ခရစ်တော်၏စစ်သည်တိုင်းသည် ကိုယ့်တာဝန်ကိုယ်ကျေပွန်ခဲ့သော် လည်းကောင်း၊ ဇိအုန်မြို့တံတိုင်းပေါ်၌ ကင်းစောင့်သူတိုင်းသည် မှန်သော အသံနှင့်ခရာမှုတ်ခဲ့သော်လည်းကောင်း၊ လောကကြီးသည် ဤသတိပေးသတင်း စကားကို မကြာမတင်ကပင် ကြားခဲ့ကြပေလိမ့်မည်။ သို့သော် အမှုတော်သည် နှစ်များစွာနောက်ကျကျန်နေ၏။ လူတွေအိပ်ပျော်နေကြစဉ်အခါကပင် စာတန် သည် ကျွန်ုပ်တို့ကိုကျော်ဖြတ်၍ ချီတက်သွားနှင့်ပြီ။ (ChS 86.2) ChSBur 137.1
ကျွန်ုပ်တို့အားပေးထားသောအလုပ်ကို ယခုပင်လုပ်ကြပါစို့။ လူယောက်ျား၊ လူမိန်းမအပေါင်းတို့အား သူတို့၌အန္တရာယ်ကျရောက်ပြီဆိုသည် ကို သိစေပြီး အိပ်ရာမှနိုးထကြရန် သတင်းစကားကြေညာပေးကြပါစို့။ အကယ် ၍သာ သတ္တမနေ့မြော်လင့်ခြင်းအသင်းတော်သည် သူ့အပေါ်၌ အပ်နှင်းထား သည့်အလုပ်ကို ပြီးစီးအောင်လုပ်နိုင်ခဲ့လျှင် ယုံကြည်သူအရေအတွက်သည် ဒီထက်ပိုများလာစရာအကြောင်းရှိပါသည်။ အမေရိကန်တိုင်းပြည်ရှိ မြို့အားလုံး ၌ ဤသတင်းစကားကို ဂရုတစိုက်ရှိကြသူများအားလုံးသည် ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်လာကြလိမ့်မည်။ (ChS 86.3) ChSBur 137.2
ဘုရားသခင်၏အကြံအစည်တော်အတိုင်း ကိုယ်တော်၏လူများက ကမ္ဘာလောကကြီးသို့ ကရုဏာထားသော ဤသတင်းစကားကို သယ်ဆောင် ပေးသွားကြနိုင်ပါ့မလားဆိုသော် ခရစ်တော်ပြုတော်မူလိမ့်မည်တည်း။ ဤအရာမတိုင်မီ မြေကြီးပေါ်သို့ကြွလာတော်မူခဲ့ပြီးသည်ဖြစ်၍ သန့်ရှင်းသူ များသည် ဘုရားသခင်၏မြို့တော်၌ ကြိုဆိုခြင်းကို ခံယူကြရလိမ့်မည်။ (ChS 86.4) ChSBur 137.3