ယနေ့ကမ္ဘာ့အသင်းတော်များ၌ ဝိညာဉ်ရေးရာအမှောင်ကျနေပါသည်။ ဘုရားသခင်နှင့်ပတ်သက်သောအရာများကို လူတို့သည် ဂရုမစိုက်ကြသော ကြောင့် သူတို့၏အမြင်၌ ဘုရားနှင့်သမ္မာတရားပျောက်ဆုံးနေသည်။ မိစ္ဆာ စွမ်းအင်များသည် အာယူစုစည်းနေကြပါသည်။ စာတန်သည် မိမိ၏လုပ်ဆောင် ဖက်များကို မြှောက်ပင့်၍ ဤကမ္ဘာကို ဖမ်းချုပ်ထိန်းထားလိုက်တော့မည် ဟု ကြွားလုံးထုတ်နေသည်။ အသင်းတော်များထဲတွင် လှုပ်ရှားမှုမရှိဘဲ အသေ ဖြစ်လာနေသည့်အခါ စာတန်နှင့်သူ့နောက်လိုက်တို့သည် အသည်းအသန် လှုပ်ရှားလာနေကြသည်။ ပညာသည် ခရစ်ယာန်အသင်းများသည် ဤကမ္ဘာ ကြီးကိုပြောင်းလဲစေမည်မဟုတ်။ အကြောင်းမူကား၊ သူတို့သည် ကိုယ်ကျိုး ရှာမှု၊ မာနကြီးမှုများဖြင့် ကိုယ်တိုင်စာရိတ္တအကျင့်ပျက်ပြားနေကြသောကြောင့် တည်း။ သူတို့၏လိုအပ်ချက်မှာ သူတို့သည် သူတစ်ပါးတို့အား စင်ကြယ် စေခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းအတွက် ဦးဆောင်မှုမပေးနိုင်မီ ဘုရားသခင် ၏ပြောင်းလဲစေနိုင်သောတန်ခိုးတော်ကို သူတို့ခံယူကြရမည်။ (ChS 55.2) ChSBur 86.1
ရှေးယခင်အချိန်ကာလကဲ့သို့ပင် ကျွန်ုပ်တို့ခေတ်ကာလတွင်လည်း ဘုရားသခင်၏နှုတ်ထွက်တရားတော်အထူးအရေးပါမှုကို လူတို့၏သီအိုရီများ နှင့်တွေးဆချက်များအတွက် နေရာဖယ်ပေးထားပါသည်။ ကျမ်းစာတတ်ပညာ ရှင်ဧဝံဂေလိဆရာများစွာသည် ကျမ်းစာတစ်အုပ်လုံးကို ဘုရားမှုတ်သွင်းနှိုးဆော် ထားသောနှုတ်ထွက်စကားများအဖြစ် လက်မခံကြပါ။ ပညာတတ်တစ်ယောက်က ကျမ်းစာအစိတ်အပိုင်းတစ်ခုကို ငြင်းပယ်သည်။ အခြားအပိုင်းကိုလည်း နောက်ထပ်မေးခွန်းများမေးထားကြသည်။ သူတို့၏စစ်ကြောစီရင်ခြင်းကို ဘုရားသခင်နှုတ်ကပတ်စကားအထက်မှာ တင်စားထားကြသည်။ သူတို့သွန်သင် ပေးနေကြသောကျမ်းစာသည်လည်း သူတို့၏အာဏာဖြင့်သာ မူတည် လျက်ရှိနေပါ၏။ စစ်မှန်သောဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ဖျက်ဆီးနေကြကုန်၏။ ဤသို့ဖြင့် ဘုရားသခင်ကို မကြည်ညိုသောမျိုးစေ့များ နေရာအနှံ့အပြားကြဲဖြန့်ကြ၏။ လူတို့သည်လည်းစိတ်ရှုပ်ထွေး၍ ဘာကို ယုံကြည်ရမည်မသိလောက်အောင် ဖြစ်လာကြသည်။ ထိုအခါ စိတ်မနော ဆိုသည်မှာ နှလုံးပိုက်၍ စွဲမှတ်ယူရသည့်အခွင့်မရှိဟူ၍ လူအများက ယုံနေ ကြလေပြီ။ (ChS 55.3) ChSBur 86.2
