Go to full page →

သေလောက်အောင်မှားသည့် အမှားတစ်ခု ChSBur 108

ဝိညာဉ်ကယ်တင်ခြင်းအလုပ်သည် .. သာသနာပြုခြင်းအပေါ်၌သာ တည်သည်ဟု အထင်ရောက်နေပါလျှင် မဟာအမှားကြီးတစ်ခုဖြစ်၏။ စပျစ် ဥယျာဉ်သခင်က ဝိညာဉ်များအတွက် ဝန်တင်ခံရသူဟူ၍ စိတ်နှိမ့်ချခြင်း၊ ဆက်ကပ်မြှုပ်နှံခြင်းရှိသူ၊ ယုံကြည်သူကို သခင်ဘုရားသည် ခေါ်ယူ၍ တာဝန် ကြီးကြီးမားမားပေးအပ်ထားခံရခြင်းနှင့်အတူ လူအများ၏အားပေးခြင်းကို ခံထိုက် သည်ဟု မှတ်ယူရမည်။ ဘုရားသခင်၏အသင်းတော်၌ ခေါင်းဆောင်များ အဖြစ် ရပ်တည်နေကြသူများသည် ကိုယ်တော်၏နာမ၌ ယုံကြည်ခြင်းရှိသူ များအား ကယ်တင်ရှင်၏မဟာအမှုတော်မြတ်ကို အပ်နှင်းတော်မူကြောင်း သိမှတ်ထားရမည်။ ဘုရားသခင်သည် လက်တင်ရသင်းအုပ်ဆရာအဖြစ် ရည်ညွှန်းမထားသောလူများစွာကို ကိုယ်တော်၏စပျစ်ဥယျာဉ်အထဲသို့စေလွှတ် တော်မူလိမ့်မည်။ (ChS 68.5) ChSBur 108.4

သင်းအုပ်ခေါင်းဆောင်များသည် ဝန်ထုပ်အကုန်ထမ်း၍ အမှုတော် အားလုံးကို သူတို့သာလုပ်ရမည်ဆိုသောအယူအဆသည် မဟာအမှားကြီး ဖြစ်ပေ၏။ အလုပ်ပိ၊ စိတ်ပျက်လူပန်းကျ၍ သူတို့အမြန်သေသွားနိုင်ပါသည်။ သခင်ဘုရားပုံစံချပေးထားသည့်အတိုင်း တာဝန်များခွဲဝေလုပ်ကိုင်လာကြသော် သူတို့အသက်ရှည်၍ ကျန်းမာကြလိမ့်မည်။ တာဝန်များကို ခွဲဝေချထားပေး ရမည်။ ခရစ်တော်နောက်သို့လိုက်စေရန်နှင့် သခင်ဘုရားပြုတော်မူသည့်အတိုင်း လိုက်လျှောက်နိုင်ရန် အပေါင်းအသင်းများအား သွန်သင်ပေးနိုင်ကြသူတို့သည် အသင်းတော်ရှိယုံကြည်သူများအား သင်တန်းပေးသွားရမည်။ (ChS 68.6) ChSBur 109.1

ခေါင်းဆောင်သင်းအုပ်များသည် ဟောပြောခြင်းအလုပ်၊ ဝန်ထမ်းခြင်း အလုပ်၊ ဆုတောင်းခြင်းအလုပ် အလုပ်အားလုံးသည် သူတို့၌သာ တာဝန်ရှိ သည်ဟု မခံယူသင့်ပါ။ အသင်းတော်အားလုံး၌ အထောက်အကူပြုသူများကို သွန်သင်ပေးကြရမည်။ အသင်းသားတစ်ယောက်ယောက်အား အစည်းအဝေး များကိုဦးဆောင်ရန် တာဝန်ပေးအပ်ခြင်း၊ အခြားတစ်ဦးဦးကို ကျမ်းစာဖတ် စေခြင်းစသည်ဖြင့် ပြုစေပါက ထိုသူများသည် ဘုရားသခင်ပေးအပ်ထားသည့် ပင်ကိုယ်စွမ်းအင်ရှိကြသည်အတိုင်း အသုံးတော်ခံရန် ခေါ်ယူတော်မူခြင်းခံကြ ရလိမ့်မည်။ တစ်ချိန်တည်း၌ပင် အသင်းတော်အတွက် အမှုဆောင်များအား သင်တန်းပေးခြင်းလည်းဖြစ်စေပါသည်။(ChS 69.1) ChSBur 109.2

သင်းအုပ်တို့သည် အသင်းတော်မှလုပ်ရမည့်အလုပ်များကို ဝင်မလုပ် သင့်ကြပါ။ ဝင်လုပ်ပါက သူတို့ကိုယ်၌ စိတ်ပန်းလူပန်းကျခြင်းနှင့်တကွ အခြားသူများ၏တာဝန်ယူပါဝင်မှုကို တားဆီးနေခြင်းဖြစ်လာမည်။ သင်းအုပ် တို့သည် အသင်းသူ/အသင်းသားများအား အသင်းတော်ထဲနှင့်ရပ်ကွက်တွင်း၌ မည်သို့နေထိုင်လုပ်ကိုင်သင့်ကြသည်များကို သွန်သင်ပေးကြရမည်။ (ChS 69.2) ChSBur 109.3

ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မယုံကြည်သူများအား ပြောပြရန် ကြိုးစား အားထုတ်နေကြရာတွင် အသင်းသူ/အသင်းသားများသည် မကြာမကြာ နောက်ဆုတ်နေတတ်ကြပြီး ထိုအုပ်စု၌ သူတို့စိတ်ပါဝင်စားခြင်းမရှိကြောင်းနှင့် သင်းအုပ်တစ်ဦးတည်းအပေါ်၌သာ တာဝန်ရှိစေရအောင် လွှဲပစ်ထားတတ် ကြ၏။ ဤအကြောင်းကြောင့် ကျွန်ုပ်တို့အထဲတွင် အကောင်းဆုံးလုပ်ဆောင် နိုင်ကြသူသင်းအုပ်များ၏လုပ်ဆောင်မှုသည် အချိန်နှင့်အမျှ ကောင်းကျိုးအနည်း ငယ်သာထွက်တတ်ပါသည်။ (ChS 69.3) ChSBur 110.1