေချိန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံရန်ပြုခြင်းသည် စေ့စပ်မရနိုင်သည့် အထွေထွေအခြေအနေဆိုက်နေသည်။ ဘုရားသခင့်လူများ၏ နဖူးပေါ်မှာ တံဆိပ်ခတ်ခြင်းအမှုမပြုမချင်း၊ အရပ်လေးမျက်နှာသည် ချုပ်နှောင်ထားလျက် ရှိသေး၏။ ထိုနောက် မြေကြီးတန်ခိုးများသည် နောက်ဆုံးသောတိုက်ပွဲကြီး ကိုအင်အားနှင့်ခေါ်ယူသွားပါလိမ့်မည်။ (ChS 51.5) ChSBur 80.2