ထာဝရကမ္ဘာကို ကျွန်ုပ်တို့ရှေ့မှာဖြန့်ကြဲထားသည်။ ခန်းဆီးလိုက်ကာ ကိုဆွဲတင်ရန် အသင့်ဖြစ်နေပြီ။ ကျွန်ုပ်တို့ဘာကိုတွေးနေသလဲ။ သက်သောင့် သက်သာတစ်ကိုယ်ကောင်းဆန်တဲ့အတ္တကို တွယ်ဖက်နေသလား။ ကျွန်ုပ်တို့ ပတ်ပတ်လည်မှာ အသက်ဝိညာဉ်တွေပျက်စီးနေသည်ကို မမြင်လေသလော။ (ChS 80.1) ChSBur 126.1
ကျွန်ုပ်တို့၏နှလုံးသားများသည် လုံးလုံးလျားလျားထိုင်းမှိုင်းနေပါ သလား။ (ChS 80.2) ChSBur 126.2
သူတစ်ပါးအတွက် ကျွန်ုပ်တို့အမှုဆောင်ပေးရမည်ကို ကျွန်ုပ်တို့ မမြင်နိုင်၊ သဘောမပေါက်နိုင်ဖြစ်နေကြပါသလား။ (ChS 80.3) ChSBur 126.3
ကျွန်ုပ်၏ညီအစ်ကို၊ ညီအစ်မများတို့၊- သင်တို့သည် မျက်စိရှိလျက် နှင့်မမြင်၊ နားရှိလျက်နှင့်မကြားသောအမျိုးဖြစ်နေကြပါသလား။ (ChS 80.4) ChSBur 126.4
မူဆင် ဘုရားသခင်အလိုတော်ကို သိသောဉာဏ်သင့်အားပေးထားသည်မှာ အသုံးမကျဖြစ်နေသလား။ (ChS 80.5) ChSBur 126.5
ဦးဝရှိပါ နောက်ဆုံးနေ့ရောက်လုနီးပြီဆိုသည့်အကြောင်းကို သတိပေးခြင်း၊ ထပ်ဆင့်သတိပေးခြင်းဖြင့် သင့်ကိုပြောခိုင်းထားသည်မှာ သင့်အတွက် အသုံး မကျဖြစ်နေပါသလား။ (ChS 80.6) ChSBur 126.6
ကမ္ဘာလောကကြီးအပေါ်သို့ ဖြစ်လာမည့်အကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်၏နှုတ်ကပတ်တော်ကြေညာခြင်းကို သင်ယုံကြည်မှုရှိပါသလား။ (ChS 80.7) ChSBur 126.7
ဘုရားသခင်၏တရားစီရင်ခြင်းသည် မြေကြီးပေါ်မှာ နေထိုင်ကြသူ အားလုံးအပေါ်သို့ကျရောက်မည်ကို သင်ယုံကြည်ပါသလား။ (ChS 80.8) ChSBur 126.8
ဒါဆိုရင်ဘယ်လိုလုပ်ပြီး သင်ဟာ သက်သောင့်သက်သာ၊ အမှု မထား၊ မလှုပ်မယှက်နေနေရပါသလဲ။ (ChS 80.9) ChSBur 126.9