ကမ္ဘာလောကကြီးသည် မစ်ရှင်သာသနာပြုများလိုအပ်နေသည်။ နေအိမ်၌ သာသနာပြုခြင်းဆက်ကပ်နစ်မြုပ်သူများလိုအပ်နေသည်။ မစ်ရှင် သာသနာပြုစိတ်မရှိကြသူခရစ်ယာန်တစ်ဦးတစ်ယောက်မျှ ကောင်းကင်ဘုံစာအုပ် ထဲမှာ စာရင်းသွင်းခံကြရလိမ့်မည်မဟုတ်။ (ChS 86.5) ChSBur 138.1
ဤအမှုတော်ကို ပုဂ္ဂိုလ်ရေးအနေဖြင့် မဆောင်ရွက်သောအသင်းတော် ၏အသင်းသားများသည် ဘုရားသခင်နှင့်အဆက်ရသောအသက်ရှင်ခြင်း သူတို့ ၌မရှိဟု သူတို့ပြောနေသည်နှင့်တူပါ၏။ သူတို့၏အမည်များကိုလည်း ပျင်းရိ သောအစေခံငယ်သားအဖြစ် စာရင်းသွင်းလိမ့်မည်။ (ChS 87.1) ChSBur 138.2
ဘာသာရေးလှုပ်ရှားမှုတိုင်း၌ လူအချို့သည် ဘုရားသခင်စေခိုင်းခြင်း အကြောင်းကို သူတို့မငြင်းပယ်သော်လည်း သူတို့ကိုယ်သူတို့တစ်သီးတခြားနေ နေတတ်ကြသေးသည်။ အကူအညီပေးရန် တစ်စုံတစ်ရာကြိုးစားလုပ်ပေးရမည်။ လုပ်ပေးရန်လည်း သူတို့ငြင်းဆန်နေတတ်ကြသည်။ ဤသို့ဖြစ်လျှင် ထိုကဲ့သို့ သောသူတစ်ဦးချင်းစီတိုင်းကို အမြင့်ဘုံ၌ စာရင်းပြုစုသောအခါ အမှတ်ရ လိုက်ကြပါမည်။ ယင်းစာအုပ်တွင် မြှုပ်ကွက်မရှိ၊ အမှားမှာရှိသည်ဖြစ်သော ကြောင့် သူတို့လုပ်ချက်များကို စီရင်ခြင်းသို့ ပစ်ချထားလိုက်ကြမည်။ ဘုရားသခင် အတွက် ဝန်ထမ်းရန် အခွင့်အရေးရှိလျက်နှင့် ဘေးဖယ်ချထားသူတိုင်းကို ထိုသို့မှတ်သားစာရင်းရှိပါ၏။ ထိုနည်းတူ ယုံကြည်ခြင်းနှင့်မေတ္တာပါသော လုပ်ဆောင်ချက်တိုင်းသည် ထာဝရအလိုငှါ အမှတ်ရလျက်ရှိနေပါသည်။ (ChS 87.2) ChSBur 138.3
၁၈၇၉ ခုနှစ်၊ အောက်တိုဘာ (၂၃) ရက်၏ နံနက်အချိန်နှစ်နာရီ လောက်တွင် ဘုရားသခင်၏ဝိညာဉ်တော်သည် ကျွန်ုပ်အပေါ်၌ နားလာ၏။ ကျွန်ုပ်သည်လည်း ရောက်လာမည့်စီရင်ခြင်းကို အာရုံခံမြင်လိုက်ရ၏။ ထောင်ပေါင်းဆယ်လီဆယ်ဂဏန်းရှိကြသောလူများသည် ကြီးသောပလ္လင်ရှေ့၌ စုရုံးရောက်နေကြပြီး ပလ္လင်ထက်၏အာနုဘော်တော်အရောင်နှင့် ပုဂ္ဂိုလ်တစ်ပါး ထိုင်နေသည်။ ထိုပုဂ္ဂိုလ်၏ရှေ့တွင် စာအုပ်တချို့တင်ထားသည်။ စာအုပ် တိုင်း၏အဖုံးပေါ်တွင် ရွှေစာလုံးနှင့် စာရေးသားထားသဖြင့် မီးစွယ်မီးညွန့် တောက်လောင်နေသည်နှင့်တူ၏။ “ကောင်းကင်ဘုံစာရင်းစာအုပ်” ဖြစ်၏။ ထိုစာအုပ်များအနက် စာအုပ်တစ်အုပ်တွင် သမ္မာတရားကို ယုံကြည်ပါသည်ဟု ပြောဆိုကြသောသူများ၏အမည်နာမများပါရှိသည်။ ထိုစာအုပ်ကိုဖွင့်ခဲ့ပြီး ချက်ချင်းဆိုသလိုပင် ပလ္လင်ရှေ့၌ မရေမတွက်နိုင်သောသန်းပေါင်းများစွာ သောလူများသည် ကျွန်ုပ်၏ မြင်ကွင်းမှ ပျောက်ဆုံးကုန်၏။ အလင်းနှင့် သမ္မာတရား၏သားသမီးများဖြစ်သည်ဟု ဝန်ခံပြောဆိုသောသူများကိုသာလျှင် ကျွန်ုပ်မြင်ရပါတော့သည်။ (ChS 87.3) ChSBur 138.4
အခြားစာအုပ်ကိုဖွင့်လိုက်ပြန်သည်။ ဤစာအုပ်အထဲတွင် အမှန်တရား ကိုဝန်ခံပြောဆိုသောသူတို့၏ဒုစရိုက်များကို ရေးသွင်းထားသည်။ အတ္တဆို သောယေဘုယျခေါင်းစဉ်အောက်၌ အခြားသောဒုစရိုက်များအားလုံးပါဝင်သည်။ အတန်းအစားတစ်ခုတွင် မြေကြီးလေးသူများအဖြစ် စာရင်းသွင်းထားသည်။ တရားသူကြီး၏စူးရှသောမျက်လုံးက သူတို့အပေါ်သို့ရောက်လေသော် သူတို့ မဆင်မခြင်ပြုခဲ့သောဒုစရိုက်များသည် သဲသဲကွဲကွဲပေါ်ထင်လာ၏။ ဖျော့တော့ တုန်ယင်သောနှုတ်ခမ်းနှင့် သူတို့အသိထဲသို့ ထိုးဖေါက်ဝင်ရောက်လာသည် မှာ သူတို့သည် သူတို့၏သန့်ရှင်းသောသခင်ကို သစ္စာဖေါက်ခဲ့လေပြီဆိုသည့် အကြောင်းပင်တည်း။ ထိုစဉ်က သူတို့သတိပေးခံခဲ့ရသည်။ အခွင့်အရေးလည်း အပေးခံခဲ့ရပါသည်။ သို့သော် သူတို့မနာယူသလို၊ တိုးတက်မှုလည်း လုပ်မပြ ခဲ့ကြချေ။ ဘုရားသခင်၏သနားခြင်းမေတ္တာတော်ကို သူတို့အလွန်ကြီးမှတ်ယူ ပြီးရောက်လာကြကြောင်း၊ ယခုအခါမှာသူတို့မြင်လိုက်ရ၏။ မှန်ပါ၏။ သူတို့ သည် မျက်နှာဖုံးအောက်၌ သူတို့၏အခြေခံပျက်စီးဖေါက်ပြန်နေခြင်းကို အပြစ် ဝန်ခံခြင်းမပြုခဲ့ကြပါ။ သင်္ဘောသဖန်းပင်ကဲ့သို့ သူတို့၌အကျိန်အမင်္ဂလာရှိလေ ပြီ။ အဘယ်ကြောင့်ဆိုသော် သူတို့အသီးမသီးခဲ့ကြပါ။ သူတို့ကိုစိတ်ချ၍ ပေးအပ်ခဲ့သောပင်ကိုယ်စွမ်းရည်ကိုလည်း သူတို့ထုတ်မသုံးခဲ့ကြပါ။ ဤအတန်း အစားသည် မိမိကိုယ်ကျိုးကိုသာဦးထိပ်ထားပြီး အတ္တဆန္ဒအတွက်သာ လုပ်ဆောင်ခဲ့ကြသည်။ သူတို့သည် ဘုရားသခင်ရှေ့၌ ချမ်းသာသူများမဟုတ် သူတို့အပေါ်၌ ကိုယ်တော်ရွက်ဆောင်စေလိုတော်မူသည်များကိုလည်း