တမန်တော်ပေါလုသည် သူအမှုဆောင်ခြင်းအားဖြင့် ပြောင်းလဲ လာသူများ၏ ဝိညာဉ်ရေးရာတိုက်ပွဲအတွက် သူ၌အလွန်ကျယ်ပြန့်သောတာဝန် ကြီးတစ်ရပ်ရှိနေသည်ဟူ၍ ခံယူခဲ့သည်။ ထိုသူတို့အတွက် သူ၏ဆန္ဒသည် တစ်ဆူတည်းမှန်သောဘုရားသခင်နှင့် စေလွှတ်တော်မူသောယေရှုခရစ်တော်ကို သိကျွမ်းခြင်း၌ သူတို့တိုးတက်လာစေဖို့ဖြစ်သည်။ ပေါလုသည် သူ၏သာသနာ နယ်မြေ၌ရှိစဉ်အခါ ယေရှုကိုချစ်ကြသူလုပ်ဖေါ်ကိုင်ဖက်အမျိုးသား၊ အမျိုးသမီး အနည်းငယ်တို့နှင့် အတူတကွမကြာမကြာဆုတောင်းဝတ်ပြု၍ ကိုယ်တော်နှင့် အတူ ဆက်သွယ်အသက်ရှင်နေထိုင်သွားနိုင်ရန်လည်း မည်သို့စောင့်ထိန်းရ မည်ကို သွန်သင်ပေးပါမည့်အကြောင်း ဆုတောင်းခဲ့ကြပါသည်။ မကြာခဏ ဆိုသလိုလည်း ထိုသူတို့သည် သူတစ်ပါးတို့အား ဧဝံဂေလိသမ္မာတရားအလင်း ကိုအကောင်းဆုံးမည်သို့သွန်သင်ပေးရမည့်အကြောင်း အကြံပေးဆွေးနွေးပေး ခဲ့ပါသည်။ ထို့အပြင် သူတာဝန်ယူပြုစုခဲ့သူများနှင့် ခွဲခွာသွားရသောအခါ၌ ထိုသူတို့သည် မကောင်းမှုဒုစရိုက်မှကင်းစင်၍ ရိုးသားကြိုးစားနေထိုင်ပြီး မစ်ရှင်အလုပ်ကိုတက်ကြွစွာလုပ်ကိုင်လာစေရန် ဘုရားသခင်ထံ မကြာမကြာ ပေါလုဆုတောင်းပေးနေခဲ့ပါသည်။ (ChS 71.1) ChSBur 113.1
-o-