သင်းအုပ်များသည် အသင်းတော်ရှိ အသင်းသားများကို အကောင်း ဆုံးအကူအညီပေးနိုင်သည့်အရာမှာ ဒေသနာဟောပြောချက်များမဟုတ်ပါ။ ထိုသူတို့အတွက် စီမံချက်ရေးဆွဲထားခြင်းဖြစ်သည်။ အသင်းသားအားလုံးကို သူတို့၌ ခရစ်တော်၏ကျေးဇူးတော်ခံစားရသည်ဖြစ်၍ အခြားသူများအား တစ်စုံ တစ်ရာလုပ်ကိုင်ပေးကြရန် တစ်ခုခုရေးဆွဲပေးထားရမည်။ ခရစ်တော်၏ကျေးဇူး ခံစားရသူများက ကိုယ်တော်အတွက် အမှုဆောင်ရွက်ရန် သူတို့၌တာဝန်ရှိ ကြောင်းကို လူတိုင်းမြင်ရစေဖို့ အကူအညီပေးပါ။ လူတိုင်းသည် သူတို့ဘယ်လို လုပ်ဆောင်ရမည်ကိုလည်း သူတို့အား သွန်သင်ပေးကြပါ။ အထူးသဖြင့် ယုံကြည်ခြင်းသို့အသစ်ဝင်ရောက်လာကြသူများအား ဘုရားသခင်နှင့်အတူတကွ အမှုဆောင်တတ်ကြရန် သင်တန်းပေးကြရမည်။ (ChS 69.4) ChSBur 110.2
သင်းအုပ်များတို့ ခရစ်တော်မရကြသေးသူတို့အတွက် ယုံကြည်သူ များက ပုဂ္ဂိုလ်ရေးအရ ဝင်ရောက်လုပ်ကိုင်ပေးကြရန်နှင့် သမ္မာတရားသတင်း ကောင်းဟောပြောသွန်သင်ပေးကြပါ။ ထိုသူများအား ဖြစ်နိုင်သမျှနည်းအမျိုး မျိုးဖြင့် အားပေးကြရန် ကိုယ်တိုင်ကြိုးပမ်းအားထုတ်ကြပါ။ (ChS 69.5) ChSBur 110.3
ခေါင်းဆောင်သင်းအုပ်များသည် အသင်းတော်ရှိအသင်းသားများအား ဝိညာဉ်ရေး၌ ကြီးထွားလာစေဖို့ သွန်သင်ပေးကြပါ။ သူတို့အပေါ်၌ ဘုရား သခင်တင်သောဝန်ကို သူတို့ကိုယ်တိုင်ထမ်းဆောင်ကြရမည်။ ထိုဝန်သည် ပျောက်ဆုံးဝိညာဉ်များသမ္မာတရားလမ်းသို့ရောက်လာစေဖို့ လုပ်ကြရမည့် တာဝန်ဖြစ်၏။ ယင်းတာဝန်ကို ပြည့်မီအောင်မဆောင်ရွက်နိုင်ကြသူများထံ ဝင်ရောက်ပြီး သူတို့နှင့်အတူ ဆုတောင်းခြင်း၊ ဝိုင်းကူတာဝန်ထမ်းခြင်းဖြင့် ကူညီပေးကြရမည်။ သင်းအုပ်များအပေါ်၌ မှီခိုနေကြဖို့သက်သက်လူတွေကို ရောက်မလာပါစေနှင့်။ သူတို့အနီးဝန်းကျင်ရှိလူတွေကို သမ္မာတရားအလင်း ပြပေးဖို့ သူတို့၌အစွမ်းအစရှိကြောင်း သင်းအုပ်များက သွန်သင်ပြောပြထား ရမည်။ ယင်းသို့သာလုပ်ကိုင်သွားကြပါလျှင် ကောင်းကင်တမန်များ၏ ပူးပေါင်း ပါဝင်မှုကို သူတို့တစ်တွေမြင်ကြရ၍ သူတို့၏ယုံကြည်ခြင်းသည်လည်း တိုးတက်လာသည့်အတွေ့အကြုံရလိုက်ခြင်းနှင့်အတူ ဘုရားသခင်၌ ရဲရင့်စွာ အမှုဆောင်နိုင်ခြင်းကိုလည်း ရကြလိမ့်မည်။ (ChS 69.6) ChSBur 111.1
ယုံကြည်ခြင်းသို့ရောက်လာကြသူအချို့ကို ရလိုက်ပြီးသည့်အခါ သင်းအုပ်တစ်ယောက်အနေဖြင့် လုပ်ဆောင်ရာ၌ မယုံကြည်သူအမြောက်အမြား ပြောင်းလဲရောက်ရှိလာဖို့ ပထမနေရာထားမရှာဖွေသင့်ပါ။ အသင်းသားများ ကိုပူးပေါင်းပါဝင်လုပ်ဆောင်ကြရန် လက်ခံလာနိုင်အောင် လေ့ကျင့်သင်တန်း ပေးနေရမည်။ တစ်ဦးချင်းစီက သူတို့လုပ်ရမည့်အလုပ်ကို သူတို့လုပ်ဆောင် ကြပါစေ။ သူတို့ကိုယ်တိုင်ကလည်း လေးလေးနက်နက်အတွေ့ အကြုံရစေဖို့ သူတစ်ပါးအတွက် ဝန်ဆောင်တတ်ဖို့ ရှာဖွေကြိုးပမ်းလုပ်ကိုင်စေရန် တွန်းအား ပေးကြရမည်။ သူတို့သည် သူတို့၏ဆုတောင်းခြင်း၊ ဝန်ဆောင်လုပ်ကိုင်ခြင်း အားဖြင့် သင်းအုပ်ကိုအထောက်အကူပြုစေရန် စီစဉ်ပေးနိုင်ခဲ့လျှင် သင်းအုပ် ၏ကြိုးပမ်းဆောင်ရွက်မှုသည် ကြီးစွာအောင်မြင်ရလိမ့်မည်တည်း။ (ChS 70.1) ChSBur 111.2
