စိုင်“ထာဝရဘုရား၏နေ့ကြီးနီးပြီ။ အလျင်အမြန်လာ၏” (ဇေဖနိ ၁း၁၄)။ ဧဝံဂေလိသတင်းကောင်းတည်းဟူသောခြေနင်းကို ကျွန်ုပ်တို့စီး၍ သတိပေး ချက်ရသည်နှင့်တစ်ပြိုင်နက် ချီတက်ဖို့အဆင်သင့်ရှိနေကြရပါမည်။ (ChS 78.1) ChSBur 122.2
အသင်းသူ/အသင်းသားများခင်ဗျား၊ သခင်ဘုရား၏အမိန့်တော်ကို နာခံကြရန် လှုပ်ရှားမှုအနှံ့အပြားရောက်သွားစေဖို့ အမြဲအဆင်သင့်ရှိနေကြပါ။ အလုပ်ပြီးစီးအောင် လုပ်ဆောင်စရာကျွန်ုပ်တို့တွေ့ရသည့်အခါတိုင်း သခင်ယေရှု ကို စေ့စေ့မျှော်ကြည့်လျက် အလုပ်ကိုယူတင်ရွက်ဆောင်ကြမည်။ အကယ်၍သာ အသင်းတော်အထဲမှ အသင်းသားများသည် ရှင်သန်သောသာသနာပြုစိတ် ရှိကြပါလျှင် နိုင်ငံတိုင်း၊ လူတိုင်း၊ လူအမျိုးမျိုးနှင့်ဘာသာစကားအမျိုးမျိုး ပြောသူတိုင်းဆီသို့ ဧဝံဂေလိသတင်းစကားကြွေးကြော်ခြင်းသည် လျင်မြန်စွာ ရောက်သွားပါလိမ့်မည်။ (ChS 78.2) ChSBur 123.1
ဤကမ္ဘာကြီး၏ သမိုင်းကြောင်း ကုန်ဆုံးလုနီးနေပြီ။ ကြီးသောအမှ တစ်ခုကျွန်ုပ်တို့အရှေ့၌ရှိနေသည်။ ဒုစရိုက်ပြုနေကြသောလောကကြီးအား နောက်ဆုံးသတိပေးသတင်းစကားပြောရန် တံခါးပိတ်အမှုတစ်ခုရှိနေသည်။ လယ်ထွန်နေကြသူများ၊ စပျစ်ခြံအလုပ်သမားများ၊ အခြားလုပ်ငန်းအမျိုးမျိုး ကိုလုပ်ကိုင်နေကြသူများအထဲက ရွေးနုတ်ခံကြရသောသူများသည် လောက ကြီးသို့ ဤနောက်ဆုံးသတင်းစကားပြောကြားကြရန် သခင်ဘုရားက သူတို့ ကိုရှေ့တန်းတင်စေလွှတ်နေပါသည်။ (ChS 78.3) ChSBur 123.2
မြေကြီးတစ်လျားတစ်နံတစ်လျှောက်လုံးဆီသို့ ခေါင်းလောင်းထိုး၍ နှိုးဆော်အသံပေးကြပါစို့။ သခင်ဘုရား၏နေ့ရက်ရောက်လုနီးပြီဖြစ်သောကြောင့် အလျင်အမြန်လာကြဟူ၍ လူတွေကိုပြောရမည်။ သတိပေးခြင်းမခံရသူ တစ်ယောက်မျှမကျန်စေရ။ ကျွန်ုပ်တို့သည် အမှားလုပ်နေကြသည့်သနားစရာ့ ဝိညာဉ်များစွာတို့၏ဒေသတွင်း၌ ရောက်နေနိုင်သည်။ လူရိုင်းတို့၏ဒေသ အထဲ၌လည်း ကျွန်ုပ်တို့ကိုနေရာချထားခဲ့နိုင်သည်။ သမ္မာတရား၏အဆိုအရ သူတစ်ပါးဆီက ကျွန်ုပ်တို့အခမဲ့ယူခဲ့ကြသည်ဖြစ်သောကြောင့် ထိုနည်းတူ အခြားသူများဆီသို့လည်း ဖြန့်ဝေပေးကြဖို့ ကျွန်ုပ်တို့အကြွေးတင်လျက်ရှိ၏ ။ (ChS 78.4) ChSBur 123.3
