Go to full page →

စစ်သွေးကြွနေသောကမ္ဘာကြီး ChSBur 85

ကမ္ဘာလောကသည် စစ်တိုက်ဖို့စိတ်ကြွနေကြသည်။ ဒံယေလအနာ ဂတ္တိကျမ်းအခန်းကြီး (၁၁) ၏ ပုရောဖက်ဟောချက်များလုံးဝပြည့်စုံလုနီးပါး ဖြစ်နေပါပြီ။ မကြာမီပုရောဖက်စကားအတိုင်း ဘေးဒဏ်ကျရောက်ခြင်းအမှု များမြင်လာရပါတော့မည်။ (ChS 54.5) ChSBur 85.3

ကမ္ဘာ့လူသားတို့သည် စိတ်ရှုပ်ထွေးမှုအမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို ကျွန်ုပ်မြင်တွေ့ ရပါသည်။ စစ်တိုက်ခြင်း၊ သွေးချောင်းစီးခြင်း၊ သီးခြားခွဲထွက်ခြင်း၊ ဆင်းရဲခြင်း၊ အစာရေစာခေါင်းပါးခြင်း၊ ကပ်ရောဂါကျ ရောက်ခြင်းများသည် မြေကြီးဒေသထဲသို့ ဝင်ရောက်လာသည်။ ထိုဖြစ်ရပ် များသည် ကျွန်ုပ်၏အာရုံကို ခေါ်ယူနေပါသည်။ ကမ္ဘာပေါ်တွင် ငြိမ်သက် ခြင်းအချိန်အနည်းအကျဉ်းသာလျှင် ရှိတော့ပြီဟုမှတ်ရ၏။ ကျွန်ုပ်၏ရှေ့မှောက် တွင် ကမ္ဘာပေါ်မှီတင်းနေထိုင်ကြသူများပုံရိပ်ထင်ဟပ်လာပြန်ပါသည်။ ဤတစ်ခါ လည်း အရာခပ်သိမ်းသည် ရှုပ်ထွေးမှုအမြင့်ဆုံးသို့ ရောက်နေပြန်သည်။ ခိုက်ရန်ပဋိပက္ခများ၊ စစ်ပွဲများနှင့်သွေးချောင်းစီးခြင်းများ၊ အစာရေစာခေါင်းပါး ခြင်းနှင့်ကပ်ရောဂါကျရောက်ခြင်းတို့သည် နေရာအနှံ့ဖြစ်နေသည်။ အခြားသော တိုင်းနိုင်ငံများသည်လည်း စစ်ပွဲအထဲရောက်လာ၍ စိတ်ရှုပ်ထွေးနေကြကုန် ၏။ စစ်ပွဲသည် အစာခေါင်းပါးခြင်းဖြစ်စေ၏။ အနေအထိုင်ဆင်းရဲခြင်းနှင့် သွေးချောင်းစီးသည်မှာလည်း ကပ်ရောဂါများကို ဖိတ်ခေါ်နေ၏။ သို့နှင့် လူ့နှလုံးသားများအထဲ၌ အကြောက်တရားသည် စိုးမိုးလာနေသည်။ “မြေကြီး ပေါ်မှာဖြစ်လတ္တံ့သောဘေးများကို မျှော်၍ကြောက်လန့်ခြင်းဖြင့်” (လုကာ ၂၁) နေထိုင်ကြကုန်၏။ (ChS 55.1) ChSBur 85.4