ခရစ်ယာန်အုပ်စုများသည် ဘုရားတရားမရှိသူများဆီသို့ သာသနာ ပြုဝင်ရောက်ကြိုးပမ်းခြင်းအောင်မြင်ရန် ဖြစ်နိုင်ချေများကို ဆွေးနွေးကြစဉ် ဝယ်လင်တန်မြို့စားကြီးသည် တစ်ချိန်တစ်ခါပါဝင်ဆွေးနွေးခဲ့ပါသည်။ တက်ရောက်ခဲ့ကြသူများကလည်း ယင်းကြိုးပမ်းမှုပြုရာ၌ အောင်မြင်ခြင်းရဖို့ အတွက် ညီမျှသောကုန်ကျစရိတ်တစ်ရပ်ကို မြို့စားကြီးအမိန့်ချမှတ်ရေးပေးဖို့ လိုအပ်ကြောင်း တောင်းဆိုခဲ့ကြသည်။ ထိုစဉ်စစ်သားအိုတစ်ဦးထပြောလိုက် သည်။ “လူကြီးမင်းများခင်ဗျား၊ သင်တို့ချီတက်မိန့်ကြားကြသလား။ အောင်မြင် ခြင်းဆိုတာ ဒီနေရာမှာမေးခွန်းထုတ်ဆွေးနွေးဖို့မဟုတ်ပါဘူး။ ကျွန်ုပ်တို့ဟာ ချီတက်မိန့် ရလိုက်ပြီဆိုတာနဲ့ ပြေးတက်လိုက်ဖို့ပါပဲ။ “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတတရားကိုဟောကြားကြလော့” တဲ့ လူကြီးမင်းများခင်ဗျား။ ချီတက် မိန့်ကို သင်တို့နာခံကြပါ။ (ChS 77.3) ChSBur 122.1