တစ်နည်းအားဖြင့်ဆိုရလျှင် သင်းအုပ်သည် အလုပ်သမားဂိုဏ်းတစ်ခု ကိုကြီးကြပ်သူ (သို့မဟုတ်) သင်္ဘောသားများ၏မာလိန်မှူးတစ်ယောက်ကဲ့သို့ အလားတူအဆင့်တစ်ခုကို ကိုင်စွဲထားရသူတစ်ယောက်ဖြစ်ပါသည်။ ထိုသူ သည် သူတာဝန်ချပေးထားသောသူ့အလုပ်သမားများကို ကြီးကြပ်၍ သူတို့ မှန်မှန်ကန်ကန်နှင့်မြန်မြန်ဆန်ဆန်အလုပ်လုပ်ကြဖို့ စစ်ဆေးနေရပါမည်။ အရေးပေါ်ကိစ္စပေါ်ပေါက်လာသောအခါကျမှသာလျှင် အသေးစိတ်ကို တိတိ ကျကျသူကိုယ်တိုင်ဝင်ရောက်လုပ်ကိုင်ပေးရပါမည်။ တစ်ခါက စက်ရုံကြီးကြပ် ရေးမှူးတစ်ယောက်သည် စက်ရုံလှည်းဘီးကြီးကျင်းထဲ၌ ပြင်ဆင်စရာအနည်းငယ် ကိုတစ်ယောက်တည်းဆင်း၍ ပြင်ဆင်နေသည်ကိုတွေ့ ရပြီး နံဘေး၌ အလုပ် သမားခြောက်ယောက်က အလုပ်မလုပ်ဘဲ ဝိုင်းကြည့်နေသည်ကိုလည်း မြင်လိုက်ရသောအခါ စက်ရုံပိုင်ရှင်ကြီးက အဖြစ်သနစ်ကို လေ့လာဆင်ခြင် ပြီးနောက် ထိုကြီးကြပ်ရေးမှူးအပေါ်မှာ မတရားဆုံးဖြတ်ရာလည်းမကျရလေ အောင် ထိုသူကိုသူ့ရုံးခန်းသို့ခေါ်ယူပြီး လစာအပြည့်ထုတ်ပေး၍ ကြီးကြပ် ရေးမှူးအလုပ်မှရပ်စဲလိုက်ပါသည်။ ကြီးကြပ်ရေးမှူးက တအံ့တသြဖြစ်ပြီး မေးခွန်းမေးလိုက်မိသည်။ စက်ရုံပိုင်ရှင်ကြီးက ဤသို့ပြန်ဖြေခဲ့သည်။ “လူခြောက်ယောက်ကို အလုပ်လုပ်နေစေဖို့၊ ကြီးကြပ်ဖို့ခင်ဗျားကို ခန့်ထား တာ။ အခုလူခြောက်ယောက်အလုပ်မလုပ်ဘဲ ရပ်ကြည့်နေကြတယ်။ ခင်ဗျား လုပ်နေတဲ့အလုပ်ကို သူတို့ခြောက်ယောက်ထဲက တစ်ယောက်ယောက်ကလည်း လုပ်နိုင်ရမယ်။ ဟိုလူခြောက်ယောက်ကို အလုပ်မလုပ်စေဘဲ ရပ်ကြည့်ခိုင်း ထားပြီး သင်ပေးနေရအောင် ခင်ဗျားအပါအဝင်လူခုနစ်ယောက်အတွက် လခ ပေးဖို့ကျုပ်မတတ်နိုင်ဘူးဗျ” ဟူ၍ဖြစ်၏။ (ChS 70.2) ChSBur 111.3
ဤအဖြစ်အပျက်သည် အချို့ကိစ္စရပ်များ၌ အသုံးဝင်မည်ဖြစ်သော် လည်း အမြဲတမ်းတော့မဆိုနိုင်ပါ။ သို့သော်လည်း ခေါင်းဆောင်သင်းအုပ် ဆရာများစွာသည် ဘယ်လိုဖြေရှင်းရမည်မသိ၊ ဘယ်လိုကြိုးစားဆောင်ရွက်ရမည် မသိနှင့် အသင်းတော်ရှိဌာနခွဲအမျိုးမျိုးအထွေထွေထဲသို့ အချိန်ပြည့်အသင်းသူ/ အသင်းသားများတက်တက်ကြွကြွပါဝင်လုပ်ကိုင်လာစေဖို့ မစွမ်းဆောင်နိုင်ကြ ပါချေ။ အကယ်၍သာ ခေါင်းဆောင်သင်းအုပ်များသည် သူတို့၏သိုးတော် စုကိုအမှုတော်ခွင်ထဲ၌ တက်ကြွစွာပါဝင်လုပ်ကိုင်လာစေရန် ပို၍ဂရုတစိုက် ထိန်းသိမ်းပြုစုပေးသွားနိုင်မည်ဆိုပါက ပိုကောင်းသောအမှုဆောင်ချက်များကို ပြီးမြောက်လာစေမည့်အပြင် သူသည်လည်း ကျမ်းစာလေ့လာခြင်းနှင့် ဘာသာ ရေးဝတ်ကို ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်သောကြောင့် အသင်းတော်အထဲ၌လည်း အုပ်စုစွဲနှင့်ကွဲပြားခြင်းကို ရှောင်ရှားနိုင်ပါလိမ့်မည်။ (ChS 70.3) ChSBur 112.1