Go to full page →

ကျွန်ုပ်တို့၏ဖခင်များ၌လိုအပ်သည်ထက်ကျွန်ုပ်တို့၌ပိုလိုအပ်သည် ChSBur 141

ကြီးစွာသောအလင်းသည် ကျွန်ုပ်တို့၏ဘိုးဘေးများအပေါ်၌ လင်းခဲ့ သည်ထက် ကျွန်ုပ်တို့အပေါ်မှာ ပိုမိုထွန်းလင်းနေပါ၏။ ဘိုးဘေးတို့နှင့်တူညီ သောအမှုတော်အတိုင်းအတာလောက်ကိုသာ ကျွန်ုပ်တို့သည် တင်ဆက်ပြီးစီး စေမည်ဆိုပါက ဘုရားသခင်ကို ဂုဏ်ပြုချီးမွမ်းသည်ဟု မဆိုနိုင်သေး။ သူတို့ နည်းတူ ကျွန်ုပ်တို့သည် ထာဝရဘုရား၏ကောင်းချီးမင်္ဂလာကို လက်ခံရရှိရန် သူတို့၏သစ္စာစောင့်သိမှုနှင့် စိတ်အားကြီးမှုကို ကျွန်ုပ်တို့အတုယူသင့်ကြပါ သည်။ ထိုသူတို့က သူတို့ရရှိသောအလင်းတရားကို တိုးတက်ပြသခဲ့သည့် နည်းတူ ကျွန်ုပ်တို့၏အလင်းကိုလည်း တိုးတက်ထွန်းလင်းစေရပါမည်။ ကျွန်ုပ် တို့အပေါ်ဝယ် ထွန်းလင်းပေးထားသောအလင်းတရားအောက်၌ ကျွန်ုပ်တို့ သည် လျှောက်လှမ်းနေကြရမည်။ သို့မဟုတ်လျှင် ထိုအလင်းသည် အမှောင် ဖြစ်သွားပါလိမ့်မည်။ (ChS 88.2) ChSBur 141.1