သူတို့တုံ့ပြန်မလုပ်ဆောင်ခဲ့ကြပါ။ ခရစ်တော်၏အစေခံများဖြစ်သည်ဟု သူတို့ ပြောဆိုခဲ့ကြသော်လည်း ကိုယ်တော်ထံ ဝိညာဉ်တစ်လုံးမျှ ယူတင်မပို့ပေးခဲ့ ကြပါ။ ဘုရားသခင်၏အမှုတော်သည် ထိုသူတို့လုပ်ကွက်အပေါ်၌သာ တည်နေရမည်ဆိုလျှင် အမှုတော်ကျဆင်းသွားမည်သာဖြစ်၏။ အဘယ်ကြောင့် ဆိုသော် သူတို့အပေါ်ဘုရားသခင်ချေးငှါးပေးထားသောအရာများအားလုံးကို ကိုင်ရုံကိုင်ထားကြသူများဖြစ်ကြ၏။ သူတို့ကိုယ်တိုင်သည်လည်း ရပ်တန့်နေ ခဲ့ကြသည်။ သခင်ဘုရား၏စပျစ်ခြံထဲသို့ အလုပ်ဝင်လုပ်ရန် သူတို့အခွင့် ရခဲ့ကြသည်။ စပျစ်ခြံထဲ၌ အားစိုက်လုပ်ဖို့ သူတို့တာဝန်ရှိသည်။ သို့သော် လည်း သူတို့သည် ကိုယ်ပိုင်လောကီရေးရာအမြတ်ရဖို့လောက်သာ တစ်ကိုယ် ကောင်းဆန်ဆန်အလုပ်လုပ်ခဲ့ကြသူများဖြစ်သည်။ (ChS 87.4) ChSBur 139.1
တရားသူကြီးအမိန့်ချပြီ။ “သူတို့ယုံကြည်ခဲ့သည်များကို တရားထင် ရှားစေရလိမ့်မည်။ သူတို့၏အကျင့်အားဖြင့် သူတို့ကိုစီရင်မည်။” ထိုသူတို့ ငြင်းပယ်ပစ်ခဲ့ခြင်းပေါ်လာသည်မှာ ကွက်ကွက်ကွင်းကွင်းထင်ရှားနေ၏။ ဘုရားသခင်၏အမှုတော်ကို တိုးမြှင့်ပြီး လုပ်ဖော်ကိုင်ဖက်များအား ကယ်တင် ပေးရန် လူသားတိုင်းကို အမှုဆောင်ကြဖို့ တာဝန်ပေးထားခဲ့သည့်ကိုယ်တော် ၏စီမံတော်မူချက်များသည် ဉာဏ်ပညာကြီးမြတ်ပေစွတကား။ လူတစ်ဦးချင်း စီတိုင်းသည် ဆင်းရဲသားကို သနားကြင်နာမှုပေးခြင်း၊ ဒဏ်ရာအနာရသူများ ကိုစာနာကူညီခြင်း၊ သာသနာပြုအလုပ်၌ပါဝင်ခြင်း၊ ကိုယ်တော်ကြံစည်သော အမှုတော်ကို ထောက်ပံ့ကူညီပေးခြင်းတို့အားဖြင့် မိမိ၏မိသားစုနှင့်အိမ်နီးချင်း မိတ်ဆွေများအထဲတွင် အသက်ရှင်နေသောယုံကြည်ခြင်းကို သရုပ်ဖော်ပြသ ကြရမည်။ သို့သော် (Meroz) မီရော့အမျိုးသည် သူတို့မလုပ်ဆောင်ခဲ့သည့် အပေါ်၌ ဘုရားသခင်၏အချိန်အမင်္ဂလာကျရောက်လို့နေလေပြီ။ ထိုသူတို့ သည် ဤဘဝ၌ အကျိုးကြီးစွာထွက်မည့် အလုပ်များကိုသာ လုပ်ကိုင်ရန် လိုလားခဲ့ကြသည်။ သူတို့၏အမည်များတစ်ဖက်၌ ကောင်းသောအမှုများလုပ်ခဲ့ သည့်စာရင်းရေးရန် စာတိုင်ထဲတွင် ဝမ်းနည်းဖွယ်ကွက်လပ်ဖြစ်နေရလေပြီ။ (ChS 88.1) ChSBur 140.1