ဆိုးသွမ်းညစ်ပတ်မှုသည် ယခင်ကမရောက်ခဲ့ဖူးသောအမြင့်ဆုံးထိပ် သို့ရောက်ရှိနေလေပြီ။ သို့သော်လည်း ဧဝံဂေလိသတင်းကောင်းဟောပြောသူ သင်းအုပ်ဆရာများစွာသည် “ငြိမ်သက်ခြင်းနှင့်စိတ်ချရခြင်း” ဟုအော်ဟစ်နေ ကြပါသေးသည်။ ဘုရားသခင်၏သစ္စာခံသတင်းစကားပြောသူများမူကား၊ သူတို့အမှုဆောင်ခြင်းအတွက် မှန်မှန်ရှေ့သို့တိုးကာ သွားနေကြသည်။ ကောင်းကင်ဘုံရှိပိတာန်ပန်းဆိုင်းဝတ်စုံကိုဝတ်ဆင်လျက် မကြောက်မရွံ့ဘဲ အောင်မြင်ခြင်းရလိမ့်မည်ဟူ၍ ရှေ့သို့တိုးကာ သူတို့လက်လှမ်းမီသမျှလူတိုင်း သည် ဤအချိန်ကာလအတွက် သမ္မာတရားဆိုင်ရာသတင်းစကားကို လက်ခံ ကြသည့်တိုင်အောင် သူတို့တိုက်နေသည့်တိုက်ပွဲကို သူတို့ဘယ်သောအခါမျှ ရပ်ပစ်လိုက်ကြမည်မဟုတ်တော့ပါ။ (ChS 55.4) ChSBur 87.1
ယနေ့ဘာသာရေးလောကအခြေအနေသည် ထိတ်လန့်စရာသတိပေး ရန်အတွက် အကြောင်းရင်းတစ်ရပ်ရှိနေပါသည်။ ၎င်းမှာဘုရားသခင်၏သနား ခြင်းကရုဏာတော်ကို အသေးအဖွဲသဘောထားရှိနေခြင်းဖြစ်ပါသည်။ လူအုပ်စု ကြီးသည် “လူတို့စီရင်သောပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသများပေး လျက်ပင်” ထာဝရဘုရားသခင်၏ပညတ်တော်တို့ကို အချည်းနှီးဖြစ်စေလျက် ရှိကြပါသည်။ ကျွန်ုပ်တို့၏ဒေသနယ်ရှိ အသင်းတော်များစွာ၌ သစ္စာမဲ့ခြင်းသည် အနိုင်ယူစိုးမိုးနေသည်။ အကျယ်ပြန့်ဆုံးသောစိတ်အာရုံထဲ၌ သစ္စာမဲ့ကြသည် မဟုတ်၊ သူတို့သည် ကျမ်းစာကိုပွင့်ပွင့်လင်းလင်းငြင်းပယ်နေကြပြီ။ ယင်းသို့ သစ္စာမဲ့မှုတစ်ခုသည် ဘုရားသခင့်ထံတော်မှ ဗျာဒိတ်ပေးသကဲ့သို့ဖြစ်သော ကျမ်းစာ၌ယုံကြည်ခြင်းကို အခြေပျက်စေသည်ဖြစ်၍ ခရစ်ယာန်ဝါဒကို ကိုင်စွဲ လျက်ပင် ခိုးယူခြင်းအမှုကိုပြုကြ၏။ စိတ်အားထက်သန်သောဆက်ကပ်မှုနှင့် အရေးပါသောဘုရားတရားကိုင်းရှိုင်းမှု၏နေရာတွင် အနှစ်သာရမပါသောသမား ရိုးကျပုံစံသွင်းဝါဒကို အစားထိုးလာကြပါသည်။ ထိုသို့အားဖြင့် အကျိုးဆက် သည် ဘာသာရေးဖေါက်ပြန်မှုနှင့် ကာမဂုဏ်လိုက်စားသည့်ဝါဒတို့ စိုးမိုး လာပါသည်။ “လောတလက်ထက်နေ့ရက်ကာလများ၌ ဖြစ်ခဲ့သကဲ့သို့ လူသားပေါ်ထွန်းလေသောရက်များတွင် ဖြစ်လာလိမ့်မည်။” နေ့စဉ်ဖြစ်ပျက် ခဲ့ပြီးသောအဖြစ်အပျက်များသည် နှုတ်ကပတ်တရားစကားပြည့်စုံလာခြင်းကို သက်သေခံပေးနေပါသည်။ ကမ္ဘာကြီးသည် ပျက်စီးခြင်းသို့အလျင်အမြန် ချဉ်းကပ်လျက်ရှိပါသည်။ မကြာမီတွင် ထာဝရဘုရားသခင်၏တရားစီရင်ခြင်း သည် ကျရောက်လာကာ အပြစ်နှင့်တကွ အပြစ်သားများသည် လောင်ကျွမ်း ပျက်စီးကုန်ကြပေတော့မည်။ (ChS 56.1) ChSBur 87.2