ကျွန်ုပ်၏ ညီအစ်ကိုညီအစ်မများတို့ခင်ဗျား၊ ကိုယ်ကျိုးရှာဖို့ မိမိအချိန် နှင့်ခွန်အားကို စိတ်စွဲလမ်းနေရန် အလွန်နောက်ကျလို့နေပါပြီ။ နောက်ဆုံး နေ့တွင် ကောင်းကင်ဘဏ္ဍာကင်းမဲ့နေခြင်း သင်၌မဖြစ်ပါစေနှင့်။ လက်ဝါး ကပ်တိုင်၏အောင်ပွဲဆီသို့ ချဉ်းကပ်ပါ။ ဝိညာဉ်များကိုလင်းစေရန် ရှာဖွေ ပါ။ သင့်အပေါင်းအသင်းတို့၏ကယ်တင်ခြင်းအတွက် လုပ်ဆောင်ပါ။ ထိုအခါ သင့်အမှုသည် မီးနှင့်စစ်၍ကျန်လိမ့်မည်။ (ChS 78.5) ChSBur 124.1
ဤသတင်းစကားကို စည်းမျဉ်းအပေါ် စည်းမျဉ်း၊ ပညတ်အပေါ် ပညတ်တို့ဖြင့် ကျွန်ုပ်တို့အမြန်ဟောပြောပေးရလိမ့်မည်။ လူတွေလည်း ဆုံးဖြတ် ချက်ကြီးမားစွာပြု၍ အနိုင်ရောက်လာလိမ့်မည်။ သူတို့တစ်တွေသည် သမ္မာ တရားကို နားလည်နိုင်သောအခွင့်အရေးရစေဖို့နှင့် မှန်သောဘက်သို့ သူတို့ ဉာဏ်ပညာသုံး၍ ရောက်လာကြဖို့ ကျွန်ုပ်တို့ဖြစ်စေလိုကြသည်မှာ ကျွန်ုပ်တို့ ၏တာဝန်ဖြစ်ပါ၏။ ဘုရားသခင်၏လူများသည် အမှုဆောင်ရာတွင် စမ်းသပ် အချိန်ကျန်ရှိနေသေးသည့်ကာလအတွင်း စိတ်အားထက်သန်စွာနှင့် ပညာသုံး ၍လုပ်ဆောင်ကြရန် ကိုယ်တော်ခေါ်ယူနေပါသည်။ (ChS 79.1) ChSBur 124.2
ပျောက်ဆုံးနေဖို့ ကျွန်ုပ်တို့၌ အချိန်မပေးနိုင်တော့ပါ။ နောက်ဆုံး အချိန်ရောက်လုနီးပြီ။ သမ္မာတရားဖြန့်ဝေခြင်းသည် တစ်နေရာမှတစ်နေရာ ဖြတ်သန်းလာခဲ့ရာ မကြာမီအန္တရာယ်သည် ညာဘက်၊ ဘယ်ဘက်တို့၌ ဝေ့လည်ဝန်းရံလာလိမ့်မည်။ အရာရာတိုင်းသည်လည်း သခင်ဘုရား၏သတင်း စကားပြောသူများ၏လမ်းကို တားဆီးရန် နေရာယူလာကြလိမ့်မည်။ ယခု သူတို့လုပ်လျှင် ဖြစ်နိုင်သေးသည့်ထိုအမှုကို ထိုအခါ၌ သူတို့ကိုမလုပ်နိုင်၊ မကိုင်နိုင်ဖြစ်သွားစေလိမ့်မည်။ ကျွန်ုပ်တို့သည် မျှတစွာမျက်နှာရှာ၍ လုပ်ကိုင် တတ်ရမည်။ ဖြစ်နိုင်သမျှ အမြန်ဆုံးနှုန်းဖြင့် တက်ကြွသောတိုက်ပွဲဆီ၌ ရှေ့တိုးလုပ်နေရမည်။ ဘုရားသခင်ပေးသောဉာဏ်အလင်းဖြင့် ကျွန်ုပ်သိရသည် မှာ အမှောင်တန်ခိုးသည် အောက်ခြေမှပြင်းထန်သောအားနှင့် တွန်းနေသည်။ စာတန်သည် သူခိုးခြေလှမ်းဖြင့် ယခုအိပ်ပျော်နေသူများအနီးအပါးသို့ ချဉ်းကပ် လာနေသည်မှာ မြေခွေးတစ်ကောင်သည် သားကောင်ချောင်းနေသည်နှင့်တူ ပါ၏။ ကျွန်ုပ်တို့ပေးနိုင်သောသတိပေးချက် ကျွန်ုပ်တို့၌ယခုရှိသည်။ လုပ်နိုင် သည့်အလုပ်လည်း ကျွန်ုပ်တို့၌ယခုရှိနေသည်။ သို့သော် မကြာမီ ကျွန်ုပ်တို့ တွေးထင်သည်ထက် ပိုမိုခက်ခဲခြင်းရောက်လာလိမ့်မည်။ အလင်းရောင် လမ်းကြောင်းအတွင်းမှာ ကျွန်ုပ်တို့ကိုထိန်းထားပေးဖို့ ဘုရားသခင်ကျွန်ုပ်တို့ အား ကူညီမစတော်မူပါ။ ကျွန်ုပ်တို့၏သခင်ဘုရားယေရှုကို မြဲစွာစေ့စေ့ဆင်ခြင် ကြည့်ရှုပြီး လုပ်ဆောင်နိုင်ရန်လည်း ပြသတော်မူပါ။ အောင်မြင်ခြင်းကိုရဖို့ရာ ကျွန်ုပ်တို့သည် စိတ်ရှည်ခြင်း၊ သည်းခံနိုင်ခြင်းတို့ဖြင့် အရောက်ခေါ်တော် မူပါဘုရားသခင်။ (ChS 79.2) ChSBur 124.3
အန္တရာယ်သည် နှောင့်နှေးနေသေး၏။ သင်တွေ့ရနိုင်သည်မှာ ဝိညာဉ် တစ်ခု၊ ထိုသူကိုပင် သင်သည် ကျမ်းစာဖွင့်ပြပေးနိုင်ပါသော်လည်း သင် လက်လှမ်းမရောက်နိုင်သေးပြီ။ စာတန်သည် ထိုသူ၏ခြေလှမ်းကို ဖမ်းမိရန် ပိုက်ကွန်ဖြန့်ကြက်ထားခဲ့သည်။ နောက်တစ်နေ့မှာ ထိုသူသည် ဘုရားသခင့် ရန်သူကြီး၏အကြံအစည်အောက်သို့ ကျရောက်သွားရလေပြီ။ တစ်ရက်လောက် ကိုဘာကြောင့်နှောင့်နှေးနေရသလဲ။ ဘာကြောင့် ချက်ချင်းသွားရောက်အမှု မဆောင်ကြပါသလဲ။ (ChS 79.3) ChSBur 125.1
သတိဝီရိယရှိခြင်းနှင့် သစ္စာတရားသည် အသက်အရွယ်တိုင်းရှိ ခရစ်တော်၏နောက်လိုက်များ၌ ရှိရမည့်လိုအပ်ချက်ဖြစ်သည်။ သို့ရာတွင် ယခုအခါ ထာဝရကမ္ဘာကြီး၏အစွန်ဆုံးအဖျားတွင် ကျွန်ုပ်တို့ရပ်တည်နေကြ ရပြီ။ သမ္မာတရားကို ဆုပ်ကိုင်ထားလျက် အလင်းကြီးကိုလည်းရ၍ အရေး ကြီးသောအမှုတော်မြတ်တစ်ရပ်အတွက် ကြိုးစားမှုဝီရိယနှစ်ဆသည် ကျွန်ုပ် တို့၌ထားရှိရမည်။ လူတိုင်းသည် သူ့အစွမ်းကို အားကုန်သုံး၍ အလုပ်လုပ် ကြရမည်။ ညီအစ်ကိုတို့၊ ယခုသင်နောက်ဆုတ်သွားလျှင် သင်၏ကိုယ်ပိုင် ကယ်တင်ခြင်းကို အန္တရာယ်ပေးနေလေပြီ။ ဘုရားသခင်သည် သင့်အတွက် ချမှတ်ပေးထားသည့်အလုပ်ကိုလုပ်ရန် သင်သည့် ပျက်ကွက်လျှင် ရှင်းပြပေး ဖို့သင့်ကိုခေါ်ယူလိမ့်မည်။ (ChS 79.4) ChSBur 125.2